Africa & Middle East
အစ္စရေးပြည်သူလုထု သိန်းနှင့်ချီ လမ်းပေါ်ထွက်၍ ဂါဇာတွင် အပစ်အခတ်ရပ်စဲရန် တိုက်တွန်း

ဂျေရုဆလမ်၊ ဩဂုတ် ၁၈ ရက် (ဆင်ဟွာ)
အစ္စရေးနိုင်ငံတွင် ဩဂုတ် ၁၇ ရက်၌ ဆန္ဒပြလှုပ်ရှားမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့ပြီး သိန်းနှင့်ချီသော ပြည်သူလူထုသည် လမ်းပေါ်သို့ ထွက်ရှိကာ အစ္စရေးအစိုးရအနေဖြင့် ထိန်းသိမ်းခံထားရသူများ အားလုံးပြန်လည်လွတ်မြောက်ရန် ပါလက်စတိုင်း အစ္စလာမ်မစ်တော်လှန်ရေးလှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) နှင့် ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ဆောလျင်စွာရရှိရန် တိုက်တွန်းခဲ့သည်။
အစ္စရေးနိုင်ငံ အလယ်ပိုင်းမြို့ Tel Aviv တွင် လူပေါင်းသိန်းနှင့်ချီ၍ အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနအဆောက်အဦအနီးတစ်နေရာရှိ ရင်ပြင်နှင့် အနီးဝန်းကျင်လမ်းများတွင် စုဝေးခဲ့ကြသည်။ ဆန္ဒပြလူအုပ်စုကြီးသည် စာတန်းဘုတ်များနှင့် ဖမ်းဆီးခံထားရသူများ၏ ဓာတ်ပုံများကို မြင့်မြင့်ကိုင်မြှောက်ထားလျက် “စစ်ပွဲရပ်ပါ”၊ “သူတို့ကို ချက်ချင်းအိမ်ပြန်ခွင့်ပြုပါ” စသည့် ဆောင်ပုဒ်များ ကြွေးကြော်ခဲ့နေကြသည်ကို ဆင်ဟွာသတင်းထောက်က မြင်တွေ့ခဲ့ရသည်။
အစ္စရေးနိုင်ငံ နေရာအများအပြားမှ ပြည်သူများလည်း အဆိုပါနေ့က ဆန္ဒပြမှုကို တက်ကြွစွာ ပူးပေါင်းပါဝင်ခဲ့ကြသည်။ ဆန္ဒပြသူများသည် အစ္စရေးအလယ်ပိုင်းဒေသရှိ အဓိကလမ်းမကြီးအချို့ကို ပိတ်ဆို့ထားပြီး အချို့သောလမ်းများကိုမူ နှစ်ဘက်စလုံးမှ ပိတ်ဆို့ထားကြောင်း၊ ဆန္ဒပြသူများသည် ယာဉ်သွားလမ်းမကြီးများပေါ်တွင်လည်း မီးပုံများ ရှို့ထားကြကြောင်း၊ ရဲတပ်ဖွဲ့မှ ဖိအားမြင့်ရေပိုက် စသည့် စက်ကိရိယာများ အသုံးပြု၍ လမ်းပိတ်ဆို့ထားသူများကို ဖြိုခွင်းခဲ့ပြီး ဆန္ဒပြသူအများအပြားကို ဖမ်းဆီးခဲ့ကြောင်း လူမှုမီဒီယာတွင် ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေလျက်ရှိသော ဆန္ဒပြမှုဖြစ်ပွားရာ နေရာ၏ မှတ်တမ်းဗီဒီယိုများ၌ ဖော်ပြထားသည်။
ဤလှုပ်ရှားမှုကို ဖမ်းဆီးခံထားရသူများ၏ မိသားစုဝင်များအား ကိုယ်စားပြုသည့် အဖွဲ့တစ်ခုမှ စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း အစ္စရေး Haaretz သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။ “ဒီနေ့ဆန္ဒပြလှုပ်ရှားမှုက အစပဲရှိပါသေးတယ်။ အများပြည်သူတွေရဲ့ထောက်ခံမှုက ကျွန်မတို့ကို ခွန်အားဖြစ်စေပါတယ်။ အခုချိန်ကစပြီး “တိုက်ပွဲ” ကို အဆင့်မြှင့်တင်ဖို့ စီစဉ်ထားတယ်။ (ဖမ်းဆီးခံထားရတဲ့သူ) အားလုံး အိမ်ပြန်ရတဲ့အထိပေါ့။ ကျွန်မတို့မှာ အခြားရွေးချယ်စရာမရှိဘူး” ဟု ဖမ်းဆီးခံထားရသူ၏ မိသားစုဝင်အဖြစ် ရာဗီမီလန်က ထိုနေ့ လှုပ်ရှားမှုတွင် ပြောကြားခဲ့သည်။
အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ဟားမက်စ်နှင့် “အဆင့်ဆင့်ခွဲထားသော သဘောတူညီချက်” တစ်ရပ်ကို ဆွေးနွေးရန် ဆန္ဒရှိကြောင်း၊ ၎င်းနှင့် ဂါဇာကမ်းမြောင်ဒေသတွင် အပစ်အခတ်ရပ်စဲရေးရရှိစေမည့် “ဖမ်းဆီးခံထားရသူအချို့လွှတ်ပေးရေး သဘောတူညီချက်” ကို “ထည့်သွင်းစဉ်းစားရန် စီစဉ်ထားကြောင်း” အစ္စရေးမီဒီယာက ဩဂုတ် ၁၇ ရက်တွင် အစ္စရေးအဆင့်မြင့်အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ဖော်ပြခဲ့သည်။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်တွင် ဟားမက်စ်သည် ဂါဇာကမ်းမြောင်ဒေသမှ အစ္စရေးနယ်နိမိတ်အတွင်းရှိ စစ်ဘက်နှင့်အရပ်ဘက်ဆိုင်ရာ ပစ်မှတ်များကို ရုတ်တရက်တိုက်ခိုက်ခဲ့ရာ လူ ၁,၂၀၀ ဦးခန့်သေဆုံးကာ လူ ၂၅၀ ဦးခန့်ကို ဟားမက်စ် စသည့် ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ဝင်များက ဂါဇာကမ်းမြောင်ဒေသသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
ယင်းနောက် အစ္စရေးဘက်မှလည်း ဂါဇာကမ်းမြောင်ဒေသကို အကြီးစား စစ်ရေးလှုပ်ရှားမှုများ စတင်ခဲ့သည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ယခုအကြိမ် ပါလက်စတိုင်း-အစ္စရေးပဋိပက္ခ စတင် ဖြစ်ပွားချိန်မှစ၍ အစ္စရေး၏ ဂါဇာကမ်းမြောင်ဒေသ၌ ပြုလုပ်သော စစ်ရေးလှုပ်ရှားမှုများကြောင့် ပါလက်စတိုင်းသား ၆၀,၀၀၀ ကျော် သေဆုံးခဲ့ပြီဖြစ်ကြောင်း ဂါဇာကမ်းမြောင်ဒေသ ကျန်းမာရေးဝန်ကြီးဌာန၏ ဖော်ပြချက်အရ သိရသည်။ (Xinhua)
…………………………….
(Chinese Version)
以色列数十万民众走上街头呼吁加沙停火
新华社耶路撒冷8月17日电(记者路一凡 王卓伦)以色列17日爆发大规模游行示威活动,数十万民众走上街头,敦促以政府尽快与巴勒斯坦伊斯兰抵抗运动(哈马斯)达成加沙地带停火协议,让所有被扣押人员获释。
在以色列中部城市特拉维夫,数万人聚集在以色列国防部大楼附近的一处广场和周边街道。新华社记者看到示威人群高举标语牌和被扣押人员照片,怒喊“停止战争”“让他们立刻回家”等口号。
以色列多地民众也积极响应当天的抗议活动。社交媒体上广为传播的几段现场视频显示,示威者封锁了以色列中部地区的一些主干道,有的公路甚至被双向封锁。示威者还在车道上点燃火堆。警方利用高压水炮等设备驱散封锁道路者,并逮捕多名示威者。
据以色列《国土报》报道,该活动由一个代表被扣押人员家属的团体组织。作为被扣押人员家属,莉莎伊·拉维·米兰在当日的活动上说:“今天的抗议活动只是开始。公众的支持给了我们力量,我们计划从现在开始升级‘斗争’,直到所有(被扣押)人员都回家。我们别无选择。”
以媒体17日援引以高级官员的话说,以色列总理内塔尼亚胡愿与哈马斯讨论一项“分阶段协议”,“准备考虑”与其达成实现加沙地带停火的“部分被扣押人员获释协议”。
2023年10月7日,哈马斯从加沙地带突袭以色列境内军民目标,导致约1200人死亡,约250人被哈马斯等巴方武装人员带回加沙地带扣押。以色列随后对加沙地带发起大规模军事行动。加沙地带卫生部门说,自本轮巴以冲突2023年10月爆发以来,以色列在加沙地带的军事行动已造成超过6万名巴勒斯坦人死亡。(完)
图说:8月17日晚,人们在以色列中部城市特拉维夫的以色列国防部大楼附近参加游行示威活动。新华社记者 陈君清 摄