Connect with us

Asia

တောင်ကိုရီးယား မော်တော်ကားတင်ပို့မှု ဇူလိုင်တွင် နှစ်လဆက်တိုက် မြင့်တက်

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ Gangnamခရိုင်တွင် မောင်းသူမဲ့ အငှားယာဥ်တစ်စီး ပြသထားသည်ကို ၂၀၂၂ ခုနှစ် ဇွန် ၉ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ဆိုးလ်၊ ဩဂုတ် ၁၉ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ၏ မော်တော်ကားတင်ပို့မှုသည် ဥရောပနှင့် အာရှမှ ဝယ်လိုအားများပြားမှုကြောင့် နှစ်လ ဆက်တိုက် မြင့်တက်ခဲ့ကြောင်း သြဂုတ် ၁၉ ရက် အစိုးရမှထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။
မော်တော်ကားတင်ပို့မှုသည် ယခင်လတွင် ဂဏန်းတစ်လုံးစာ တိုးမြင့်ခဲ့ပြီးနောက် ဇူလိုင်လတွင် ယမန်နှစ် ကထက် ၈.၈ ရာခိုင်နှုန်းတိုးမြင့်ရရှိကာ အမေရိကန်ဒေါ်လာ ၅.၈၃ ဘီလီယံ ဖိုး ရှိခဲ့ကြောင်း ကုန်သွယ်‌ရေး၊ စက်မှုနှင့် စွမ်းအင် ဝန်ကြီးဌာန အဆိုအရ သိရသည်။
ယခုလို ဆက်တိုက်တိုးမြင့်လာမှုသည် သဘာဝပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေသည့် မော်တော်ယာဥ်များ ဝယ်ယူမှု များပြားခြင်းနှင့် ဥရောပနှင့် အာရှမှ ဝယ်လိုအားကောင်းခြင်းတို့ကြောင့် ဖြစ်ပြီး အမေရိကန်စည်းကြပ် ခွန် သတ်မှတ်မှုကြောင့် ယင်းနိုင်ငံ၏ဝယ်လိုအားလျော့နည်းသွားမှုကို ခုနှိမ်စေခဲ့သည်။
အမေရိကန်နိုင်ငံသို့ မော်တော်ကားတင်ပို့မှု ၄.၆ ရာခိုင်နှုန်းကျဆင်းကာ အမေရိကန်ဒေါ်လာ ၂.၃၃ ဘီလီယံဖိုးသာ ရှိခဲ့သော်လည်း ဥရောပသမဂ္ဂနှင့် အာရှသို့တင်ပို့မှု နှစ်ဆတက်လာခဲ့ခြင်းဖြစ်သည်။
ယမန်နှစ် အဆိုပါလ တင်ပို့မှုနှင့် နှိုင်းယှဥ်လျှင် ဇူလိုင်လတွင် သဘာဝပတ်ဝန်းကျင်နှင့်ကိုက်ညီသည့် ဆီဒင်ကား များ တင်ပို့မှု ၁၀.၇ ရာခိုင်နှုန်းတိုးကာ‌ ဒေါ်လာ ၂.၀၅ ဘီလီယံဖိုးရှိခဲ့သည်။
ဇူလိုင်လတွင် တင်ပို့ခဲ့သည့် မော်တော်ယာဥ်အစီးရေစုစုပေါင်း ၂၁၁,၈၅၄ စီးရှိပြီး ယမန်နှစ်ကထက် ၅.၈ ရာခိုင် နှုန်း မြင့်တက်ခဲ့သည်။ မော်တော်ယာဥ် အစိတ်အပိုင်းတင်ပို့မှုမှာမူ ၇.၂ ရာခိုင်နှုန်း လျော့ကျကာ ဒေါ်လာ ၁.၉၂ ဘီလီယံ ဖိုးရှိခဲ့သည်။
တစ်နှစ်တာအလိုက်ထုတ်လုပ်မှုအခြေခံလျှင် ပြည်တွင်းစက်ရုံများမှ မော်တော်ယာဥ် ထုတ်လုပ်မှုသည် ဇူလိုင်လ တွင် ၈.၇ ရာခိုင်နှုန်း တိုးမြင့်ကာ စုစုပေါင်းအစီးရေ ၃၁၆,၂၉၅ စီး ရှိခဲ့သည်။
တင်သွင်းကားများနှင့် ပြည်တွင်းထုတ်ကားများ အပါအဝင် နိုင်ငံအတွင်း ရောင်းချရသည့် မော်တော်ယာဥ် စုစုပေါင်းမှာ ဇူလိုင်လတွင် ၁၃၈,၅၀၃ စီး ရှိပြီး ယမန်နှစ်ကာလတူထက် ၄.၆ ရာခိုင်နှုန်း မြင့်တက်လာခြင်း ဖြစ်သည်။ (Xinhua)

……………………..
(English Version)
S. Korea’s auto export grows for 2nd month in July
SEOUL, Aug. 19 (Xinhua) — South Korea’s automotive export grew for the second consecutive month due to strong demand from Europe and Asia, government data showed Tuesday.
Car shipment gained 8.8 percent from a year earlier to 5.83 billion U.S. dollars in July after increasing in single digits in the previous month, according to the Ministry of Trade, Industry and Energy.
The consecutive growth was attributable to higher demand for eco-friendly vehicles as well as robust demand from Europe and Asia that offset lower U.S. demand, caused by the U.S. tariffs imposition.
Auto export to the United States declined 4.6 percent to 2.33 billion dollars, but those to the European Union (EU) and Asia spiked in double figures.
Shipment of eco-friendly sedans expanded 10.7 percent to 2.05 billion dollars in July compared to the same month of last year.
The number of exported vehicles stood at 211,854 in July, up 5.8 percent from a year earlier. Auto parts shipment decreased 7.2 percent to 1.92 billion dollars.
The number of vehicles, manufactured in local factories, advanced 8.7 percent to 316,295 in July on a yearly basis.
The number of cars sold inside the country, including locally-made and imported vehicles, was 138,503 in July, up 4.6 percent from a year earlier.
Photo : Photo taken on June 9, 2022 shows a self-driving taxi in Gangnam of Seoul, South Korea. (Xinhua/Wang Yiliang)