International Organizations
ချဲလ်ဆီးနှင့် ခရစ္စတယ်ပဲလေ့စ်အသင်းတို့ ဂိုးမရှိ သရေရလဒ် ထွက်ပေါ်

လန်ဒန်၊ ဩဂုတ် ၁၉ ရက် (ဆင်ဟွာ)
ပရီးမီးယားလိဂ်ပွဲစဥ်အဖြစ် သြဂုတ် ၁၇ ရက်က ယှဉ်ပြိုင်ခဲ့ကြသော ချဲလ်ဆီးအသင်းနှင့် ခရစ္စတယ်ပဲလေ့စ်အသင်းပွဲစဉ်တွင် ခရစ္စတယ်ပဲလေ့စ်မှ Eberechi Eze ၏ အလွတ်တည်ကန်ဘော ဂိုးပေးရန် ငြင်းဆိုခံရခြင်းကြောင့် ဂိုးမရှိ သရေရလဒ် ထွက်ပေါ်ခဲ့ကြောင်းသိရသည်။
တော့တင်ဟမ်ဟော့စပါးအသင်းသို့ ပြောင်းရွှေ့မှုနှင့်ဆက်စပ်နေသည့် အသက် ၂၇ နှစ်အရွယ် ကွင်းလယ် ကစားသမားသည် စတန်းဖို့ဒ်ကွင်းတွင် ချဲလ်ဆီးအသင်းနှင့်ပွဲကစားချိန် ၁၃ မိနစ်တွင် ကိုက် ၂၀ အကွာမှ အဝေးမှအပြင်းကန်ချက်ဖြင့် ပဲလေ့စ်အသင်းအတွက် ဂိုးသွင်းယူခဲ့သည်။
သို့သော်လည်း ဒိုင်လူကြီး Darren England က ဘောလုံးကန်ချိန်တွင် နောက်ခံလူ Marc Guehi သည် ချဲလ်ဆီး လူတံတိုင်းနှင့် တစ်မီတာအတွင်းရပ်နေသောကြောင့် VAR စစ်ဆေးချက်အပြီး ဂိုးမပေးဘဲ ငြင်းပယ်ခဲ့သည်။ အားတက်စေသည့် ပထမပိုင်းတွင် Jean-Philippe Mateta နှင့် Maxence Lacroix တို့သည်လည်း ဂိုးသွင်းရန် အခွင့်အလမ်းများ ရခဲ့သော်လည်း ၂၀၁၉ ခုနှစ်က မိတ်ဆက်ခဲ့သည့် အဆိုပါ စည်းမျဥ်းသည် ပဲလေ့စ်အသင်း အတွက် စိတ်ပျက်စေခဲ့သည်။
ချဲလ်ဆီးအသင်း၏ အစားထိုးဝင်ရောက်လာသည့် ကစားသမားများဖြစ်သည့် Estevao ၊ Liam Delap နှင့် Andrey Santos တို့သည် ပဲလေ့စ်အသင်းဘက်သို့ ခြိမ်းခြောက်နိုင်ခဲ့သော်လည်း ဂိုး ရအောင် မစွမ်းဆောင် နိုင်ခဲ့ပေ။ (Xinhua)
………………………
(English Version)
Chelsea held to goalless draw by Crystal Palace
LONDON, Aug. 17 (Xinhua) — Eberechi Eze was denied a free-kick goal as Crystal Palace was held to a goalless draw at Chelsea in the Premier League on Sunday.
The 27-year-old midfielder, linked with a move to Tottenham Hotspur, started at Stamford Bridge and appeared to give Palace the lead with a thunderous strike from 20 yards in the 13th minute.
However, referee Darren England disallowed the goal after a VAR review, ruling that defender Marc Guehi had stood within a meter of Chelsea’s wall when the kick was taken. The regulation, introduced in 2019, left Palace frustrated after an encouraging first half in which Jean-Philippe Mateta and Maxence Lacroix also went close.
After coming off the bench, Chelsea debutants Estevao, Liam Delap and Andrey Santos posed threats but failed to find the net.
Photo : Liverpool’s Darwin Nunez (L) is challenged by Chelsea’s Trevoh Chalobah during the English Premier League match between Chelsea FC and Liverpool FC in London, Britain, May 4, 2025. (Xinhua)