North America
TikTok အကောင့်ကို အိမ်ဖြူတော်တွင် တရားဝင်စတင် အသုံးပြု

ဝါရှင်တန်၊ ဩဂုတ် ၂၁ ရက် (ဆင်ဟွာ)
TikTok လူမှုကွန်ရက် အပလီကေးရှင်းအား ပိုင်ရှင်အသစ်ရှာမည်လော၊ အမေရိကတွင် ပိတ်ပင်ရမည် လောဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က နောက်ဆုံးသတ်မှတ်ရက်ထုတ်ပြန်အပြီး တစ်လပင် မကြာ သေးချိန် အိမ်ဖြူတော်က TikTok အကောင့်အား ဩဂုတ် ၁၉ ရက်၌ တရားဝင် စတင်အသုံးပြု လိုက်ပြီဖြစ်သည်။
အဆိုပါအကောင့်တွင် ပထမဆုံးပို့စ်ကို ဩဂုတ် ၁၉ ရက်မွန်းလွဲပိုင်း၌ စတင်ခဲ့ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၂၀၁၆ ခုနှစ် ရီပက်ဘလစ်ကန်အမျိုးသားညီလာခံ၌ ၎င်းကို ထောက်ခံသည့် အမာခံ အားပေးသူများနှင့် အပြန်အလှန်ပြောဆိုနေပုံ၊ လမ်းလျှောက်နေပုံများကို ဖော်ပြထားသည့် ၂၇ စက္ကန့်ကြာ ဗီဒီယိုဖိုင်ကို တင်ခဲ့သည်။
အိမ်ဖြူတော်၏ တရားဝင် TikTok အကောင့်မှ ပထမဆုံးဗီဒီယိုဖိုင်တင်အပြီး နာရီအနည်းငယ်တွင်း၌ပင် အဆိုပါအကောင့်ကို Follower ပြုလုပ်သူပေါင်း ၅၇,၀၀၀ ကျော်အထိ ရရှိလာခဲ့ကြောင်း သိရသည်။
ယမန်နှစ်က အမေရိကန်သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးစဥ်ကာလအတွင်း ဒေါ်နယ်ထရမ့် အသုံးပြု ခဲ့သော TikTok အကောင့်တွင်လည်း Followers ၁၅ သန်းကျော် ရှိနေပြီဖြစ်သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ပထမ သမ္မတသက်တမ်းက တရုတ်နိုင်ငံမှ ByteDance ကုမ္ပဏီပိုင် TikTok အပလီကေးရှင်းအား အမေရိကန်အစိုးရ၏ စီမံခန့်ခွဲမှုအောက်ရှိ ကုမ္ပဏီ တစ်ခုထံသို့ ရောင်းချခြင်းမပြုပါက ပိတ်ပင်သွားမည့်အမိန့်ကို လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သော်လည်း ဥပဒေရေးရာအရ စိန်ခေါ်မှုများအောက်တွင် ထရမ့်လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သည့် အမိန့်က အကျိုး သက်ရောက်မှု မရှိခဲ့ပေ။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်မှာ ဒုတိယ သမ္မတသက်တမ်း တာဝန်ယူပြီးနောက်တွင်လည်း TikTok ကို ပိတ်ပင်မည့် နောက်ဆုံးသတ်မှတ်ရက်များအား ၇၅ ရက်စီ သက်တမ်းတိုးပေးသည်ဟုဆိုကာ ဇန်နဝါရီ ၂၀ ရက်နှင့် ဧပြီ ၄ ရက်များ၌ ၂ ကြိမ်တိုင် လက်မှတ်ရေးတိုး ထုတ်ပြန်ခဲ့သေးသလို ၂၀၂၅ စက်တင်ဘာ ၁၇ ရက်နောက်ဆုံးထား၍ ရက်ပေါင်း ၉၀ အတွင်း TikTok ကို အမေရိကန်စီမံခန့်ခွဲမှု လက်အောက်ရှိ ကုမ္ပဏီတစ်ခုခုထံသို့ ရောင်းလျှင် ရောင်း၊ မရောင်းချပါက ပိတ်သိမ်းသွားမည့်အမိန့်ကို ဇွန် ၁၉ ရက်က လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ကြောင်း သိရသည်။ (Xinhua)
………………………
(English Version)
White House launches official TikTok account
WASHINGTON, Aug. 19 (Xinhua) — The White House launched an official TikTok account on Tuesday, less than a month before U.S. President Donald Trump’s deadline for the social media app to either find a new owner or face a ban in the United States.
The account posted its debut video on Tuesday afternoon — a 27-second clip featuring footage of Trump walking and interacting with his supporters, accompanied by audio from his acceptance speech at the 2016 Republican National Convention.
A few hours after the debut video, the account has garnered over 57,000 followers, while the TikTok account Trump used for his presidential campaign last year has more than 15 million followers.
In his first term, Trump signed an executive order effectively seeking to ban the app, owned by the Chinese firm ByteDance, in the country unless ByteDance sold its U.S. operations to a U.S. company. The order did not go into effect amid legal challenges.
Since his second term, Trump has extended the deadline twice, each by 75 days on Jan. 20 and April 4, respectively.
On June 19, Trump signed an executive order to keep TikTok running in the United States for another 90 days, extending the deadline to Sept. 17, 2025.
Photo
The logo of TikTok is seen on the screen of a smartphone in Arlington, Virginia, the United States, March 13, 2024. (Xinhua/Liu Jie)