China
တရုတ်နိုင်ငံ ရှင်းကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဝူးလူမုချီ- ယွိလီ အမြန်လမ်းမ ယခုနှစ်နှောင်းပိုင်းတွင် ယာဉ်သွားလာရန် အဆင်သင့်ဖြစ်မည်ဟု ခန့်မှန်းထား

ဝူးလူမုချီ၊ ဩဂုတ် ၂၁ ရက် (ဆင်ဟွာ)
လက်ရှိတွင် တရုတ်နိုင်ငံ ရှင်းကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဝူးလူမုချီ- ယွိလီ အမြန်လမ်းမ ဆောက်လုပ်ရေးစီမံကိန်း ယေဘုယျအားဖြင့် ပြီးစီးပြီဖြစ်ရာ ဥမင်လိုဏ်ခေါင်းလမ်းခင်းခြင်း၊ လျှပ်စစ်စက်ကိရိယာများ၊ လမ်းပန်းဆက်သွယ်ရေး လုံခြုံရေးဆိုင်ရာ အဆောက်အအုံများ၊ မီးအလင်းပေးခြင်း စသည့် နောက်ဆက်တွဲဆောက်လုပ်ရေးလုပ်ငန်းများကို လက်ရှိဆောင်ရွက်လျက်ရှိပြီး ယခုနှစ်နှောင်းပိုင်းတွင် ယာဉ်သွားလာရန် အဆင်သင့်ဖြစ်မည်ဟု ခန့်မှန်းထားသည်။
ဝူးလူမုချီ- ယွိလီ အမြန်လမ်းမ၏ စုစုပေါင်းအရှည်မှာ ၃၁၉.၇ ကီလိုမီတာ ရှည်လျားပြီး ဆောက်လုပ်ပြီးစီး၍ ယာဉ်များ ဖြတ်သန်းသွားလာနိုင်ပြီးနောက် ထျန်းဆန်းတောင်တန်း၏ မြောက်မှ တောင်သို့ လမ်းပန်းဆက်သွယ်ရေး အခင်းအကျင်းကို ပြောင်းလဲပေးမည်ဖြစ်ပြီး ဒေသနှစ်ခုကြား၏ အချိန်နေရာ အကွာအဝေးကို တိုတောင်းစေကာ စီးပွားရေး၊ ယဉ်ကျေးမှုစသည့် နယ်ပယ်အမျိုးမျိုးတွင် ကူးလူးဖလှယ်မှု နက်ရှိုင်းစွာ တိုးတက်စေရေးကို မြှင့်တင်ပေးမည်ဖြစ်သည်။ (Xinhua)

တရုတ်နိုင်ငံ ရှင်းကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဝူးလူမုချီ- ယွိလီ အမြန်လမ်းမ ယွဲ့ကျင့် အမှတ် ၃ ဥမင်လိုဏ်ခေါင်း တောင်ဘက်စွန်းတွင် အလုပ်လုပ်ကိုင်နေကြသော အလုပ်သမားများအား ဩဂုတ် ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
………………………
(Chinese Version)
新疆乌尉高速公路预计年底具备通车条件
新华社照片,乌鲁木齐,2025年8月20日
目前,乌鲁木齐至尉犁高速公路土建工程基本完工,正在进行隧道路面、机电、交通安全设施、亮化等附属工程的施工,预计今年年底具备通车条件。
乌尉高速公路全长约319.7公里,建成通车后,将改变天山南北的交通格局,缩短两地间的时空距离,促进经济、文化等多方面深入交流发展。
图说1:8月19日拍摄的新疆乌尉高速公路前峡1号隧道北端及其附近路段(无人机照片)。新华社记者 胡虎虎 摄
图说2:工人在新疆乌尉高速公路跃进3号隧道南端施工(8月19日摄,无人机照片)。新华社记者 胡虎虎 摄