Africa & Middle East
အာဖဂန်နစ္စတန် ဝန်ကြီးချုပ် Hasan Akhund နှင့် ဝမ်ရိ တွေ့ဆုံဆွေးနွေး

ကဘူးလ်၊ ဩဂုတ် ၂၁ ရက် (ဆင်ဟွာ)
အာဖဂန်နစ္စတန် ဝန်ကြီးချုပ် Hasan Akhund က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့၌ ဒေသစံတော်ချိန် ၂၀၂၅ ခုနှစ် ဩဂုတ် ၂၀ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် Akhund က တရုတ်နိုင်ငံခေါင်းဆောင်အပေါ် ရင်းနှီးသောနှုတ်ခွန်းဆက်စကားအား ဝမ်ရိမှ တစ်ဆင့်ပြောကြားပေးရန် ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအစိုးရနှင့် ပြည်သူများသည် အာဖဂန်နစ္စတန်နိုင်ငံအပေါ် ဖြူစင်သောစေတနာနှင့် အပြုသဘောဆောင်သော သဘောထား အစဉ်အမြဲထားရှိပြီး နိုင်ငံတကာအသိုင်းအဝိုင်းတွင် အာဖဂန်နစ္စတန်အတွက် တရားမျှတစွာရပ်တည်ပြောဆိုပေးသည့်အတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ကမ္ဘာကြီး၏ တရားမျှတမှု အင်အားတစ်ရပ်ဖြစ်ပြီး အာဖဂန်နစ္စတန်နှင့် နိုင်ငံအသီးသီး ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်ကာ ဘုံဖွံ့ဖြိုးတိုးတက်ကောင်းမွန်ရန် အစဉ်တစိုက် ကြိုးပမ်းအားထုတ်လျက်ရှိကြောင်း၊ အခြားနိုင်ငံများ၏ကိစ္စရပ်များကို ဝင်ရောက်စွက်ဖက်ရန် ကြိုးပမ်းသောနိုင်ငံများသည် ၎င်းတို့ ပြုလုပ်သောမကောင်းမူ အကျိုးဆက်ကို ၎င်းတို့ကိုယ်တိုင် ခံစားရမည်ဖြစ်ပြီး ချစ်ကြည်ရေးမူဝါဒကို ကျင့်သုံးသောနိုင်ငံများသာ အောင်မြင်နိုင်မည်ဖြစ်ရာ ဤသည်မှာ တရုတ်နိုင်ငံ၏ ထူးခြားမှုပင်ဖြစ်သည်ကို သမိုင်းကြောင်းက သက်သေထူခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အာဖဂန်နစ္စတန်သည် တရုတ်နိုင်ငံကဲ့သို့ပင် ပြည်တွင်းရေးကို မစွက်ဖက်ခြင်း အခြေခံမူကို အခိုင်အမာ လက်ကိုင်ထားပြီး နိုင်ငံအသီးသီးနှင့်အတူ ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံနေထိုင်ကာ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း၊ လွန်ခဲ့သော နှစ် ၂၀ ကျော်ကာလတွင် အာဖဂန်နစ္စတန်သည် စစ်မက်မီးလျှံဒဏ်ကို ပြင်းပြင်းထန်ထန်ခံစားခဲ့ရပြီး ကမောက်ကမဖြစ်စဉ်များ စဉ်ဆက်မပြတ် ဖြစ်ပွားခဲ့ကာ အချို့သော အနောက်နိုင်ငံများသည် ယနေ့တိုင် အာဖဂန်နစ္စတန်ကို ပုတ်ခတ်ပြောဆိုလျက်ရှိကြောင်း၊ အာဖဂန်အစိုးရသည် ပြဿနာများကို ဖြေရှင်းပြီး ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ကာ ပြည်သူ့လူနေမှုဘဝများကို ကောင်းမွန်ရန် အပြည့်အဝဆောင်ရွက်သွားမည်ဖြစ်ပြီး အခြားနိုင်ငံများအား ပြဿနာများဖန်တီးပေးမည်မဟုတ်သလို ဤကဲ့သို့ ဆန္ဒလည်းမရှိကြောင်း၊ အာဖဂန်နစ္စတန်အနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေရန်၊ အပြုသဘောဆောင်ပြီး စဉ်ဆက်မပြတ်ဖြစ်သော ချစ်ကြည်ရင်းနှီးမှုဆက်ဆံရေးကို မြှင့်တင်ရန် မျှော်လင့်ပြီး အာဖဂန်နစ္စတန်နယ်မြေကို အသုံးချ၍ တရုတ်နိုင်ငံအား ခြိမ်းခြောက်သည့် မည်သည့်အင်အားစုကိုမျှ ခွင့်ပြုမည်မဟုတ်ဘဲ တရုတ်နိုင်ငံနှင့်အတူ အစဉ်အမြဲ ရပ်တည်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဝမ်ရိက တရုတ်နိုင်ငံ ခေါင်းဆောင်၏ ကောင်းမွန်သော နှုတ်ခွန်းဆက်စကားကို တစ်ဆင့်ပြောကြားခဲ့ပြီး တရုတ်- အာဖဂန်နစ္စတန် ကူးလူးဆက်ဆံရေးသည် နှစ်ပေါင်းထောင်နှင့်ချီရှိခဲ့ပြီး အစဉ်အမြဲလိုပင် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံခဲ့ကြကြောင်း၊ တရုတ်နိုင်ငံသည် အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို မစွက်ဖက်ခြင်း အခြေခံမူကို အစဉ်အမြဲ ကျင့်သုံးလျက် ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြန်လည်ရှင်သန်မှုကို ရရှိစေရန် အာဖဂန်နစ္စတန်ပြည်သူများ၏ ရွေးချယ်မှု၊ အာဖဂန်နစ္စတန်၏ တစ်မူထူးခြားသော ယဉ်ကျေးမှုအစဉ်အလာ၊ အာဖဂန်နစ္စတန်၏ နိုင်ငံအခြေအနေအရ ထူထောင်ထားသော စီမံခန့်ခွဲမှုပုံစံတို့ကို လေးစားကာ အာဖဂန်နစ္စတန်၏ လွတ်လပ်သော ကိုယ်ပိုင်ရပ်တည်မှုကို အခိုင်အမာထိန်းသိမ်းထားခြင်းကို ထောက်ခံအားပေးကြောင်း၊ သမ္မတ ရှီကျင့်ဖိန်က အိမ်နီးချင်းနိုင်ငံများနှင့် အေးအတူပူအမျှ အသိုက်အဝန်း ဖွဲ့စည်းတည်ဆောက်ရေးကို အဆိုပြုကာ အိမ်နီးချင်း နိုင်ငံများနှင့်အတူ “မိသားစု ဥယျာဉ်ကြီး ၅ ခု” လက်တွဲတည်ဆောက်ရေးကို အားပေးထောက်ခံပြီး ခေတ်မီအသွင်ပြောင်းရေးကို အတူတကွ မြှင့်တင်ခဲ့ကြောင်း၊ အာဖဂန်နစ္စတန်သည် မရှိမဖြစ် ဤလုပ်ငန်းစဉ်၏ အရေးကြီးသော အဖွဲ့ဝင်နိုင်ငံဖြစ်သင့်ကြောင်း ပြောကြားခဲ့သည်။
သမိုင်းကြောင်းတွင် နယ်ချဲ့ဝါဒီများ၊ ကိုလိုနီဝါဒီများနှင့် ဗိုလ်ကျကြီးစိုးမှုဝါဒီများ အားလုံးက အာဖဂန်နစ္စတန်ကို သိမ်းပိုက်ရန် ရည်ရွယ်ခဲ့ကြသော်လည်း နောက်ဆုံးတွင် ရှုံးနိမ့်မှုနှင့်သာ အဆုံးသတ်ခဲ့ကြကြောင်း၊ ဤကဲ့သို့ ကြံစည်မှုများသည် ရှေ့လျှောက် အောင်မြင်လိမ့်မည် မဟုတ်ကြောင်း၊ တရုတ်နိုင်ငံသည် နိုင်ငံကြီး၊ နိုင်ငံငယ် အားလုံး တန်းတူညီမျှမှုရှိရေးကို အစဉ်အမြဲထောက်ခံခဲ့ပြီး အားကောင်းသူများက အားနည်းသူများကို အနိုင်ကျင့်ခြင်း၊ ကြီးနိုင်ငယ်ညှင်းပြုလုပ်ခြင်းကို ဆန့်ကျင်ကာ နိုင်ငံအသီးသီးအနေဖြင့် တန်းတူညီမျှ ဆက်ဆံ၍ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးဖြစ်ထွန်းမှု ဖော်ဆောင်သင့်ကြောင်း၊ ဤကမ္ဘာကြီးသည် ချမ်းသာသူများ ပိုမိုချမ်းသာလာပြီး ဆင်းရဲသူများ ပိုမိုဆင်းရဲလာခြင်း မဖြစ်သင့်ဘဲ အာဖဂန်နစ္စတန်အပါအဝင် နိုင်ငံတိုင်းတွင် ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြန်လည်ရှင်သန်အားကောင်းရေးကို အကောင်အထည်ဖော်ပိုင်ခွင့် ရှိကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။
အာဖဂန်နစ္စတန် နိုင်ငံရေးအခြေအနေ ပြောင်းလဲပြီးနောက် အာဖဂန်နစ္စတန်နိုင်ငံသို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး အလည်အပတ် ၂ ကြိမ်ရောက်ရှိခဲ့ရာ အာဖဂန်နစ္စတန်နှင့် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရန်နှင့် အစဉ်အလာ ချစ်ကြည်ရင်းနှီးမှုအား မြှင့်တင်လိုသည့် တရုတ်၏ စိတ်ရင်းမှန် ဆန္ဒကို ထင်ဟပ်စေခဲ့ကြောင်း၊ အာဖဂန်နစ္စတန်၏ အိမ်နီးချင်းနိုင်ငံအဖြစ် တရုတ်နိုင်ငံသည် တရားမျှတမှုကို ဆက်လက်လက်ကိုင်ထားပြီး တစ်ဖက်သတ် အနိုင်ကျင့်မှုကို ဆန့်ကျင်ကာ အာဖဂန်နစ္စတန်နှင့်အတူ ကဏ္ဍအသီးသီး ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ခြင်းကို စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအတွက် လိုအပ်သော အာမခံချက်အဖြစ် သတ်မှတ်သွားမည်ဖြစ်ကြောင်း၊ အရှေ့တာကစ္စတန် အစ္စလာမ်မစ်လှုပ်ရှားမှု (East Turkestan Islamic Movement – ETIM) သည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက သတ်မှတ်ထားသော အကြမ်းဖက်အဖွဲ့ဖြစ်ရာ အာဖဂန်နစ္စတန်အနေဖြင့် တရုတ်နိုင်ငံ၏ စိုးရိမ်ပူပန်မှုများကို အလေးထားကာ တိုက်ဖျက်ရေးအင်အား တိုးမြှင့်ရန် မျှော်လင့်ကြောင်း၊ အာဖဂန်နစ္စတန်အစိုးရ၏ ဦးဆောင်မှုအောက်တွင် အာဖဂန်နစ္စတန်သည် ပိုမိုကြီးမားသော ဖွံ့ဖြိုးတိုးတက်မှုရရှိပြီး အာဖဂန်နစ္စတန်ပြည်သူများအား ပိုမိုကောင်းမွန်စွာ အကျိုးပြုနိုင်မည်ဟု မျှော်လင့်ကြောင်း ဝမ်ရိက ထောက်ပြခဲ့သည်။
ခရီးစဉ်ကာလအတွင်း ဝမ်ရိသည် အာဖဂန်နစ္စတန် နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ တွေ့ဆုံဆွေးနွေးခဲ့သလို အာဖဂန်နစ္စတန်ပြည်ထဲရေးဝန်ကြီးနှင့်လည်း တွေ့ဆုံခဲ့ကြောင်း သိရသည်။ (Xinhua)
…………………
(Chinese Version)
阿富汗总理阿洪德会见王毅
新华社喀布尔8月20日电(记者聂新宇 李昂)当地时间2025年8月20日,阿富汗总理阿洪德在喀布尔会见中共中央政治局委员、外交部长王毅。
阿洪德请王毅转达对中国领导人的亲切问候,表示中国政府和人民始终对阿抱有善意和积极态度,感谢中方在国际上为阿仗义执言。中国是世界上的正义力量,始终致力于同阿方和各国开展友好合作,共同发展进步。历史证明,那些企图干涉别国的国家将自食其果,而奉行友好政策的国家才能成功,这正是中国的独到之处。阿方与中方一样,坚持不干涉内政原则,愿同各国友好相处、开展合作。过去二十多年,阿富汗饱经战火,乱象丛生,一些西方国家至今仍对阿恶意抹黑。阿政府将全力化解问题,推进发展,改善民生,不愿也不会给别国制造麻烦。阿方期待同中方加强合作,推进积极、可持续的友好关系,绝不允许任何势力利用阿领土威胁中国,将始终同中国站在一起。
王毅转达中国领导人的良好问候,表示中阿交往历经千年,始终友好相处。中方一贯奉行不干涉内政原则,尊重阿富汗人民的选择,尊重阿独特文化传统,尊重阿根据国情确立的治理模式,支持阿坚持独立自主,实现发展振兴。习近平主席提出构建周边命运共同体,倡导同周边邻国携手建设“五大家园”,共同推进现代化。阿富汗不可或缺,应是这一进程中的重要成员。
王毅表示,历史上,帝国主义者、殖民主义者、霸权主义者都想侵占阿富汗,最终都以失败告终,这样的图谋今后也不会成功。中方一贯主张大小国家一律平等,反对以强凌弱、以大欺小,各国应平等相待、合作共赢。这个世界不应富者愈富、贫者愈穷,每个国家包括阿富汗都有实现发展振兴的权利。
王毅指出,阿富汗政局变化后,中国外长两次到访,体现了中方发展对阿关系、弘扬传统友好的真诚愿望。作为阿富汗的邻国,中方将继续主持公道,反对单边霸凌,同阿方开展各领域合作。加强安全合作将为经济合作提供必要保障。“东伊运”是联合国安理会认定的恐怖组织,希望阿方重视中方关切,加大打击力度。相信在阿富汗政府领导下,阿富汗将实现更大发展,更好造福阿人民。
访问期间,王毅同阿富汗外长举行会谈,并会见阿富汗内政部长。(完)
图说:8月20日,阿富汗总理阿洪德在喀布尔会见中共中央政治局委员、外交部长王毅。新华社记者 李昂 摄