Connect with us

Media

လီဗာပူးလ်တိုက်စစ်မှူး ဆာလာက PFA တစ်နှစ်တာအကောင်းဆုံး ကစားသမားဆု သုံးကြိမ်မြောက် ဆွတ်ခူး

လန်ဒန်၊ ဩဂုတ် ၂၁ ရက် (ဆင်ဟွာ)
ပရော်ဖက်ရှင်နယ် ဘောလုံးသမားများ အဖွဲ့အစည်း (PFA) က ချီးမြှင့်သည့် တစ်နှစ်တာအကောင်းဆုံး ကစားသမားဆု (အမျိုးသား) ကို လီဗာပူးလ်အသင်း၏ တိုက်စစ်ကစားသမား မိုဟာမက် ဆာလာက ဆွတ်ခူးခဲ့ပြီး ယင်းဆုအား သုံးကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့သည့် ပထမဆုံး ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
၂၀၁၈ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်တို့တွင်လည်း ယင်းဆုအား ဆွတ်ခူးထားသည့် ဆာလာမှာ ကစားသမားခြောက်ဦး ပါဝင်သည့် ဆန်ခါတင်စာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်နိုင်ခဲ့ခြင်းဖြစ်ကာ အဆိုပါ စာရင်းတွင် လီဗာပူးလ်အသင်းဖော် အလက်ဆစ် မက်အယ်လစ္စတာ၊ မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်ဇ်၊ နယူးကာဆယ် တိုက်စစ်မှူး အလက်ဇန်းဒါး အီဆက်ခ်၊ ချဲလ်ဆီး ကွင်းလယ်တိုက်စစ်ကစားသမား ကိုးလ် ပါလ်မာ၊ အာဆင်နယ် ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်တို့ ပါဝင်ခဲ့သည်။

အသက် ၃၃ နှစ်အရွယ် ဆာလာမှာ လွန်ခဲ့သည့် ဘောလုံးရာသီတွင် လီဗာပူးလ်အသင်း ပရီးမီးယားလိဂ်ဆုဖလား ဆွတ်ခူးခဲ့ရာ၌ အရေးပါသော အခန်းကဏ္ဍမှ စွမ်းဆောင်ပေးခဲ့ပြီးနောက် ယင်းဂုဏ်ပြုဆုအား စံချိန်တင် ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။ ဆာလာအနေဖြင့် ၂၀၂၄-၂၀၂၅ ဘောလုံးရာသီတွင် ၂၉ ဂိုး သွင်းယူကာ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နိုင်ခဲ့သလို ဂိုးဖန်တီးမှု ၁၈ ကြိမ် ပြုလုပ်နိုင်ခဲ့သည်။
ဆာလာအနေဖြင့် လွန်ခဲ့သည့် ရာသီတွင် အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့သည့်အတွက် ပရီးမီးယားလိဂ်၏ ရာသီအလိုက် အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့သလို ဘောလုံးအားကစားကလောင်ရှင်များ အဖွဲ့အစည်းက မဲပေးရွေးချယ်သည့် တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့သည်။
ထို့အတူ အက်စတွန်ဗီလာ ကွင်းလယ်ကစားသမား မော်ဂန် ရော်ဂျာစ်က တစ်နှစ်တာအကောင်းဆုံး လူငယ်ကစားသမားဆုကို ရရှိခဲ့ကာ အင်္ဂလန်အသင်း မန်နေဂျာဟောင်းဖြစ်သူ ဂါရတ် ဆောက်ဂိတ်ကလည်း ၂၀၂၅ ခုနှစ် PFA Merit Award ဆုကို လက်ခံရရှိခဲ့သည်။ (Xinhua)

…………………
(English Version)
Salah wins record third PFA Player of the Year award
LONDON, Aug. 19 (Xinhua) — Liverpool attacker Mohamed Salah has become the first player to win the Professional Footballers’ Association (PFA) Men’s Player of the Year award for the third time.
Salah, who also won the award in 2018 and 2022, topped a six-player shortlist that included Liverpool teammate Alexis Mac Allister, Manchester United’s Bruno Fernandes, Newcastle striker Alexander Isak, Chelsea’s Cole Palmer, and Arsenal midfielder Declan Rice.
The honor marks a historic milestone for the 33-year-old following his instrumental role in Liverpool’s Premier League title win last season. Salah finished the 2024-25 campaign as the league’s top scorer with 29 goals, along with 18 assists.
Salah’s outstanding season also saw him win the Premier League Player of the Season award and be voted the Football Writers’ Association Footballer of the Year.
Aston Villa midfielder Morgan Rogers was named Young Player of the Year, with former England manager Gareth Southgate receiving the 2025 PFA Merit Award. ■