Connect with us

Africa & Middle East

အစ္စရေးက ဂါဇာမြို့တွင် ထိုးစစ်အသစ် စတင်

ဂါဇာကမ်းမြောင်ဒေသအား ဂျော်ဒန်တော်ဝင်လေတပ်၏ စစ်လေယာဉ်တစ်စင်းပေါ်မှ ၂၀၂၅ ခုနှစ် ဩဂုတ် ၁၇ ရက်က ရိုက်ကူးထားသောဓာတ်ပုံ၌ တွေ့ရစဉ် (ဆင်ဟွာ)

ဂျေရုဆလမ်၊ ဩဂုတ် ၂၁ ရက် (ဆင်ဟွာ)
ဟားမက်စ်အဖွဲ့အား ချေမှုန်းရန် ရည်ရွယ်လျက် အစ္စရေးက ဂါဇာမြို့အား ဩဂုတ် ၂၀ ရက်၌ ထိုးစစ်အသစ် စတင်ခဲ့ကြောင်း သိရသည်။ အကြီးအကျယ် ထိခိုက်ပျက်စီးနေသည့် ဂါဇာကမ်းမြောင်ဒေသရှိ အရပ်သားများအပေါ် သက်ရောက်မှုများနှင့် ပတ်သက်၍ နိုင်ငံတကာက ယင်းစစ်ဆင်ရေးအား ဝေဖန်ပြစ်တင်လျက်ရှိသည်။
အစ္စရေးကာကွယ်ရေးတပ် (IDF) အနေဖြင့် အစိုးရတာဝန်ရှိသူများ၏ ညွှန်ကြားချက်အရ စစ်ဆင်ရေး နောက်တစ်ဆင့်ကို စတင်ခဲ့သည်ဟု အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ အက်ဖီ ဒက်ဖရင်က ပြောကြားခဲ့သည်။ ဂါဇာမြို့ရှိ Zaytun ဒေသနှင့် အနီးဝန်းကျင်ရှိ ဂျာဘလီယာမြို့တို့တွင် မြေပြင်ထိုးစစ် စတင်နေပြီဖြစ်ကာ ထိုစစ်ဆင်ရေး၌ တပ်အင်အားများကို ထပ်မံဖြည့်တင်းသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ယင်းထိုးစစ်မှာ ဟားမက်စ်အဖွဲ့ကို ချေမှုန်းရန်နှင့် ဂါဇာမြို့ကို သိမ်းပိုက်စိုးမိုးရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ အစ္စရေးစစ်တပ်ကလည်း ၎င်းတို့အနေဖြင့် လက်ရှိတွင် ဂါဇာကမ်းမြောင်ဒေသ၏ ၇၅ ရာခိုင်နှုန်းခန့်ကို စစ်ဆင်ရေးအတွင်း ထိန်းချုပ်ထားနိုင်ပြီဟု ဆိုသည်။ အစ္စရေး၏ အကြိမ်ကြိမ် ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် ဂါဇာဒေသ၏ အကြီးဆုံး မြို့ပြအချက်အချာနေရာ၏ နေရာအများအပြားမှာ အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့ရသည်။
အစ္စရေးအစိုးရအနေဖြင့် ထိုစစ်ဆင်ရေး စီမံချက်အား အပြီးသတ်အတည်ပြုရန် ယခုသီတင်းပတ် နှောင်းပိုင်းတွင် အစည်းအဝေး ပြုလုပ်သွားဖွယ်ရှိသည်။ အစ္စရေးစစ်တပ်က အရန်တပ်ဖွဲ့ဝင်အင်အား ၆၀,၀၀၀ ကို ဆင့်ခေါ်ထားပြီးဖြစ်ကြောင်း၊ လာမည့်ရက်ပိုင်းအတွင်း အရန်တပ်ဖွဲ့ဝင် ၂၀,၀၀၀ အား ထပ်မံခေါ်ယူသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ကျွန်တော်တို့အနေနဲ့ အကြမ်းဖက်တွေရဲ့ အုပ်ချုပ်ရေးနဲ့ စစ်ရေးအရ အမာခံနယ်မြေဖြစ်တဲ့ ဂါဇာမြို့ထဲက ဟားမက်စ်တွေကို ပိုပြီးအထိနာအောင် လုပ်သွားမှာပါ” ဟု ဒက်ဖရင်က ပြောကြားခဲ့ပြီး မြေပေါ်မြေအောက်ရှိ အဆောက်အအုံများကို ဖျက်ဆီးကာ ဟားမက်စ်အဖွဲ့အပေါ် အရပ်သားများ၏ မှီခိုမှုကိုလည်း ဖြတ်တောက်ပစ်မည်ဟု ကတိပြုခဲ့သည်။ ၂၂ လကြာ စစ်ပွဲအတွင်း ဟားမက်စ်အဖွဲ့မှာ လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုအဖြစ်မှ အကြီးအကျယ် အထိနာနေသည့် ပြောက်ကျားအဖွဲ့တစ်ဖွဲ့အဖြစ်သို့ အင်အားယုတ်လျော့သွားပြီဟု ၎င်းက ဆိုသည်။
အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် လွန်ခဲ့သည့် ၂၄ နာရီအတွင်း လူပေါင်း ၅၈ ဦးထက်မနည်း သေဆုံးကာ ၁၈၅ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဂါဇာကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများက ပြောကြားခဲ့သည်။ သို့ဖြစ်၍ စစ်ပွဲစတင်ဖြစ်ပွားပြီးနောက်ပိုင်း သေဆုံးသူ ၆၂,၁၂၂ ဦးထက်မနည်း ရှိလာပြီဖြစ်ကာ ယင်းတို့အနက် ကလေးငယ် ၁၁၂ ဦး အပါအဝင် အစာငတ်မွတ်မှုကြောင့် သေဆုံးသူ ၂၆၆ ဦးလည်း ပါဝင်ကြောင်း သိရသည်။ (Xinhua)
………………….
(English Version)
Israel launches new offensive on Gaza City
JERUSALEM, Aug. 20 (Xinhua) — Israel launched a new offensive on Gaza City on Wednesday aimed at defeating Hamas, a move that has drawn international criticism over its impact on civilians in the devastated enclave.
The IDF has begun the next stage of the operation, in line with “the directive of the political echelon,” military spokesman Effie Defrin said. He said ground assaults were already under way in Gaza City’s Zaytun neighborhood and the nearby town of Jabalia, with more forces set to join the fighting.
Prime Minister Benjamin Netanyahu said the push was intended to “defeat Hamas and conquer Gaza City.” The army said it now holds “operational control” over about 75 percent of the Gaza Strip, after repeated offensives that have left much of its largest urban center in ruins.
Israel’s cabinet is expected to meet later this week to give final approval to the plan. The military said 60,000 reservists had been called up, with another 20,000 to follow in the coming days.
“We will deepen the damage to Hamas in Gaza City, a stronghold of governmental and military terror,” Defrin said, pledging to destroy infrastructure “above and below ground” and sever civilian reliance on the group. He said 22 months of fighting have already reduced Hamas from “a military group” to “a battered and bruised guerrilla organization.”
Israeli strikes over the past 24 hours killed at least 58 people and wounded 185 others, Gaza health officials said. They said at least 62,122 people have been killed since the war began, including 266 who died of hunger, among them 112 children. ■
English Caption
This photo taken from a Royal Jordanian Air Force airplane shows a view of the Gaza Strip on Aug. 17, 2025. (Photo by Mohammad Abu Ghosh/Xinhua)