Connect with us

Media

ကျောင်းအတွင်းရှိ အမှိုက်၊ သစ်ကိုင်း၊ သစ်ရွက်ဆွေး၊ ဖွဲ၊ စပါးခွံများဖြင့် ဂေဟဗေဒနဲ့သဟဇာတဖြစ်သည့် သဘာဝမြေဩဇာ ပြုလုပ်နေကြသည့် ကျောင်းသူကျောင်းသူများ

ရန်ကုန်၊ ဩဂုတ် ၂၂ ရက် (ဆင်ဟွာ)
ကျောင်းဝန်းအတွင်းရှိ အမှိုက်၊ သစ်ကိုင်း၊ သစ်ရွက်ဆွေး၊ ဖွဲ၊ စပါးခွံများဖြင့် ဂေဟဗေဒနဲ့သဟဇာတဖြစ်သည့် သဘာဝမြေဩဇာ ပြုလုပ်နေကြသည့် ကျောင်းသူကျောင်းသူများက
ဘိုကာရှီသရုပ်ပြသင်တန်းတစ်ခုတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိကြသည်။ အဆိုပါ သရုပ်ပြမှုတွင် အမှိုက်များကို စနစ်တကျမြေဆွေးပြုလုပ်ပြီး ကျောင်းတွင်းစိုက်ပျိုးရေး၊ School vegetable garden နဲ့ တွဲဖက်လုပ်ဆောင်နည်းတွေ ပါဝင်ကြောင်း သိရသည်။ လက်တွေ့လုပ်ဆောင်မှု ဆောင်ရွက်ခြင်းဖြင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းများ ဖော်ဆောင်လာနိုင်ရေး၊ ကျောင်းနေအရွယ်ကလေးများအားလုံး ပတ်ဝန်းကျင် စိမ်းလန်းသန့်ရှင်းရေး လုပ်ငန်းတွေမှာ စိတ်ပါဝင်စားလာစေရေး၊ ဆရာ၊ ဆရာမ မိဘပြည်သူများအနေဖြင့် သဘာဝပတ်ဝန်းကျင် သန့်ရှင်းစိမ်းလန်းရေးကို သတိပြုမိလာစေရေး စတဲ့မျှော်မှန်းချက်များဖြင့် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်ကြောင်းသိရသည်။ မကြာသေးမီရက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သင်္ဃန်းကျွန်းမြို့နယ်၊ အမှတ် ၁၅ အခြေခံပညာမူလတန်းကျောင်းက Grade 5 ကျောင်းသူကျောင်းသူများက ဘိုကာရှီမြန်မာအဖွဲ့သားများ ဦးဆောင်မှုဖြင့် သဘာဝမြေဩဇာ စုပေါင်း ပြုလုပ်နေမှုကို ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်သည်။ (Xinhua)