International Organizations
အင်္ဂလန်တောင်ပံကစားသမား အီဇီ အာဆင်နယ်သို့ ပြောင်းရွှေ့မည်

လန်ဒန်၊ ဩဂုတ် ၂၃ ရက် (ဆင်ဟွာ)
ခရစ္စတယ်ပဲလေ့စ်၏ အင်္ဂလန်လက်ရွေးစဥ် တောင်ပံကစားသမား အီဘာရီချီ အီဇီ (Eberechi Eze) သည် အာဆင်နယ်အသင်းသို့ ပြောင်းရွှေ့လုနီးနီးအခြေအနေတွင်ရှိကြောင်း သိရသည်။ နည်းပြ အိုလီဗာဂလက်စနာ က သြဂုတ် ၂၁ ရက်ည ပဲလေ့စ်အသင်း၏ UEFA ကွန်ဖရင့်လိဂ် ပွဲစဥ် ဖရက်ဒရစ်စတက်ဒ် အသင်းကို အနိုင်ရခဲ့ သည့်ပွဲတွင် ပါဝင်ယှဥ်ပြိုင်မည့်လူစာရင်းမှ ထုတ်ပယ်ထားခဲ့ပြီးနောက် ကစားသမားသည် ကလပ်အတွက် ၎င်း၏နောက်ဆုံးပွဲကို ကစားခဲ့ပြီးဖြစ်ကြောင်း ဝန်ခံ ပြောကြားခဲ့သည်။
“Ebs (အီဘာရီချီ) က ကျွန်တော်တို့အတွက် ထပ်ကစားတော့မှာမဟုတ်ပါဘူး၊ ဒီတော့ သူ့အကြောင်း ပြောဖို့ မရှိတော့ပါဘူး“ ဟု ကစားပွဲပြီးနောက် Channel 5 နှင့် အင်တာဗျူး၌ ၎င်းက ဖြေကြားခဲ့သည်။
“ဒါကပြီးသွားပါပြီ၊ အသင်းအသစ်မှာကံကောင်းပါစေလို့ဆုတောင်းပါတယ်၊ ကျွန်တော်တို့အတွက်ကတော့ ကစားသမားအသစ်တွေ ပိုပြီးခေါ်ယူသွားပါမယ် “ ဟု ဂလက်စနာက ထပ်မံပြောဆိုခဲ့သည်။
အင်္ဂလန် အားကစားစာစောင်များက အာဆင်နယ်အသင်းသည် ပဲလေ့စ်အသင်းမှ အီဇီကို ပေါင်သန်း ၆၀ ဝန်း ကျင် (အမေရိကန်ဒေါ်လာ ၈၀.၅ သန်း) အပိုဆုကြေး ပေါင် ၈ သန်းဖြင့် သဘောတူစာချုပ် လက်မှတ်ရေးထိုး လိုက်ပြီဟု သြဂုတ် ၂၁ ရက် နံနက်က ဖော်ပြခဲ့သည်။
တော့တင်ဟမ်ဟော့စပါး အသင်းသည် အီဇီနှင့် စာချုပ်ချုပ်ရန် အကောင်းဆုံးအနေအထားရှိခဲ့သည်ဟုထင်ရ သော်လည်း ရှေ့တန်းတိုက်စစ်မှူး ကိုင်ဟားဗက်ဇ်၏ ကြာရှည် ဒူးဒဏ်ရာအပေါ်စိုးရိမ်မှုများဖြင့် အာဆင်နယ်က ကြားဝင်ကြိုးပမ်းခဲ့သောကြောင့် စာချုပ်ချုပ်ရန် နီးစပ်ခဲ့ခြင်းဖြစ်သည်။
အသက် ၂၇ နှစ်အရွယ် အီဇီသည် ကစားသမားဘဝကို အာဆင်နယ်အသင်း၌ စတင်ခဲ့သော်လည်း အသက် ၁၃ နှစ်တွင် ဖူဟမ်၊ ရီဒင်း၊ ပြီးနောက်တွင် မေးလ်ဝဲ အသင်းများသို့ ရွှေ့ပြောင်းခဲ့သည်။ ထို့နောက် Queens Park Rangers ၌ ၎င်း၏ အကြီးတန်းကစားသမားဘဝကို စတင်ခဲ့သည်။
မန်ချက်စတာစီးတီးအသင်းကို အနိုင်ရခဲ့သည့် FA Cup ဗိုလ်လုပွဲ အပါအဝင် ၎င်းသည် လွန်ခဲ့သည့် ရာသီက ခရစ္စတယ်ပဲလေ့စ်အတွက် ၁၄ ဂိုး သွင်းယူနိုင်ခဲ့သည်။ (Xinhua)
……………………………
(English Version)
England winger Eze on verge of Arsenal move
LONDON, Aug. 22 (Xinhua) — Crystal Palace’s England international winger Eberechi Eze is on the verge of a move to Arsenal, after coach Oliver Glasner left him out of the squad for Palace’s UEFA Conference League win over Fredrikstad on Thursday night and admitted the player had played his last game for the club.
“Ebs [Eberechi] will not play for us anymore, so it does not make sense to talk about him,” he said in a post-game interview on Channel 5.
“It’s gone. It looks like wishing him all the best for the new club and for us it is about bringing more players,” added Glasner.
The British sporting press reported on Thursday morning that Arsenal had reached an agreement to sign Eze from Palace for around 60 million pounds (80.5 million U.S. dollars), with a further eight million pounds in incentives.
Tottenham Hotspur had looked to be in prime position to sign Eze, but Arsenal stepped in to try and close the deal amid worries that forward Kai Havertz has suffered a long-term knee injury.
27-year-old Eze began his career at Arsenal, but was released by the club at 13, moving to Fulham, Reading and then Millwall, before starting his senior career at Queens Park Rangers.
He scored 14 goals for Palace last season, including the winner in the FA Cup final against Manchester City.
Photo : Eberechi Eze (top L) of England vies with Max Llovera (top R) of Andorra during the World Cup European Qualifiers football match between England and Andorra, in RCDE Stadium, Barcelona, Spain, on June 7, 2025. (Xinhua/Joan Gosa)