Connect with us

China

တရုတ်နိုင်ငံက အားကောင်းသော အစီအမံများ ဆက်လက်ဖော်ဆောင်၍ အမေရိကန်သို့ သွားရောက်သည့် တရုတ်နိုင်ငံသားများ၏ တရားဝင် အခွင့်အရေးနှင့် အကျိုးစီးပွားအား ကာကွယ်မည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်အား ဩဂုတ် ၂၂ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဓာတ်ပုံ- တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန)

ပေကျင်း၊ ဩဂုတ် ၂၃ ရက် (ဆင်ဟွာ)

လတ်တလောကာလအတွင်း တရုတ်ပညာတော်သင် ကျောင်းသား၊ ကျောင်းသူများက အမေရိကန်သို့ ပြည်ဝင်စဉ်တွင် တမင်ဆိုးရွားစွာ ဆက်ဆံခံရမှုနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က ဩဂုတ် ၂၂ ရက်တွင် သက်ဆိုင်ရာ မေးမြန်းမှုအား ဖြေကြားရာ၌ အမေရိကန်၏ လုပ်ရပ်သည် တရုတ်နိုင်ငံသား၏ တရားဝင်အခွင့်အရေးအား ဆိုးရွားစွာ ချိုးဖောက်နေပြီး နှစ်နိုင်ငံ ပုံမှန် လူပုဂ္ဂိုလ် သွားလာဆက်ဆံမှုအား ပြင်းထန်စွာ အတားအဆီးဖြစ်စေကာ တရုတ်-အမေရိကန် ပြည်သူအချင်းချင်း ကူးလူးဖလှယ်မှုအား ဆိုးရွားစွာ ဖျက်ဆီးမှုဖြစ်စေကြောင်း၊ တရုတ်နိုင်ငံက အားကောင်းသော အစီအမံများ ဆက်လက်ဖော်ဆောင်၍ အမေရိကန်သို့ သွားရောက်သည့် တရုတ်နိုင်ငံသားများ၏ တရားဝင် အခွင့်အရေးနှင့် အကျိုးစီးပွားအား ကာကွယ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
လတ်တလောကာလအတွင်း အချို့သော အမေရိကန်သွားရောက်သည့် တရုတ်ပညာတော်သင် ကျောင်းသား၊ ကျောင်းသူများက အမေရိကန်နိုင်ငံသို့ ပြည်ဝင်ရာတွင် တရားဥပဒေစိုးမိုးရေးဝန်ထမ်းများ၏ အကြောင်းမဲ့ စစ်ဆေးနှောင့်ယှက်မှု၊ ဆိုးရွားစွာဆက်ဆံမှုနှင့် ပြည်နှင်မှုများခံရကြောင်း၊ ယင်းအပေါ် တရုတ်နိုင်ငံအနေဖြင့် မည်ကဲ့သို့ မှတ်ချက်ပြုလိုပါသနည်းဟု ထိုနေ့သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်က မေးမြန်းခဲ့သည်။
မော်နင်က လတ်တလောကာလအတွင်း အမေရိကန်အနေဖြင့် အမေရိကန်သို့သွားရောက်သည့် တရုတ်ပညာတော်သင် ကျောင်းသား၊ ကျောင်းသူများအပေါ် ခွဲခြားဆက်ဆံသော၊ နိုင်ငံရေးဖြစ်သော၊ ရွေးချယ်မှုရှိသော တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ လုပ်ဆောင်၍ ၎င်းတို့ကို တရားမျှတမှုမရှိစွာ ဆက်ဆံခဲ့ကြောင်း၊ ၎င်းတို့ကို သီးခြားအခန်းငယ်လေးများထံ ခေါ်ဆောင်၍ အချိန်ကြာမြင့်စွာ စစ်ဆေးခဲ့ကြောင်း၊ အချို့က နာရီပေါင်း ၇၀ ကျော်ကြာမြင့်၍ ၎င်းတို့ အမေရိကန်သို့ လာရောက်သည့် ရည်ရွယ်ချက်နှင့် လုံးဝမသက်ဆိုင်သောမေးခွန်းများကို အဖန်ဖန်အခါခါ ပြန်လည်စစ်ဆေးမေးမြန်းခဲ့ကြောင်း၊ ထို့အပြင် “အမျိုးသားလုံခြုံရေးအား အန္တရာယ်ပြုနိုင်သည်” ဟူသော အကြောင်းပြချက်ဖြင့် ဗီဇာပယ်ဖျက်ကာ ပြည်ဝင်ရန် တားမြစ်ခြင်းများ လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။
“အမေရိကန်ရဲ့ အထက်ပါလုပ်ရပ်က တရုတ်နိုင်ငံသားများရဲ့ တရားဝင် အခွင့်အရေးနဲ့ အကျိုးစီးပွားကို ဆိုးရွားစွာ ချိုးဖောက်နေပြီး နှစ်နိုင်ငံပြည်သူများ ပုံမှန် လူပုဂ္ဂိုလ် သွားလာဆက်ဆံမှုကို ပြင်းထန်စွာ အတားအဆီး ဖြစ်စေတဲ့အပြင် တရုတ်-အမေရိကန် ပြည်သူအချင်းချင်း ကူးလူးဖလှယ်မှုအား ဆိုးရွားစွာ ဖျက်ဆီးမှုဖြစ်စေပါတယ်။ ဒီလိုအဖြစ်အပျက်တွေကြုံရတိုင်း တရုတ်နိုင်ငံက အမေရိကန်ကို အလေးအနက်ထား ကန့်ကွက်ကြောင်း ချက်ချင်း ပြောကြားခဲ့ပြီး ပြင်းထန်စွာ မကျေနပ်မှုကို ဖော်ပြခဲ့သလို အမေရိကန်ဘက်က မှားယွင်းသောလုပ်ဆောင်ချက်ကို ပြန်လည်ပြင်ဆင်ရန် တိုက်တွန်းခဲ့ပါတယ်” ဟု မော်နင်က ပြောကြားခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီနှင့် တရုတ်နိုင်ငံအစိုးရသည် ပြည်သူကို ဦးထိပ်ထားမှုအား အစဉ်အမြဲ လက်ကိုင်ထားကြောင်း၊ တရုတ်နိုင်ငံ၏ သံတမန်ဆက်ဆံရေးသည် ပြည်သူကို ဗဟိုပြုကြောင်း၊ အမေရိကန်သို့ သွားရောက်သည့် တရုတ်နိုင်ငံသားများက မည်သည့်အချိန်၊ မည်သည့်နေရာတွင်မဆို တရားမျှတမှုမရှိသော ဆက်ဆံခံရခြင်းအား လုံးဝခွင့်ပြုသွားမည်မဟုတ်ကြောင်း‌ မော်နင်က ပြောကြားခဲ့သည်။
“အမေရိကန်အနေနဲ့ ပြဿနာကို တည့်မတ်စွာရှုမြင်ပြီး တရုတ်နိုင်ငံရဲ့ ဂရုပြုမှုတွေကို လေးလေးနက်နက် သဘောထားဖို့၊ အမေရိကန်အကြီးအကဲရဲ့ တရုတ်ပညာတော်သင် ကျောင်းသား၊ ကျောင်းသူတွေ အမေရိကန်ကို လာရောက် လေ့လာသင်ယူမှုအား ကြိုဆိုတဲ့ သဘောထားကို လက်တွေ့ဖော်ဆောင်ပြီး တရုတ်ကျောင်းသား၊ ကျောင်းသူများနဲ့ ပညာရှင်ကို ရည်ရွယ်တဲ့ အကြောင်းမဲ့ စစ်ဆေးနှောင့်ယှက်မှုနဲ့ ပြန်လည်ပို့ဆောင်မှုအား ရပ်တန့်ဖို့ ကျွန်မတို့ တိုက်တွန်းလိုက်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ အားကောင်းတဲ့ အစီအမံများ ဆက်လက်လုပ်ဆောင်ပြီး အမေရိကန်ကို သွားရောက်တဲ့ တရုတ်နိုင်ငံသားတွေရဲ့ တရားဝင် အခွင့်အရေးနဲ့ အကျိုးစီးပွားကို ကာကွယ်သွားမှာဖြစ်တယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

——————–
(Chinese Version)
外交部:将继续采取有力措施,维护赴美中国公民正当合法权益
新华社北京8月22日电(记者马卓言)针对近期中国留学生在入境美国时遭恶劣对待,外交部发言人毛宁22日在回答有关提问时表示,美方行径严重侵犯中国公民正当合法权益,严重阻碍两国正常人员往来,严重破坏中美人文交流氛围。中方将继续采取有力措施,维护赴美中国公民的正当合法权益。
当日例行记者会上,有记者问:据了解,近期一些中国赴美留学生在入境美国时遭边境执法人员无端盘查滋扰、恶劣对待,甚至遣返。中方对此有何评论?
毛宁说,近来,美方频繁对中国赴美留学生采取歧视性、政治性、选择性执法,给予不公正对待,把他们带入“小黑屋”长时间盘查,有的滞留长达70多个小时,反复盘问与他们赴美目的毫无关系的问题,甚至以所谓“可能危害国家安全”为由注销签证、禁止入境。
“美方上述行径严重侵犯中国公民正当合法权益,严重阻碍两国正常人员往来,严重破坏中美人文交流氛围。每一起案件发生后,中方都第一时间向美方提出严正交涉,表示强烈不满,敦促美方彻查纠错。”毛宁说。
毛宁表示,中国共产党和中国政府始终坚持人民至上,中国外交以人民为中心,不允许任何一名赴美中国公民在任何时候、任何地方受到不公正待遇。“我们敦促美方正视问题,认真对待中方关切,将美国领导人欢迎中国留学生赴美学习的表态落到实处,停止针对中国学生学者的无端盘查滋扰遣返。中方将继续采取有力措施,维护赴美中国公民的正当合法权益。”(完)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.