Asia
မြောက်ကိုရီးယား၏ စစ်ရေးနယ်နိမိတ်ပိုင်းခြားမျဉ်း ထိပါးခြင်းအပေါ် သတိပေးပစ်ခတ်မှု ပြုလုပ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ် ပြောကြား

ဆိုးလ်၊ ဩဂုတ် ၂၃ ရက် (ဆင်ဟွာ)
ဒေသစံတော်ချိန် ဩဂုတ် ၁၉ ရက် မွန်းလွဲ ၃ နာရီခန့်တွင် အလယ်ပိုင်းစစ်ကြောင်း စစ်မဲ့ဇုန်အတွင်း တောင်ကိုရီးယား-မြောက်ကိုရီးယား စစ်ရေးနယ်နိမိတ်ပိုင်းခြားမျဉ်း အနီး၌ အလုပ်လုပ်ကိုင်နေသော မြောက်ကိုရီးယားစစ်သားအချို့သည် “တောင်ကိုရီးယား-မြောက်ကိုရီးယား စစ်ရေးနယ်နိမိတ်ပိုင်းခြားမျဉ်းကို ထိပါး” ခဲ့ရာ ယင်းနှင့်စပ်လျဉ်း၍ တောင်ကိုရီးယားဘက်မှ သတိပေးပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များရုံးက ဩဂုတ် ၂၃ ရက်က ပြောကြားခဲ့သည်။
တောင်ကိုရီးယားဘက်မှ သတိပေးပစ်ခတ်မှုအပြီးတွင် မြောက်ကိုရီးယားစစ်သားများသည် တောင်ကိုရီးယား-မြောက်ကိုရီးယား စစ်ရေးနယ်နိမိတ်ပိုင်းခြားမျဉ်း၏ မြောက်ဘက်သို့ ရွေ့လျားသွားခဲ့ကြောင်း၊ တောင်ကိုရီးယားစစ်တပ်ဘက်မှ မြောက်ကိုရီးယားစစ်တပ်၏ လှုပ်ရှားမှုများကို နီးကပ်စွာ စောင့်ကြည့်လျက်ရှိကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များရုံးက ပြောကြားခဲ့သည်။
တောင်ကိုရီးယားစစ်တပ်က ဩဂုတ် ၁၉ ရက်တွင် “ပြင်းထန်သော ရန်စမှု” ပြုလုပ်ခဲ့ကြောင်း၊ ပြောင်းအဝ ၁၂.၇ မီလီမီတာရှိသော စက်သေနတ်များဖြင့် တောင်ပိုင်းနယ်စပ်မျဉ်းအနီးတွင် အတားအဆီးအဆောက်အအုံများ ထာဝရအဖြစ် တည်ဆောက်ရေးစီမံကိန်းတွင် အလုပ်များနေသော မြောက်ကိုရီးယားစစ်သားများကို သတိပေးပစ်ခတ်မှု ပြုလုပ်ခဲ့ကြောင်း မြောက်ကိုရီးယား ပြည်သူ့စစ် စစ်ဦးစီးချုပ်များရုံး ဒုဦးစီးချုပ်၊ ကြည်းတပ် ဒုတိယဗိုလ်ချုပ်ကြီး Ko Jong Chol က ဩဂုတ် ၂၂ ရက် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ကြောင်း မြောက်ကိုရီးယားဗဟိုသတင်းဌာန (KCNA) က သတင်းထုတ်ပြန်ခဲ့သည်။ (Xinhua)
………………………..
(Chinese Version)
韩国军方说对朝鲜侵犯军事分界线进行警告射击
新华社首尔8月23日电(记者黄昕欣 陆睿)韩国联合参谋本部23日说,当地时间19日15时许,在中部战线非军事区内,在韩朝军事分界线附近劳动的部分朝鲜军人“侵犯了韩朝军事分界线”,对此韩方进行了警告射击等。
韩国联合参谋本部表示,韩方警告射击后,朝鲜军人向韩朝军事分界线以北移动。韩国军方正密切关注朝鲜军方动向。
另据朝中社23日报道,朝鲜人民军总参谋部副总参谋长、陆军中将高正哲22日发表谈话说,韩国军方19日做出了“严重挑衅”,用12.7毫米大口径机枪向南部边境线附近正忙于障碍物永久化工程的朝鲜军人进行警告射击。(完)
English Caption – File photo taken on Oct. 4, 2007 shows a soldier (L) of the People’s Army of the Democratic People’s Republic of Korea (DPRK) looks on as a South Korean soldier stands guard in the truce village of Panmunjom, border between South Korea and the DPRK. (Xinhua/Gong Bing)