China
ပေကျင်းတွင် မိုးကြီးမှု သတိပေးချက် ထုတ်ပြန်

ပေကျင်း၊ ဩဂုတ် ၂၆ ရက် (ဆင်ဟွာ)
တာဝန်ရှိသူများက သြဂုတ် ၂၆ ရက်ညမှ သြဂုတ် ၂၇ ရက်အထိ မိုးကြီးနိုင်ကြောင်း ခန့်မှန်းသတိပေးချက် ထုတ်ပြန်ထားသဖြင့် ပေကျင်းမြို့တော်တွင် ရေကြီးမှုထိန်းချုပ်ရေး မြို့အနှံ့ အရေးပေါ်တုံ့ပြန်မှု အဆင့် ၃ ကို သြဂုတ် ၂၆ ရက်နေ့လယ်တွင် စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။
ပေကျင်း မိုးလေဝသစောင့်ကြည့်လေ့လာရေးဌာနက တချို့သောနေရာများတွင် ခြောက်နာရီအတွင်း မိုးရေချိန် ၇၀ မီလီမီတာကျော်၊ ၂၄ နာရီအတွင်း ၁၀၀ မီလီမီတာကျော် ရရှိနိုင်ကြောင်း ပြောကြားခဲ့သည်။
မြို့နယ်ခုနစ်ခုတွင် မိုးကြီးနိုင်ကြောင်း၊ တတိယအမြင့်ဆုံးအဆင့်ဖြစ်သော လိမ္မော်ရောင်အဆင့် သတိပေးချက် ထုတ်ပြန်ခဲ့ပြီး မြို့တွင်း မန်ထိုကိုး၊ နှင့် ဖောင်ဆန်း ခရိုင်များတွင်မူ မိုးသည်းထန်မှုကြောင့် ရုတ်တရက် ရေကြီးမှု ဖြစ်ပေါ်နိုင်သောကြောင့် အနီရောင်အဆင့်သတိပေးချက် ထုတ်ပြန်ထားခဲ့သည်။
မြို့တော်၏ရေအရင်းအမြစ်နှင့် မိုးလေဝသ တာဝန်ရှိသူများက ရေကြီးမှုနှင့်တောင်ကျရေ အန္တရာယ်ဆိုင်ရာ အဝါရောင် သတိပေးချက်များ ပူးတွဲထုတ်ပြန်ထားကြောင်း သိရသည်။ မြို့ပြဧရိယာများတွင် သြဂုတ်၂၆ ရက် ည ၁၁း၀၀ နာရီအချိန်မှစ၍ ရေကြီးမှု အန္တရာယ်ရှိနေပြီး ဖောင်ဆန်း၊ မန်ထိုကိုး၊ ချန်းဖိန် နှင့် ယန်ချင့် ခရိုင်များတွင် တောင်ကျရေအန္တရာယ်မြင့်မားမှုနှင့် ရင်ဆိုင်ရနိုင်ကြောင်း ပြောကြားခဲ့သည်။
ရေကြီးမှုတားဆီးထိန်းချုပ်ရေးတာဝန်ရှိသူများက အများပြည်သူအား ခရီးသွားလာမှု ကန့်သတ်လျှော့ချရန်နှင့် မြစ်ချောင်းနှင့်တောင်ထူထပ်သောနေရာများ အဝေးတွင်နေထိုင်ကြရန် တံတားအောက်နှင့် မြေနိမ့်ပိုင်းနေရာများတွင် ယာဥ်ရပ်နားခြင်းများ မပြုလုပ်ကြရန် တိုက်တွန်းထားကြောင်းသိရသည်။
တရုတ်နိုင်ငံတွင် မိုးလေဝသ သတိပေးစနစ်များ အရောင်များဖြင့်ခွဲခြားထားပြီး အမြင့်ဆုံးသတိပေးချက်ကို အနီရောင်အဖြစ် သတ်မှတ်ထားကာ ယင်းနောက်၌ လိမ္မော်ရောင်၊ အဝါရောင်၊ အပြာရောင် ဟူ၍ အစဥ်လိုက် လေးဆင့် သတ်မှတ်ထားကြောင်း သိရသည်။ (Xinhua)
……………………
(English Version)
Beijing on alert for heavy rains
BEIJING, Aug. 26 (Xinhua) — Beijing activated a city-wide Level-III emergency response for flood control at noon Tuesday, as authorities warned of heavy rainfall expected from Tuesday night through Wednesday.
The Beijing meteorological observatory said some areas could receive over 70 mm of rain within six hours or more than 100 mm within 24 hours.
An orange alert — the third-highest alert level — for heavy rain is in effect for seven districts, while red alerts have been issued for the suburban districts of Mentougou and Fangshan, where downpours may trigger flash floods.
The city’s water and meteorological authorities jointly issued yellow warnings for waterlogging and mountain torrents, noting that urban areas are at risk of waterlogging from 11 p.m. Tuesday, while Fangshan, Mentougou, Changping and Yanqing districts are facing a higher risk of mountain torrents.
Flood control authorities have urged the public to limit travel, stay away from rivers and mountainous areas, and avoid parking in low-lying zones or under bridges.
China has a four-tier color-coded weather warning system, with red representing the most severe warning, followed by orange, yellow and blue.
Photo : People walk amid the rain in Beijing, capital of China, July 30, 2023.