Asia
ဗီယက်နမ် အမျိုးသားနေ့တွင် အကျဉ်းသား ၁၀,၀၀၀ ကျော် လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် စီစဉ်နေ

ဟနွိုင်း၊ ဩဂုတ် ၂၇ ရက် (ဆင်ဟွာ)
၂၀၂၅ ခုနှစ် စက်တင်ဘာ ၂ ရက်၌ကျရောက်မည့် ဗီယက်နမ်နိုင်ငံ၏အမျိုးသားနေ့တွင် အကျဉ်းသား ၁၀,၀၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးရန် စီစဉ်နေကြောင်း၊ ယင်းမှာ ပြုပြင်ပြောင်းလဲမှု လုပ်ခဲ့ကြသည့်အကျဥ်းသားများအတွက် လက်ရှိအချိန်အထိ အကြီးမားဆုံးလွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းလည်း ဖြစ်မည်ဟု မျှော်လင့်ရကြောင်း ဗီယက်နမ်ပြည်တွင်းမီဒီယာ VNExpress ၏ ဩဂုတ် ၂၆ ရက် သတင်းဖော်ပြမှုအရ သိရသည်။
သြဂုတ် ၂၅ ရက်က ဗီယက်နမ် ဒုတိယဝန်ကြီးချုပ် ငုယင်ဟွာဘင်း ဦးဆောင်ပြုလုပ်ခဲ့သည့် ပြန်လည် သုံးသပ်မှုအစည်းအဝေး၌ ထောင်ဒဏ်ပြစ်ဒဏ်ကျခံနေစဉ်ကာလအတွင်း ပြန်လည်ပြုပြင်ရေးကို ကောင်းစွာလုပ်ဆောင်ခဲ့ကြသည့် ပြစ်ဒဏ်ကျ အကျဥ်းသားတစ်ဦးချင်းစီတိုင်းအား သက်ညှာခွင့် ပေးရ မည့် ပါတီနှင့် နိုင်ငံတော်၏ တစ်သမတ်တည်းသောမူဝါဒအရ လွတ်ငြိမ်းခွင့်ပေးခြင်းဖြစ်သည်ဟု ဒုတိယဝန်ကြီးချုပ်က အလေးပေးပြောကြားခဲ့ကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။
လွတ်ငြိမ်းချမ်းသာခွင့်တောင်းဆိုသည့် အကျဉ်းသားတိုင်းအား ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနနှင့် အမျိုးသားကာကွယ်ရေးဝန်ကြီး ဌာနနှစ်ခုစလုံး၏ စီမံခန့်ခွဲမှုဖြင့် နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များတွင် ဝန်ကြီးဌာနအချင်းချင်းပူးပေါင်းဆောင်ရွက်ကာ အဆင့်ဆင့် စိစစ်သုံးသပ်စစ်ဆေးပြီး လွတ်ငြိမ်း ချမ်းသာခွင့်ပေးမည်ဖြစ်ကြောင်း သတင်းဖော်ပြမှုအရ သိရသည်။ (Xinhua)
………………………
(English Version)
Vietnam plans to grant amnesty to over 10,000 inmates on National Day
HANOI, Aug. 26 (Xinhua)
Vietnam is set to grant amnesty to more than 10,000 inmates on Sept. 2, the occasion of its National Day, which is expected to be the largest amnesty to date for reformed prisoners, local media VNExpress reported Tuesday.
Chairing the review meeting on Monday, Deputy Prime Minister Nguyen Hoa Binh stressed that the process must reflect the party and state’s consistent policy of granting clemency to individuals who have demonstrated genuine rehabilitation while serving their prison terms, the report added.
All amnesty requests were screened and verified through a multi-level review process, involving inter-agency coordination across detention facilities managed by both the Ministry of Public Security and the Ministry of National Defense, the report noted.
Photo:
People visit the Ho Chi Minh Mausoleum in Hanoi, Vietnam, June 27, 2023. (Photo by Pham Dinh Duc/Xinhua)