Connect with us

China

“အမျိုးသားသတင်းဌာန ကြေးမုံ – ရာစုနှစ်ပုံရိပ်များမှ ပြည်သူများ မုချအောင်နိုင်မှု” အနုပညာပြပွဲ ဖွင့်လှစ်ကျင်းပ

တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကျင်းပသည့် “အမျိုးသားသတင်းဌာန ကြေးမုံ - ရာစုနှစ်ပုံရိပ်များမှ ပြည်သူများ မုချအောင်နိုင်မှု” အနုပညာပြပွဲအား လေ့လာကြည့်ရှုနေသူများကို ၂၀၂၅ ခုနှစ် ဩဂုတ် ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၂၇ ရက် (ဆင်ဟွာ)
“အမျိုးသားသတင်းဌာန ကြေးမုံ – ရာစုနှစ်ပုံရိပ်များမှ ပြည်သူများ မုချအောင်နိုင်မှု” အနုပညာပြပွဲကို ဩဂုတ် ၂၆ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့ အမျိုးသားဘဏ္ဍာရေး အချက်အလက်စင်တာ၌ ဖွင့်လှစ်ကျင်းပခဲ့သည်။ အဆိုပါပြပွဲတွင် ကဏ္ဍ ၅ ရပ်ပါဝင်ကာ တရုတ်စစ်မျက်နှာစာအား အဓိကရှုထောင့်အဖြစ် ထားရှိပြီး အဖိုးတန် သမိုင်းဝင်ဓာတ်ပုံ ၁၄၀ ကျော်၊ ခုခံတော်လှန်ရေးစစ်ပွဲ ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများ၊ အနုပညာရှင်များ၏ ပန်းချီကားနှင့် ရုပ်တုလက်ရာပေါင်း ၁၀ ခုကျော်ဖြင့် ခမ်းနားထည်ဝါလှသော ခုခံတော်လှန်ရေးစစ်ပွဲ မြင်ကွင်းပြည့်ရုပ်ပုံကို ခင်းကျင်းပြသထားသည်။
ယခုအကြိမ်ပြပွဲသည် “အမျိုးသားသတင်းဌာန ကြေးမုံ – ရာစုနှစ်ပုံရိပ်” ဆက်စပ်ပြပွဲများအနက် တစ်ခုအနေဖြင့် ဆင်ဟွာသတင်းဌာန ဓာတ်ပုံသတင်းထောက်၏ ဩဇာလွှမ်းမိုးမှု၊ ကျွမ်းကျင်မှုနှင့် ခမ်းနား၍ အပြုသဘောဆောင်မှု အနုရသပုံစံအား ဆက်လက် လက်ဆင့်ကမ်းထားသည့် အခြေခံပေါ်တွင် ခမ်းနားကြီးကျယ်သော သမိုင်းရှုထောင့်အမြင်နှင့် နက်ရှိုင်းသော စိတ်ဓာတ်အချက်အချာဖြင့် တရုတ်နိုင်ငံက ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အရှေ့တိုင်းစစ်မျက်နှာစာ၏ ရဲရင့်သည့် ရာဇဝင်တေးကဗျာကို ပြန်လည်တင်ဆက်ပေးလိုက်သည်။
ပြပွဲဖွင့်ပွဲအခမ်းအနားတွင် ဆင်ဟွာသတင်းဌာန ဒုတိယဥက္ကဋ္ဌ၊ ပါတီအဖွဲ့ အဖွဲ့ဝင် လျိုကျန့်က အမှာစကား ပြောကြားရာ၌ ကြီးမားသောကလောင်တံဖြင့် ခေတ်ကာလအကြောင်း တင်ဆက်၍ ပုံရိပ်များဖြင့် ပြည်သူများကို မှတ်တမ်းတင်ဂုဏ်ပြုသွားမည်ဖြစ်ကြောင်း၊ ဆင်ဟွာသတင်းဌာနသည် နယ်ပယ်စုံနှင့် အတူလက်တွဲ၍ တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းမှု ဟူသည့် ကြီးမြတ်သော လက်တွေ့ဖော်ဆောင်မှုတွင် ထဲထဲဝင်ဝင် လုပ်ဆောင်ပြီး အင်အားကြီးနိုင်ငံတည်ဆောက်မှု၊ အမျိုးသားပြန်လည်နိုးထမှုဟူသည့် ခန့်ညားသောမြင်ကွင်းပုံရိပ်တွင် အာရုံစိုက်သွားမည်ဖြစ်ကြောင်း၊ လက်ထဲရှိ ကလောင်တံနှင့် ကင်မရာဖြင့် ပါတီနှင့် ပြည်သူတို့ မလျှော့သောဇွဲဖြင့် ကြိုးပမ်းမှု၊ ကြီးမြတ်သော ခေတ်ကာလ၏ ဧရာမကြီးမားသော သမိုင်းပြောင်းလဲမှုကို စိတ်အားထက်သန်စွာဖြင့် တင်ဆက်ကာ “ပြည်သူများ မုချအောင်နိုင်မှု” ဟူသည့် တည်ကြည်လေးနက်သော ကြေညာမှုကို အချိန်ကာလများကြားတွင် ဆက်လက်ထွန်းပြောင် တောက်ပလာစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယခုအကြိမ်ပြပွဲကို ဆင်ဟွာသတင်းဌာန အနုပညာဌာန၊ ဆင်ဟွာသတင်းဌာန ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီလီမိတက်၊ ဆင်ဟွာသတင်းဌာန China Photo Service တို့မှ တာဝန်ယူကျင်းပခြင်းဖြစ်ပြီး မဟာဗျူဟာမိတ်ဖက် တရုတ်စိုက်ပျိုးရေးဘဏ်မှ ပံ့ပိုးကူညီပေးခြင်း ဖြစ်သည်။ ပေကျင်းပင်မပြပွဲအပြင် ရှန်ဟိုင်း၊ နန်ကျင်း စသည့်ဒေသများတွင်လည်း ဒေသန္တရ ပြပွဲခွဲများစွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

——————–
(Chinese Version)
“国社之镜·世纪光影之人民必胜”艺术展开展
新华社北京8月26日电 由新华通讯社主办的“国社之镜·世纪光影之人民必胜”艺术展26日在北京国家金融信息大厦开展。展览共分为五个篇章,以中国战场为主视角,通过140余张珍贵历史照片、抗战文物和十余件著名艺术家的绘画及雕塑作品,铺展出一幅气壮山河的抗战全景图。
本次展览作为“国社之镜·世纪光影”系列展览之一,在延续新华社摄影记者权威、专业和大气方正的美学风格基础上,以宏大的历史视野和深刻的精神内核,再现中国作为世界反法西斯战争东方主战场的壮烈史诗。
开幕式上,新华社副社长、党组成员刘健在致辞中表示,以巨笔写时代,用光影颂人民,新华社将与各界携手,扎根中国式现代化伟大实践,聚焦强国建设、民族复兴壮阔图景,用手中的笔和镜头,满怀热忱展现党和人民的不懈奋斗、伟大时代的历史巨变,让“人民必胜”的庄严宣示在光影长河中奔腾不息、熠熠生辉。
本次展览由新华社美术馆、新华社投资控股有限公司、新华社中国图片社承办,战略合作伙伴中国农业银行支持。除北京主展外,展览还将在上海、南京等地举办多场地方分展。(完)
图说:8月26日,观众参观展览。新华社记者 金良快 摄