Politics
တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲအောင်နိုင်ခြင်း နှစ် (၈၀) ပြည့် အထိမ်းအမှတ် ဆွေးနွေးပွဲ မြန်မာနိုင်ငံတွင် ကျင်းပ

ရန်ကုန်၊ ဩဂုတ် ၂၇ ရက် (ဆင်ဟွာ)
တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲအောင်နိုင်ခြင်း နှစ် (၈၀) ပြည့် အထိမ်းအမှတ် ဆွေးနွေးပွဲကို ဩဂုတ်၂၆ ရက်က ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms. Ma Jia ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲအောင်နိုင်ခြင်းအတွက် တရုတ်-မြန်မာ နှစ်နိုင်ငံမှ ပံ့ပိုးကူညီပေးခဲ့မှုကို ပြန်လည်သုံးသပ်ပြီး ထိုင်ဝမ်ပြည်နယ် ပြန်လည်ပေါင်းစည်းရေးသည် ဒုတိယကမ္ဘာစစ်၏ အောင်မြင်မှုရလဒ်နှင့် စစ်ပြီးခေတ် နိုင်ငံတကာ စည်းမျဉ်းစည်းကမ်း၏ အရေးပါသော အစိတ်အပိုင်းဖြစ်ကြောင်း၊ ဒုတိယကမ္ဘာစစ်၏ မှန်ကန်သောသမိုင်းအမြင်ကို ပြန့်ပွား၍ နိုင်ငံတကာစည်းမျဉ်းစည်းကမ်းကို ကာကွယ်ကာ အေးအတူပူအမျှအသိုက်အဝန်းကို အတူတကွတည်ဆောက်ကြရန် တိုက်တွန်းနှိုးဆော်ကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲတင့်က မြန်မာနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အစဉ်အမြဲထောက်ခံကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းအား လွှမ်းမိုးရေးဝါဒ (Hegemonism) နှင့် အင်အားကြီးနိုင်ငံရေး (Power politics) တို့ကို ဆန့်ကျင်၍ ကုလသမဂ္ဂ မူဘောင်အောက်တွင် ငြိမ်းချမ်းတည်ငြိမ်ပြီး ဖွံ့ဖြိုးသာယာလှပသည့်ကမ္ဘာကြီးကို အတူတကွ ကြိုးပမ်း တည်ဆောက်ကြရန် တိုက်တွန်းနှိုးဆော်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

ရန်ကုန်မြို့၌ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲအောင်နိုင်ခြင်း နှစ် (၈၀) ပြည့် အထိမ်းအမှတ် ဆွေးနွေးပွဲကို ဩဂုတ် ၂၆ ရက်က ကျင်းပခဲ့စဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး)
…………………….
(English Version)
Symposium in Myanmar marks 80th anniversary of China’s victory over Japanese aggression
YANGON, Aug. 26 (Xinhua) — A symposium was held here on Tuesday to commemorate the 80th anniversary of the victory in the Chinese People’s War of Resistance Against Japanese Aggression and the World Anti-Fascist War.
Speaking at the event, Chinese Ambassador to Myanmar Ma Jia said that Taiwan’s return to China is the victory achievement of World War II and an important part of the post-war international order.
She called for promoting a correct view of World War II history, maintaining the post-war international order, and working together to build a community with a shared future for mankind.
Myanmar’s Deputy Minister for Information U Ye Tint said that Myanmar has firmly observed the one-China principle, and called on the international community to oppose hegemony and power politics and work to build a peaceful, stable and prosperous world under the framework of the United Nations. ■