Connect with us

China

အမေရိကန်အနေဖြင့် အမေရိကန်သမ္မတ ထရမ့်၏ တရုတ်ပညာတော်သင်ကျောင်းသားများအား အမေရိကန်သို့ လာရောက်ပညာသင်ယူရန် ကြိုဆိုသည့် ထုတ်ပြန်ချက်ကို လက်တွေ့ဖော်ဆောင်ရန် မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

ပေကျင်း၊ ဩဂုတ် ၂၈ ရက် (ဆင်ဟွာ)
အမေရိကန်အနေဖြင့် အမေရိကန်သမ္မတ ထရမ့်၏ တရုတ်ပညာတော်သင်ကျောင်းသားများအား အမေရိကန်သို့ လာရောက်ပညာသင်ယူရန် ကြိုဆိုသည့် ထုတ်ပြန်ချက်ကို လက်တွေ့ဖော်ဆောင်ရန် မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက ဩဂုတ် ၂၇ ရက်တွင် ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ထရမ့်က ပိုမိုများပြားသော တရုတ်ပညာတော်သင်ကျောင်းသားများ အမေရိကန်သို့ လာရောက်ပညာသင်ယူရန် ကြိုဆိုကြောင်း လူဦးရေရည်မှန်းချက်မှာ ၆၀၀,၀၀၀ ခန့်ဖြစ်သည်ဟု ပြောကြားခဲ့ပြီး ယင်းမှာ လက်ရှိ အမေရိကန်ရှိ တရုတ်ကျောင်းသားအရေအတွက်၏ နှစ်ဆဖြစ်ကြောင်း၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက လတ်တလောတွင် တရုတ်ပညာတော်သင်ကျောင်းသားများ အမေရိကန်နိုင်ငံတွင် မသင့်လျော်သော ဆက်ဆံမှုခံရသည်ဟု ဖော်ပြခဲ့ရာ ဤကဲ့သို့နောက်ကြောင်း၌ ယင်းနှင့် ပတ်သက်၍ တရုတ်ဘက်က မည်သို့ မှတ်ချက်ပြုလိုပါသနည်းဟု သတင်းထောက်တစ်ဦးက ထိုနေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းခဲ့ခြင်းဖြစ်သည်။
ကောကျားခွန်းက ပညာရေးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုသည် နိုင်ငံအသီးသီးရှိ ပြည်သူများအကြား ကူးလူးဆက်ဆံမှုနှင့် နားလည်မှုကို မြှင့်တင်ရာတွင် အထောက်အကူပြုကြောင်း၊ “အမေရိကန်အနေနဲ့ အမေရိကန်သမ္မတ ထရမ့်ရဲ့ တရုတ်ပညာတော်သင်ကျောင်းသားတွေ အမေရိကန်ကို လာရောက်ပညာသင်ယူရန် ကြိုဆိုတဲ့ ထုတ်ပြန်ချက်အပေါ် လက်တွေ့ဖော်ဆောင်ပြီး တရုတ်ကျောင်းသားများအား အကြောင်းမဲ့ နှောင့်ယှက်ခြင်း၊ စစ်ဆေးမေးမြန်းခြင်းနဲ့ နိုင်ငံသို့ပြန်ပို့ခြင်း လုပ်ရပ်တွေကို ရပ်တန့်ကာ သူတို့ရဲ့ တရားဝင် အခွင့်အရေးနဲ့ အကျိုးစီးပွားများကို လက်တွေ့ကျ အာမခံပေးဖို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ဆိုသည်။ (Xinhua)
……………………
(Chinese Version)
外交部:希望美方将特朗普总统欢迎中国留学生赴美学习的表态落到实处
新华社北京8月27日电(记者董雪)外交部发言人郭嘉昆27日表示,希望美方将美国总统特朗普欢迎中国留学生赴美学习的表态落到实处。
当日例行记者会上,有记者问:美国总统特朗普表示,欢迎更多中国留学生赴美,目标人数是60万左右。这是目前中国在美留学生人数的两倍。外交部近期曾表示中国学生在美受到不当对待,在此背景下中方对此有何评论?
郭嘉昆表示,教育交流合作有助于增进各国人民之间交往与了解。“希望美方将特朗普总统欢迎中国留学生赴美学习的表态落到实处,停止无端滋扰、盘查、遣返中国留学生,切实保障他们的正当合法权益。”(完).

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.