Asia
ဥဇဘက်ကစ္စတန်နှင့် ဂျပန်တို့က နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာစေရန် ကတိပြု

တက်ရှ်ကန့်၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ)
ဥဇဘက်ကစ္စတန်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့က နှစ်နိုင်ငံဆက်ဆံရေးကို ခိုင်မာစေပြီး ဘက်ပေါင်းစုံပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ရန် သဘောတူညီလိုက်ပြီဖြစ်ကြောင်း ဒေသတွင်းမီဒီယာများက သြဂုတ် ၂၈ ရက်၌ ဖော်ပြခဲ့သည်။
ဥဇဘက်ကစ္စတန်သမ္မတ Shavkat Mirziyoyev က ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာကီရှီ အီဝါရာ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံခဲ့ကြောင်း ဥဇဘက်ကစ္စတန်သမ္မတရုံး သတင်းစာရှင်းလင်းပွဲ၌ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် နိုင်ငံရေး ဆွေးနွေးပွဲများ ပိုမိုနက်ရှိုင်းလာစေရေးနှင့် ကုန်သွယ်မှု၊ စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ဘဏ္ဍာရေးနှင့် နည်းပညာနယ်ပယ်များတွင် လက်တွေ့ကျသော စီမံကိန်းများ မြှင့်တင်ရေးအပြင် ယဉ်ကျေးမှုဆိုင်ရာနှင့် ပြည်သူချင်း ပူးပေါင်းဆောင်ရွက်မှုတို့ကို အလေးထားဆွေးနွေးခဲ့ကြောင်း သိရသည်။ (Xinhua)
…………………………
(English Version)
Uzbekistan, Japan vow to strengthen ties
TASHKENT, Aug. 28 (Xinhua) — Uzbekistan and Japan have agreed to strengthen bilateral relations and expand multifaceted cooperation, local media reported on Thursday.
Uzbek President Shavkat Mirziyoyev received a delegation headed by Takeshi Iwaya, Japanese minister of foreign affairs, the Uzbek presidential press service was quoted as saying.
The meeting focused on deepening political dialogue, and promoting practical projects in the trade and economic, investment, financial and technological fields, as well as cultural and people-to-people cooperation. ■
English Caption
Shavkat Mirziyoyev attends an inauguration ceremony in Tashkent, Uzbekistan, on July 14, 2023. (Ministry of Foreign Affairs of Uzbekistan/Handout via Xinhua)