Connect with us

China

SCO ထျန်းကျင်း ထိပ်သီးအစည်းအဝေး၊ ရှီကျင့်ဖိန်နှင့် ဖုန်လိယွမ်က ၂၀၂၅ ခုနှစ် SCO ထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာသော နိုင်ငံတကာ ဧည့်သည့်တော်များအတွက် ကြိုဆိုဧည့်ခံပွဲ အခမ်းအနား ကျင်းပ

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဇနီးဖြစ်သူ ဖုန်လိယွမ်တို့က တရုတ်နိုင်ငံ ထျန်းကျင်းမြို့ မေကျန်းကွန်ဗင်းရှင်းနှင့်ပြပွဲစင်တာ၌ တရုတ်နိုင်ငံသို့ လာရောက်၍ ၂၀၂၅ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေး တက်ရောက်လာကြသည့် ဧည့်သည်တော်များအား ကြိုဆိုဧည့်ခံပွဲ ကျင်းပခဲ့ရာ ယင်းမှာ ဧည့်ခံပွဲမစတင်မီ ရှီကျင့်ဖိန်နှင့် ဖုန်လိယွမ်တို့က ဧည့်သည်တော်များနှင့်အတူ စုပေါင်း အမှတ်တရ ဓာတ်ပုံ ရိုက်ကူးနေသည်ကို ဩဂုတ် ၃၁ ရက် ညပိုင်းက တွေ့ရစဉ် (ဆင်ဟွာ)

ထျန်းကျင်း၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဇနီးဖြစ်သူ ဖုန်လိယွမ်က ဩဂုတ် ၃၁ ရက် ညပိုင်းတွင် တရုတ်နိုင်ငံ ထျန်းကျင်းမြို့ မေကျန်းကွန်ဗင်းရှင်းနှင့်ပြပွဲစင်တာ၌ ကြိုဆိုဧည့်ခံပွဲ ကျင်းပခဲ့ပြီး ၂၀၂၅ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေး တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိနေသော နိုင်ငံတကာ ဧည့်သည်တော်များအား ကြိုဆိုခဲ့သည်။ ဟိုင်ဟယ်မြစ်ကမ်းဘေးတွင် မီးအလင်းရောင်များဖြင့် တောက်ပလျက်ရှိသည်။
ထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာကြသည့် SCO အဖွဲ့ဝင်နိုင်ငံများ၊ လေ့လာသူနိုင်ငံများ၊ ဆွေးနွေးဖက်နိုင်ငံများ၊ ဥက္ကဋ္ဌနိုင်ငံ၏ ဧည့်သည်တော်များ စသည့် ပြည်ပ နိုင်ငံ့ခေါင်းဆောင်များ၊ အစိုးရအကြီးအကဲများနှင့် ၎င်းတို့၏ ဇနီးများအပါအဝင် လူဦးရေ ၂၀ ကျော်၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် စသည့် နိုင်ငံတကာအဖွဲ့အစည်း တာဝန်ရှိသူ ၁၀ ဦးတို့ ဆက်တိုက် ရောက်ရှိလာခဲ့သည်။ ဂုဏ်ပြုတပ်ဖွဲ့ဝင်များက စီတန်း၍အလေးပြုခဲ့ကြသည်။ နိုင်ငံအသီးသီး၏ နာမည်ကျော်တေးဂီတများနှင့်အတူ နိုင်ငံတကာဧည့်သည်တော်များက အစည်းအဝေး တက်ရောက်သည့်နိုင်ငံများ၏ အလံများ၊ SCO အလံနှင့် ကုလသမဂ္ဂအလံများဖြင့် ဖွဲ့စည်းထားသော ကြီးကျယ်ခမ်းနားသည့် အလံတန်းကြီးကိုဖြတ်သန်းကာ အနီရောင်ကောဇောလမ်းတစ်လျှောက် လျှောက်လှမ်းလာခဲ့ကြသည်။
ရှီကျင့်ဖိန်နှင့် ဖုန်လိယွမ်တို့က ပြည်ပနိုင်ငံ ခေါင်းဆောင် ဇနီးမောင်နှံတို့အား နွေးထွေးစွာ လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြပြီး ၎င်းတို့နှင့် ရင်းနှီးစွာ လက်ဆွဲနှုတ်ဆက်ကာ အပြန်အလှန် နှုတ်ခွန်းဆက်၍ စုပေါင်း အမှတ်တရ ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။
သာယာငြိမ့်ညောင်းသော ဧည့်ကြိုတေးသံစဉ်များဖြင့် ရှီကျင့်ဖိန်နှင့် ဖုန်လိယွမ်တို့သည် ဧည့်သည်တော်များနှင့်အတူ ဧည့်ခန်းမထဲသို့ အတူတကွဝင်ရောက်လာကြသည်။
ရှီကျင့်ဖိန်က အမှာစကား ပြောကြားခဲ့ပြီး တရုတ်နိုင်ငံအစိုးရနှင့် တရုတ်ပြည်သူများ ကိုယ်စား တရုတ်နိုင်ငံသို့ ရောက်ရှိလာသော နိုင်ငံတကာ ဧည့်သည်တော်များအား လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြောင်း ပြောကြားခဲ့သည်။
ထို့သို့ အမှာစကား ပြောကြားရာတွင် ရှီကျင့်ဖိန်က SCO စတင်တည်ထောင်ချိန်မှစ၍ “ရှန်ဟိုင်းစိတ်ဓာတ်” ကို အစဉ်သဖြင့် လက်ကိုင်ထားပြီး စည်းလုံးညီညွတ်မှုနှင့် အပြန်အလှန်ယုံကြည်မှုကို ခိုင်မာစေခဲ့ကာ လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုများ နက်ရှိုင်းစေခဲ့သလို နိုင်ငံတကာနှင့် ဒေသတွင်းကိစ္စရပ်များတွင် ပါဝင်ဆောင်ရွက်လျက် နိုင်ငံတကာ ဆက်ဆံရေး ပုံစံအသစ်နှင့် လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်း ဖွဲ့စည်းတည်ဆောက်ရေးကို မြှင့်တင်ပေးသော အရေးပါသည့် အင်အား တစ်ရပ်ဖြစ်လာစေခဲ့ကြောင်း၊ လက်ရှိအချိန်တွင် ကမ္ဘာ့ရာစုနှစ် အခင်းအကျင်းသည် အရှိန်မြှင့် ဆင့်ကဲပြောင်းလဲလျက်ရှိပြီး မတည်ငြိမ်မှု၊ မသေချာမှုနှင့် ခန့်မှန်းရခက်မှု အကြောင်းတရားများက သိသိသာသာတိုးပွားလာကာ SCO ၏ ဒေသတွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးထိန်းသိမ်းခြင်း၊ နိုင်ငံအသီးသီး ဖွံ့ဖြိုးတိုးတက်မှုနှင့် သာယာဝပြောရေး မြှင့်တင်ခြင်း တာဝန်များသည် ပိုမိုကြီးမားလာခဲ့ကြောင်း အလေးအနက်ထား ပြောကြားခဲ့သည်။
ယခုထိပ်သီးအစည်းအဝေးသည် ဘက်အသီးသီး သဘောတူညီချက်များ စုစည်းရေး၊ ပူးပေါင်းဆောင်ရွက်မှု စွမ်းအင်များ လှုံ့ဆော်ပေးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအနာဂတ်စီမံချက်များ ရေးဆွဲရေးဆိုင်ရာ အရေးကြီးသော တာဝန်များကို ထမ်းဆောင်ထားလျက်ရှိကြောင်း၊ ဘက်အသီးသီး၏ အတူတကွ ကြိုးပမ်းမှုအောက်တွင် ထိပ်သီးအစည်းအဝေးသည် မုချ အပြည့်အဝ အောင်မြင်စွာ ကျင်းပနိုင်မည်ဖြစ်ကာ SCO သည် ပိုမိုကြီးမားသောစွမ်းဆောင်ချက်များ ပြသနိုင်မည် ဖြစ်သလို ပိုမိုကြီးမားသော ဖွံ့ဖြိုးတိုးတက်မှုများ အကောင်အထည်ဖော်နိုင်ပြီး အဖွဲ့ဝင်နိုင်ငံများ စည်းလုံးညီညွတ်စွာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ ကမ္ဘာ့တောင်ဘက်ခြမ်း အင်အားများ စုစည်းရေး၊ လူသားမျိုးနွယ် ယဉ်ကျေးမှု တိုးတက်ရေးလုပ်ငန်းများ အားပေးကူညီရေးတို့အတွက် ပိုမိုကြီးမားသော ပံ့ပိုးကူညီမှုများ လုပ်ဆောင်ပေးနိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းက အလေးထား ပြောကြားခဲ့သည်။
ထျန်းကျင်းမြို့သည် တံခါးဖွင့်လှစ်မှုနှင့်အားလုံးလက်ခံပါဝင်နိုင်မှုရှိသော မြို့တစ်မြို့ဖြစ်ပြီး ရှေးယခင်ကပင် မြို့တော် အနီးတစ်ဝိုက် အချက်အချာကျဒေသ အဖြစ်တည်ရှိခဲ့ကာ တရုတ်နိုင်ငံ ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်လှစ်မှုဆိုင်ရာ ရှေ့ပြေးဒေသလည်းဖြစ်ကြောင်း၊ ပေကျင်း-ထျန်းကျင်း- ဟဲပေ ဟန်ချက်ညီစွာ ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ၏ ဦးဆောင်မှုအောက်တွင် တရုတ်ပုံစံခေတ်မီအသွင်ပြောင်းရေး၏ ထျန်းကျင်း စာမျက်နှာသည် အသစ်သောအသွင်အပြင်များ အဆက်မပြတ် ပြသလျက်ရှိကြောင်း၊ ထျန်းကျင်းမြို့တွင် ကျင်းပသော ယခုအကြိမ် ထိပ်သီးအစည်းအဝေးသည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အား ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှင်သန်စွမ်းအားအသစ်များကို မုချ ဖြည့်တင်းပေးနိုင်မည်ဖြစ်ကြောင်း ရှီကျင့်ဖိန်က ထောက်ပြခဲ့သည်။
ဧည့်ခံပွဲ အခမ်းအနား ပြီးနောက် ရှီကျင့်ဖိန်နှင့် ဖုန်လိယွမ်တို့သည် ဧည့်သည်တော်များနှင့်အတူ “အနာဂတ် အတူဖန်တီးခြင်း” ယဉ်ကျေးမှု အနုပညာ ဖျော်ဖြေမှုကို အတူကကွ ကြည့်ရှုခဲ့ကြကာ ယဉ်ကျေးမှုအပြန်အလှန် လေ့လာခြင်း၊ ရာနှင့်ချီသော မြစ်ရေစီးကြောင်းများ ပင်လယ်၌ ဆုံစည်းကြသည့် စည်းလုံးညီညွတ်မှုအလှတရားကို ကြည့်ရှုခံစားကာ SCO မိသားစုကြီး၏ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်သော၊ တောက်ပခမ်းနားမှုများ အတူတကွဖန်တီးသော ထက်သန်သည့်ဇွဲနဘဲ၏အင်အားကို ကြည့်ရှုခံစားခဲ့ကြပေသည်။
အဆိုပါအခမ်းအနားသို့ ချိုက်ချီ၊ ဝမ်ရိ၊ ချန်မင်အယ်၊ ဝမ်ရှောင်ဟုန် စသည်တို့လည်း တက်ရောက်ခဲ့ကြသည်။
ကြိုဆိုဧည့်ခံပွဲမစတင်မီ ဧည့်သည့်တော်များသည် ထျန်းကျင်း ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ပြသပွဲကို လေ့လာကြည့်ရှုခဲ့ကြသည်။ (Xinhua)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် အမှာစကား ပြောကြားနေသည်ကို ဩဂုတ် ၃၁ ရက် ညပိုင်းက တွေ့ရစဉ် (ဆင်ဟွာ)


…………………………….
(Chinese Version)
上合组织天津峰会|习近平和彭丽媛为出席2025年上海合作组织峰会的国际贵宾举行欢迎宴会
新华社天津8月31日电(记者马卓言、李鲲)8月31日晚,国家主席习近平和夫人彭丽媛在天津梅江会展中心举行宴会,欢迎来华出席2025年上海合作组织峰会的国际贵宾。   海河之畔,灯光璀璨。
出席峰会的上海合作组织成员国、观察员国、对话伙伴国、主席国客人等20多位外国国家元首、政府首脑及配偶,联合国秘书长等10位国际组织负责人陆续抵达。礼兵列队致敬。伴随着各国名曲音乐,国际贵宾穿过由与会各国国旗、上海合作组织会旗和联合国旗帜组成的恢弘旗阵,沿着红地毯前行。
习近平和彭丽媛热情迎接外方领导人夫妇,同他们亲切握手,互致问候并合影留念。
在悠扬的迎宾曲中,习近平和彭丽媛同贵宾们共同步入宴会厅。
习近平发表致辞,代表中国政府和中国人民对来华出席上海合作组织峰会的国际贵宾表示热烈欢迎。
习近平强调,上海合作组织自成立以来,始终秉持“上海精神”,巩固团结互信,深化务实合作,参与国际和地区事务,成为推动构建新型国际关系和人类命运共同体的重要力量。当前,世界百年变局加速演进,不稳定、不确定、难预料因素明显增多,上海合作组织维护地区和平稳定、促进各国发展繁荣的责任更加重大。这次峰会肩负着凝聚各方共识、激发合作动能、擘画发展蓝图的重要使命。相信在各方共同努力下,峰会一定能够圆满成功,上海合作组织必将展现更大作为、实现更大发展,为促进成员国团结协作、汇聚全球南方力量、助力人类文明进步事业作出更大贡献。
这次峰会肩负着凝聚各方共识、激发合作动能、擘画发展蓝图的重要使命。相信在各方共同努力下,峰会一定能够圆满成功,上海合作组织必将展现更大作为、实现更大发展,为促进成员国团结协作、汇聚全球南方力量、助力人类文明进步事业作出更大贡献。
习近平指出,天津是一座开放包容的城市,自古为京畿要地,是中国改革开放先行区。在京津冀协同发展战略引领下,中国式现代化天津篇章不断展现新气象。在天津举办这次峰会,一定能给上海合作组织可持续发展注入新的活力。
宴会后,习近平和彭丽媛同贵宾们共同观看《共创未来》文艺演出,欣赏文明互鉴、百川汇海的和合之美,感受上海合作组织大家庭团结合作、共创辉煌的奋进力量。
蔡奇、王毅、陈敏尔、王小洪等出席活动。
欢迎宴会开始前,贵宾们参观了天津非物质文化遗产展示。(完)
图说1:8月31日晚,国家主席习近平和夫人彭丽媛在天津梅江会展中心举行宴会,欢迎来华出席2025年上海合作组织峰会的国际贵宾。这是宴会前,习近平和彭丽媛同贵宾们集体合影留念。 新华社记者 黄敬文 摄
图说2:这是习近平发表致辞。 新华社记者 谢环驰 摄