Asia
မလေးရှားနိုင်ငံတွင် ၆၈နှစ်မြောက်လွတ်လပ်ရေးအခမ်းအနားပြုလုပ်

ကွာလာလမ်ပူ၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)
မလေးရှားနိုင်ငံတွင် ၆၈ နှစ်မြောက် လွတ်လပ်ရေး အခမ်းအနားကို သြဂုတ် ၃၁ ရက်က ကျင်းပခဲ့ရာ အုပ်ချုပ်ရေးဗဟိုဖြစ်သည့် ပူထရာဂျာရာမြို့၌ကျင်းပသည့် လွတ်လပ်ရေးနေ့ဂုဏ်ပြုပွဲအခမ်းအနားသို့ ပြည်သူအများအပြား တက်ရောက်ကြခဲ့သည်။
မလေးရှားအမျိုးသားသတင်းအေဂျင်စီ Bernama ၏ အဆိုအရ မလေးရှားလူ့အဖွဲ့အစည်းကို ကိုယ်စားပြုသည့် အသင်းအဖွဲ့၈၁ ခုမှ လူပေါင်း ၁၄,၀၀၀ ကျော် အခမ်းအနားတွင် ပါဝင်ခဲ့ကြသည်။
မလေးရှားနိုင်ငံဘုရင် စူလ်တန်အီဘရာဟင်စူလ်တန်အစ္စကန်ဒါက လွတ်လပ်ရေးနေ့ချီတက်ပွဲအခမ်းအနားကို ကြီးကြပ်ဆောင်ရွက်ပေးခဲ့ပြီး နိုင်ငံတော်ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်နှင့် အစိုးရအဖွဲ့ဝင်များ ပူးပေါင်းပါဝင်ခဲ့ ကြသည်။ မလေးရှားနိုင်ငံ လေတပ်မှ တိုက်လေယာဉ်များ၊ ရဟတ်ယာဥ်များက စုဖွဲ့ပျံသန်းခဲ့ကြပြီး လေကြောင်းပြကွက်များ ကျွမ်းကျင်စွာပုံဖော်ပြသခဲ့ကြကြောင်း သိရသည်။ (Xinhua)

မလေးရှားနိုင်ငံ ၆၈ နှစ်မြောက်လွတ်လပ်ရေးနေ့အခမ်းအနား မီးရှူးမီးပန်းများကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ပက်ထရိုနပ်အမြွှာမျှော်စင်အနီးမှ ဓာတ်ပုံရိုက်နေသူများအား ၂၀၂၅ ခုနှစ် သြဂုတ် ၃၁ ရက်က တွေ့ရစဥ်(ဆင်ဟွာ)

မလေးရှားနိုင်ငံ ပူထရာဂျာရာတွင်ပြုလုပ်သည့် မလေးရှားနိုင်ငံ ၆၈ နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနားတွင် တက်ရောက်လာသည့် မီးသတ်တပ်ဖွဲ့ဝင်များကို ၂၀၂၅ ခုနှစ် သြဂုတ် ၃၁ ရက်က တွေ့ရစဥ် (ဆင်ဟွာ)
……………………….
(English Version)
Malaysia marks 68th anniversary of independence
KUALA LUMPUR, Sept. 1 (Xinhua) — Malaysia marked the 68th anniversary of independence on Sunday, with national leaders joining a huge public turnout at the administration center of Putrajaya to witness a parade celebrating the National Day.
Over 14,000 people were forming 81 contingents representing various segments of Malaysian society, according to the Malaysian national news agency Bernama.
The country’s King, Sultan Ibrahim Sultan Iskandar, oversaw the parade, with Prime Minister Anwar Ibrahim and cabinet members joining him. The country’s air force put on a show with fighter aircraft and various helicopters flying in formation and performing maneuvers.
Photo 1 : Performers are pictured during a celebration event marking Malaysia’s 68th anniversary of independence in Putrajaya, Malaysia, Aug. 31, 2025. (Chong Voon Chung/Xinhua)
Photo 2 : People take photos of fireworks in celebration of Malaysia’s 68th anniversary of independence near the Petronas Twin Towers in Kuala Lumpur, Malaysia, Aug. 31, 2025. (Xinhua/Cheng Yiheng)
Photo 3 : Firefighters attend a celebration event marking Malaysia’s 68th anniversary of independence in Putrajaya, Malaysia, Aug. 31, 2025. (Chong Voon Chung/Xinhua)