Connect with us

Africa & Middle East

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းငလျင်ကြောင့် သေဆုံးသူ ၈၀၀ ကျော် အထိ မြင့်တက်လာ

အာဖဂန်နစ္စတန်နိုင်ငံ Kunar ပြည်နယ်တွင် ငလျင်ကြောင့် ပျက်စီးသွားသော နေအိမ်များကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကဘူးလ်၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)
အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း၌ ဩဂုတ် ၃၁ ရက်တွင် ပြင်းအား ၆.၀ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူဦးရေမှာ ၈၁၂ ဦးအထိ မြင့်တက်လာပြီး အခြားသူ ၂,၈၁၇ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း အာဖဂန်နစ္စတန်နိုင်ငံ ယာယီအစိုးရ၏ စက်တင်ဘာ ၁ ရက်တွင် ထုတ်ပြန်သော ကြေညာချက်အရ သိရသည်။
ငလျင်ကြောင့် ထိခိုက်သေဆုံးမှုများသည် အဓိကအားဖြင့် အရှေ့ပိုင်း Kunar ပြည်နယ်၌ တစ်စုတစ်စည်းတည်း တည်ရှိပြီး အဆိုပါပြည်နယ်တွင် သေဆုံးသူဦးရေ ၈၀၀ ရှိကာ ဒဏ်ရာရရှိသူ ၂၅၀၀ ဦးရှိပြီဖြစ်ကြောင်း၊ ကပ်လျက်တည်ရှိသည့် Nangarhar ပြည်နယ်၌ လူ ၁၂ ဦးသေဆုံးကာ ၂၅၅ ဦး ဒဏ်ရာရရှိကြောင်း၊ Laghman ပြည်နယ်တွင် လူ ၅၈ ဦးသေဆုံးပြီး Nruistan ပြည်နယ်တွင်မူ လူ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဖဂန်နစ္စတန်နိုင်ငံ ယာယီအစိုးရ ပြောခွင့်ရပုဂ္ဂိုလ် Zabihullah Mujahid က မြို့တော်ကဘူးလ်၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အရှေ့ပိုင်းဒေသ၏ ကြမ်းတမ်းသော မြေအနေအထားသည် ကယ်ဆယ်ရေးလုပ်ငန်းများအတွက် အခက်အခဲ ဖြစ်စေပြီး သေဆုံးဒဏ်ရာရရှိသူဦးရေသည် ထပ်မံမြင့်တက်လာနိုင်ကြောင်း၊ ငလျင်သင့်ဒေသ၌ ကယ်ဆယ်ရေးတုံ့ပြန်မှုအဖွဲ့များ ဖြန့်ကြက်နေရာချထားပြီးဖြစ်ရာ လှုပ်ရှားမှုများ အရှိန်မြှင့်ဆောင်ရွက်၍ ငလျင်ဒဏ်သင့်ပြည်သူများကို ကူညီပေးသွားမည်ဖြစ်ကြောင်း Zabihullah Mujahid က ပြောကြားခဲ့သည်။
ငလျင်လှုပ်ခတ်ခဲ့သည့်ဒေသတွင် တောင်တန်းဒေသများဖြစ်သောကြောင့် ဒေသခံပြည်သူနေအိမ်များ အများစုမှာ အထပ်နိမ့် ရွှံ့အုတ်အိမ်များဖြစ်သည်။ နေအိမ်အများအပြား ဖျက်ဆီးခံရခြင်း သို့မဟုတ် ဆိုးရွားစွာ ပျက်စီးခြင်းကြောင့် ဒေသခံပြည်သူအများအပြားသည် အပျက်အစီးများကြားတွင် ပိတ်မိနေကြောင်း သိရသည်။

အမေရိကန် ဘူမိဗေဒဆိုင်ရာ သုတေသနအဖွဲ့ (USGS) ငလျင်အချက်အလက်ကွန်ရက်၏ သတင်းအရ အာဖဂန်နစ္စတန်နိုင်ငံ ဒေသစံတော်ချိန် ဩဂုတ် ၃၁ ရက် ည ၁၁ နာရီ ၄၇ မိနစ်တွင် ပြင်းအား ၆.၀ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း၊ ငလျင်ဗဟိုချက်သည် Nangarhar ပြည်နယ် မြို့တော် Jalalabad အရှေ့မြောက်ပိုင်း ၂၇ ကီလိုမီတာ အကွာတွင်ရှိကာ ငလျင်အနက်မှာ ၈ ကီလိုမီတာဖြစ်ကြောင်း၊ ထို့နောက် အနီးတစ်ဝိုက်ဒေသတွင်လည်း နောက်ဆက်တွဲငလျင် အကြိမ်များစွာ လှုပ်ခတ်ခဲ့ကြောင်း သိရသည်။ (Xinhua)

အာဖဂန်နစ္စတန်နိုင်ငံ Kunar ပြည်နယ် Nurgal ခရိုင်၌ ပျက်စီးသွားသော နေအိမ်ဘေးတွင် ရပ်နေသော အမျိုးသားတစ်ဦးကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

————————
(Chinese Version)
阿富汗东部地震已致超800人死亡
新华社喀布尔9月1日电(记者聂新宇 李昂)据阿富汗临时政府1日通报,8月31日发生在该国东部的6.0级地震已造成812人死亡,另有2817人受伤。
阿临时政府发言人穆贾希德在首都喀布尔举行的新闻发布会上说,地震造成的伤亡主要集中在东部库纳尔省,该省已有800人遇难、2500人受伤。邻近的楠格哈尔省有12人死亡、255人受伤,拉格曼省有58人受伤,努里斯坦省有4人受伤。
穆贾希德说,东部地区的崎岖地形给救援工作造成困难,伤亡人数可能会上升。救援响应小组已部署至灾区,将加快行动并向受灾人员提供援助。
据了解,地震发生地多为山区,当地民居多为低层泥砖房,大量房屋被毁或严重受损,许多居民被埋在废墟中。
美国地质调查局地震信息网显示,阿富汗当地时间8月31日23时47分发生6.0级地震,震中位于楠格哈尔省首府贾拉拉巴德东北方向27公里处,震源深度8公里。随后,附近地区又发生数次余震。(完)
1、这是9月1日在阿富汗东部库纳尔省努尔加尔拍摄的在地震中损毁的房屋。新华社发(卡扎菲摄)
2、9月1日,在阿富汗东部库纳尔省努尔加尔,一名男子站在一处损毁的房屋旁。新华社发(卡扎菲摄)