Connect with us

Asia

ဗီယက်နမ်နိုင်ငံတွင် သြဂုတ်တော်လှန်‌‌ရေးနှင့်အမျိုးသားနေ့ နှစ် ၈၀ ပြည့်အခမ်းအနား ကျင်းပ

ဗီယက်နမ်နိုင်ငံ Ba Dinh ရင်ပြင်၌ ပြုလုပ်သည့် သြဂုတ်တော်လှန်‌‌ရေးနှင့် အမျိုးသားနေ့ နှစ် ၈၀ ပြည့်အခမ်းအနား မြင်ကွင်းတစ်ခုကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ဟနွိုင်း၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ)
ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ Ba Dinh ရင်ပြင်၌ ခမ်းနားသည့်စစ်ရေးပြချီတက်ပွဲနှင့်အတူ သြဂုတ်တော်လှန်ရေးနှင့် အမျိုးသားနေ့ နှစ် ၈၀ ပြည့်အခမ်းအနား ကျင်းပခဲ့ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက သတင်း ဖော်ပြခဲ့သည်။
အဆိုပါအခမ်းအနားကို အမြောက် ၂၁ ချက် ပစ်ဖောက်ဂုဏ်ပြုကာ စတင်ခဲ့ပြီးနောက် စစ်ဘက်သုံးမော်တော် ယာဥ်များ အမြောက်ကြီးများနှင့် လက်နက်များကြီးမားခမ်းနားစွာပြသမှုနှင့်အတူ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ ရဲတပ်ဖွဲ့ဝင်များ၏ စစ်ရေးပြချီတက်မှုပြုလုပ်ခဲ့သည်။
ဟနွိုင်းမြို့လမ်းများတစ်လျှောက်တွင် စက်တင်ဘာ ၁ ရက်ညက ဗီယက်နမ် မိသားစုများ၊ ခရီးသွားဧည့်သည်များ ထောင်နှင့်ချီ စုရုံးခဲ့ကြပြီး စက်တင်ဘာ ၂ ရက် နံနက်ပိုင်း အခမ်းအနား ကြည့်ရူရန် စစ်ချီတက်ရာ လမ်းမကြီးဘေးနေရာများတွင် ညပိုင်းကတည်းကနေရာယူခဲ့ကြကြောင်း သတင်းတွင် ဖော်ပြခဲ့သည်။
သြဂုတ်တော်လှန်ရေးသည် ၁၉၄၅ ခုနှစ် သြဂုတ်လတွင်ဖြစ်ပေါ်ခဲ့ပြီး ၁၉၄၅ ခုနှစ် စက်တင်ဘာ ၂ ရက်တွင် ဗီယက်နမ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ (ယခု ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ) တည်ထောင်ခြင်းဆီသို့ ဦးတည် စေခဲ့ကြောင်း သိရသည်။ (Xinhua)

ဗီယက်နမ်နိုင်ငံ Ba Dinh ရင်ပြင်၌ ပြုလုပ်သည့် သြဂုတ်တော်လှန်‌‌ရေးနှင့် အမျိုးသားနေ့ နှစ် ၈၀ ပြည့် အခမ်းအနား စစ်ရေးပြချီတက်မှုတွင် စစ်ဘက်သုံးယာဥ်များကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ Ba Dinh ရင်ပြင်၌ ပြုလုပ်သည့် သြဂုတ်တော်လှန်‌‌ရေးနှင့် အမျိုးသားနေ့ နှစ် ၈၀ ပြည့်အခမ်းအနား စစ်ရေးပြချီတက်မှုတွင်ပါဝင်သည့် ဗီယက်နမ်စစ်သည်များကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂ ရက် က တွေ့ရစဥ် (ဆင်ဟွာ)

……………………..
(English Version)
Vietnam marks 80th anniversary of August Revolution and National Day
HANOI, Sept. 2 (Xinhua) — Vietnam on Tuesday marked the 80th anniversary of the August Revolution and National Day with a grand military parade at Ba Dinh Square in the capital Hanoi, Vietnam News Agency reported.
The celebration began with a 21-gun salute, followed by a military parade featuring formations of the armed forces and police, accompanied by large-scale displays of military vehicles, artillery, and weapons.
Thousands of Vietnamese families and tourists gathered along the streets of Hanoi on Monday night, lining the sidewalks of the parade routes to secure prime viewing spots for Tuesday morning’s celebrations, according to the report.
The August Revolution, which took place in August 1945, led to the establishment of the Democratic Republic of Vietnam (now the Socialist Republic of Vietnam) on Sept. 2, 1945.
Photo (1) : This photo taken on Sept. 2, 2025 shows a scene during the celebration for the 80th anniversary of the August Revolution and National Day at Ba Dinh Square in Hanoi, Vietnam. (Xinhua/Li Xiang)
Photo (2) :Military vehicles participate in a military parade marking the 80th anniversary of the August Revolution and National Day at Ba Dinh Square in Hanoi, Vietnam, Sept. 2, 2025. V (Xinhua/Hu Jiali)
Photo (3) :Vietnamese soldiers participate in a military parade marking the 80th anniversary of the August Revolution and National Day at Ba Dinh Square in Hanoi, Vietnam, Sept. 2, 2025. (Xinhua/Hu Jiali)