Connect with us

မြန်မာ-中文

“ကမ္ဘာ့တောင်ဘက်ခြမ်း” မီဒီယာနှင့် Think Tank အဆင့်မြင့်ဖိုရမ် မကြာမီ ကျင်းပတော့မည်၊ ကမ္ဘာ့အပြောင်းအလဲများအား ကိုင်တွယ်စီမံရန် အဓိကထားဆွေးနွေးမည်

“ရှန်ဟိုင်းစိတ်ဓာတ် မြှင့်တင်၍ သာယာလှပသော မိသားစုဥယျာဉ် အတူတကွတည်ဆောက်မည်” ဟူသော ခေါင်းစဉ်ဖြင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ မီဒီယာနှင့် Think Tank ထိပ်သီးအစည်းအဝေးအား တရုတ်နိုင်ငံ ကျိန့်ကျိုးမြို့၌ ၂၀၂၅ ခုနှစ် ဇူလိုင် ၂၅ ရက်က ကျင်းပနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ကူမင်း၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)

၂၀၂၅ ခုနှစ် “ကမ္ဘာ့တောင်ဘက်ခြမ်း” မီဒီယာနှင့် Think Tank အဆင့်မြင့်ဖိုရမ်ကို စက်တင်ဘာ ၅ ရက်မှ စက်တင်ဘာ ၉ ရက်အထိ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့၌ ကျင်းပမည် ဖြစ်သည်။ နိုင်ငံပေါင်း ၁၁၀ ၊ နိုင်ငံတကာနှင့် ဒေသတွင်းအဖွဲ့အစည်း ၂၆၀ ကျော်မှ ကိုယ်စားလှယ် ၅၀၀ ခန့်သည် “တောင်ဘက်ခြမ်း၏ အင်အားကို စုစည်း၍ ကမ္ဘာ့အပြောင်းအလဲများအား ကိုင်တွယ်စီမံခြင်း” ဟူသော ခေါင်းစဉ်ကို အဓိကထား၍ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဖလှယ်ကြမည် ဖြစ်သည်။ တရုတ်နိုင်ငံ ပြည်တွင်းပြည်ပ ဧည့်သည်တော်များက မီဒီယာနှင့် Think Tank နက်ရှိုင်းစွာ ဆွေးနွေးဖလှယ် ပူးပေါင်းဆောင်ရွက်မှုဖြင့် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ ခေတ်မီအသွင်ပြောင်း တည်ဆောက်ရေးကို အားဖြည့်ရန်၊ လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးကို လက်တွဲအတူ တွန်းအားပေးရန် မျှော်လင့်ကြသည်။

ယခုအကြိမ် ဖိုရမ်တွင် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ၏ မီဒီယာ၊ Think Tank၊ အစိုးရ၊ ကုမ္ပဏီလုပ်ငန်း စသည့်နယ်ပယ်များမှ ဧည့်သည်တော်များသည် ငြိမ်းချမ်းရေးသဘောတူညီချက်၊ ဖွံ့ဖြိုးရေးတွန်းအား၊ ပူးပေါင်းဆောင်ရွက်မှုလမ်းကြောင်းသစ်၊ ယဉ်ကျေးမှုတွေ့ဆုံဆွေးနွေးခြင်း စသည့် ကဏ္ဍ ၄ ရပ် ဆွေးနွေးမှုအကြောင်းအရာများကို ဗဟိုပြု၍ နက်ရှိုင်းစွာ ဆွေးနွေးဖလှယ်ကြမည် ဖြစ်သည်။ ဖိုရမ်ကျင်းပသည့်ကာလတွင် “‘ကမ္ဘာ့တောင်ဘက်ခြမ်း’ မီဒီယာနှင့် Think Tank အဆင့်မြင့်ဖိုရမ် ယူနန်သဘောတူညီချက်” ၊ “ခေတ်ကာလ၏တောင်းဆိုသံကို တုံ့ပြန်၍ ကမ္ဘာ၏မေးခွန်းများအား ဖြေရှင်းမည်___ တရုတ်နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့အတွေးအခေါ်ထုတ်ကုန် ပံ့ပိုးမှုနှင့် အကျိုးဆောင်မှု” Think Tank အစီရင်ခံစာ စသည့် ရလဒ် စာရွက်စာတမ်းများကို ထုတ်ပြန်မည်ဖြစ်သည်။

ယင်းမှာ “ကမ္ဘာ့တောင်ဘက်ခြမ်း” မီဒီယာနှင့် Think Tank အဆင့်မြင့်ဖိုရမ် ဒုတိယအကြိမ် ကျင်းပခြင်းဖြစ်သည်။ ယခုအကြိမ်ဖိုရမ်ကို ဆင်ဟွာသတင်းဌာန၊ တရုတ်ကွန်မြူနစ်ပါတီ ယူနန်ပြည်နယ် ကော်မတီ၊ ယူနန်ပြည်နယ် ပြည်သူ့အစိုးရတို့မှ အတူတကွ ကြီးမှူးကျင်းပခြင်းဖြစ်သည်။

၂၀၂၄ ခုနှစ် နိုဝင်ဘာလက ပထမအကြိမ် “ကမ္ဘာ့တောင်ဘက်ခြမ်း” မီဒီယာနှင့် Think Tank အဆင့်မြင့်ဖိုရမ်ကို ဘရာဇီးနိုင်ငံ ဆော်ပိုလိုမြို့တွင် အောင်မြင်စွာ ကျင်းပခဲ့သည်။ ပထမအကြိမ်ဖိုရမ်တွင် မီဒီယာနှင့် Think Tank သည် ကမ္ဘာ့တောင်ဘက်ခြမ်း ပူးပေါင်းဖလှယ်ရေးကို တွန်းအားပေးရာတွင် ပို၍ အရေးကြီးသည့်အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း အာဂျင်တီးနားနိုင်ငံ အာဂျင်တီးနား-တရုတ် သုတေသနစင်တာ ဒါရိုက်တာ Patricio Giusto က ပြောကြားခဲ့သည်။

ဆော်ပိုလိုမြို့၌ ကျင်းပသည့်ဖိုရမ်၏ တုံ့ပြန်မှုများ ရှိနေဆဲဖြစ်ပြီး ဒုတိယအကြိမ် ဖိုရမ်သည် ဖိုရမ်သို့တက်ရောက်ကြမည့် ဧည့်သည်တော်များ၏ မျှော်လင့်ချက်များစွာကို ဆောင်ကြဉ်းလျက်ရှိပေသည်။ ယနေ့ ကမ္ဘာ့တောင်ဘက်ခြမ်း၏ စီးပွားရေး စုစုပေါင်းပမာဏမှာ တစ်ကမ္ဘာလုံး၏ ၄၀ ရာခိုင်နှုန်းကျော် ဖြစ်ပြီး ကမ္ဘာ့စီးပွားရေး တိုးတက်မှု၏ အကျိုးဆောင်မှုနှုန်းမှာ ၈၀ ရာခိုင်နှုန်း အထိရှိရာ နိုင်ငံတကာ ငြိမ်းချမ်းမှုကို ကာကွယ်ထိန်းသိမ်းခြင်း၊ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးခြင်း၊ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုများ ကောင်းမွန်ပြည့်စုံစေခြင်း၏ အချက်အချာအင်အား ဖြစ်လာခဲ့ပြီ ဖြစ်သည်။

ဆော်ပိုလိုမှသည် ကူမင်းအထိ နှစ်ကြိမ်ဆက်တိုက် ကျင်းပသည့် “ကမ္ဘာ့တောင်ဘက်ခြမ်း” မီဒီယာနှင့် Think Tank အဆင့်မြင့်ဖိုရမ်က ကမ္ဘာ့ရာစုနှစ် အပြောင်းအလဲအောက်တွင် ကမ္ဘာ့တောင်ဘက်ခြမ်းသည် လေ့လာခံရသူအနေဖြင့် မဟုတ်တော့ဘဲ မိမိအကြောင်းကို ကိုယ်တိုင်တင်ဆက်သူ၊ ထားသလိုနေ စေသလိုသွားခံရသူ မဟုတ်ဘဲ ကိုယ့်ကံကြမ္မာကို ကိုယ့်လက်ဝယ်တွင် ကိုင်ထားသူ၊ သမိုင်း၏နောက်ခံ မဟုတ်တော့ဘဲ ခေတ်ကာလ၏ အဓိကဇာတ်ဆောင် ဖြစ်ကြောင်းကို ရှင်းလင်းစွာ သတင်းစကားပါးပေးလျက်ရှိသည်။

ပေကျင်းတက္ကသိုလ် သတင်းစာပညာနှင့် ဆက်သွယ်ရေးကျောင်း ပါမောက္ခ ချိန်မန့်လိက ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများတွင် ကြုံတွေ့နေရသည့် ဘုံတာဝန်ဝတ္တရားတစ်ခုရှိကြောင်း၊ ယင်းမှာ လက်ရှိ တည်ရှိဆဲ နိုင်ငံတကာ လူထုသဘောထား အခင်းအကျင်းနှင့် ပြောရေးဆိုခွင့် လက်ဝါးကြီးအုပ်ခံထားရခြင်းကို ထိုးဖောက်ရန်၊ မိမိ၏ ပင်မအနေအထားနှင့် ပြောရေးဆိုခွင့် အားသာချက်ကို စိုက်ထူနိုင်ရန် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ကမ္ဘာ့တောင်ဘက်ခြမ်းရဲ့ ကံကြမ္မာကို အခြားသူက အဆုံးအဖြတ်ပေးတာ မဟုတ်ပါဘူး၊ ကျွန်မတို့ ကိုယ်တိုင် ဖန်တီးတည်ဆောက်တာဖြစ်တယ်။ ကျွန်မတို့ လိုအပ်တာက မဟာဗျူဟာ စည်းလုံးညီညွတ်မှု၊ ရေရှည်အမြင်နဲ့ နိုင်ငံရေး ရဲစွမ်းသတ္တိပါပဲ” ဟု ၎င်းက ပြောကြားခဲ့သည်။

မိုဇမ်ဘစ်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း Aires Ali က ကမ္ဘာ့တောင်ဘက်ခြမ်းသည် ပထဝီအယူအဆတစ်မျိုးတည်းမဟုတ်ကြောင်း၊ အသံတစ်မျိုး၊ အင်အားတစ်စု၊ မဆုတ်မနစ်ကြိုးပမ်းမှုနှင့် မျှော်လင့်ချက်များ ပြည့်နှက်နေသည့် သမိုင်းပင် ဖြစ်ကြောင်း၊ ယင်းအသံကို နားဆင်ကြရန်၊ လေးစားကြရန်၊ တန်ဖိုးထားကြရန်၊ မိမိနိုင်ငံ ပြည်သူများသာမက နိုင်ငံတကာ အသိုက်အဝန်းတစ်ခုလုံးက အသိအမှတ်ပြုကြရန်မှာ မိမိတို့၏ ဘုံတာဝန်ဝတ္တရားဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယူနန်ပြည်နယ် လူမှုသိပ္ပံအကယ်ဒမီ ဒုတိယအကြီးအကဲ ချန်လိကျွင်းက ကမ္ဘာ့တောင်ဘက်ခြမ်း မီဒီယာနှင့် Think Tank ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်၊ “တောင်ဘက်ကအသံ” ကို အတူတကွ ဖော်ထုတ်၍ “တောင်ဘက်အကြောင်းအရာ” ကို ကောင်းမွန်စွာ တင်ဆက်ရန်၊ ကမ္ဘာ့တောင်ဘက်ခြမ်း၏ ပြောရေးဆိုခွင့်နှင့် ဩဇာအရှိန်အဝါကို မြှင့်တင်ရန်၊ စီမံခန့်ခွဲမှု အတွေ့အကြုံ မျှဝေရန်၊ ဘုံတိုးတက်ရေး မြှင့်တင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

အတွေးအခေါ်မှသည် လက်တွေ့အထိ မီဒီယာနှင့် Think Tank ၏ လှုပ်ရှားမှု ခြေလှမ်းများက မရပ်တန့်ခဲ့ပေ။

ဆင်ဟွာသတင်းဌာနမှ တက်ကြွစွာ တွန်းအားပေးဆောင်ရွက်နေသည့် “ကမ္ဘာ့တောင်ဘက်ခြမ်း” မီဒီယာနှင့် Think Tank ဖိုရမ် ယန္တရားအသွင် တည်ဆောက်၍ မီဒီယာနှင့် Think Tank ၏ အင်အားကို စုစည်းရန်၊ ပူးပေါင်းဖလှယ်မှုများကို တိုးချဲ့ရန် အားထားလုပ်ဆောင်လျက်ရှိသည်။ ယမန်နှစ်မှစ၍  ဆင်ဟွာသတင်းဌာနသည် မလေးရှား၊ ကာဇက်စတန်၊ ဘရာဇီးနိုင်ငံများ၌ တရုတ်-အာဆီယံ မီဒီယာနှင့် Think Tank အဆင့်မြင့်ဖိုရမ်၊ တရုတ်-ဗဟိုအာရှ သတင်းအေဂျင်စီဖိုရမ်၊ BRICS နိုင်ငံများ မီဒီယာနှင့် Think Tank အဆင့်မြင့်ဖိုရမ်တို့ကို အောင်မြင်စွာ ကျင်းပခဲ့သလို ယခုနှစ် နိုဝင်ဘာလတွင်လည်း တောင်အာဖရိက၌ “ကမ္ဘာ့တောင်ဘက်ခြမ်း ” မီဒီယာနှင့် Think Tank အဆင့်မြင့်ဖိုရမ် တရုတ်-အာဖရိက မိတ်ဖက်ဆွေးနွေးပွဲ ကျင်းပသွားမည် ဖြစ်ပေသည်။

ယခုအကြိမ်ဖိုရမ်ကာလတွင် “ကမ္ဘာ့တောင်ဘက်ခြမ်း မီဒီယာနှင့် Think Tank ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖြန့်ချိရေး မိတ်ဖက်ကွန်ရက်” ကို တည်ထောင်ကြောင်း တရားဝင်ကြေညာမည်ဖြစ်ရာ ပထမအသုတ် ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖြန့်ချိရေး မိတ်ဖက်များသည် နိုင်ငံနှင့်ဒေသပေါင်း ၉၅ ခုရှိ မီဒီယာ၊ Think Tank နှင့် အခြားအဖွဲ့အစည်း ၁,၀၀၀ ကျော် ပါဝင်မည် ဖြစ်သည်။

အနာဂတ်ကို မျှော်ကြည့်မည်ဆိုလျှင် ဖိုရမ်တက်ရောက်သည့် ဧည့်သည်တော်များက ကမ္ဘာ့တောင်ဘက်ခြမ်း မီဒီယာနှင့် Think Tank ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုမှာ အလားအလာကြီးမားသည်ဟု ယူဆကြသည်။

ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ကာကွယ်ထိန်းသိမ်းခြင်း – အာမေးနီးယားသတင်းအေဂျင်စီ အကြီးအကဲ နရင်း နာဇောရီရန်က “ကျွန်တော်တို့အနေနဲ့ အမျိုးစုံလင်သည့် ယဉ်ကျေးမှုများ အလှကိုယ်စီဖြင့် ပွင့်လန်းမယ်၊ အပြန်အလှန်အားဖြင့် ယှဉ်ပြိုင်မှုကို အရင်းခံခြင်း မဟုတ်ဘဲ ပူးပေါင်းဆောင်ရွက်မှုနဲ့ ချိတ်ဆက်တဲ့ ကမ္ဘာကြီးဖြစ်လာဖို့ မျှော်လင့်တယ် ” ဟု ဆိုသည်။

စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခြင်း – အီဂျစ်အစိုးရအဖွဲ့ သတင်းနှင့် မူဝါဒ ပံ့ပိုးရေးစင်တာ လူမှုဆက်သွယ်ရေးဌာန ညွှန်ကြားရေးမှူး ခါရဂျေ အာရဖက်က ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ စည်းလုံးညီညွတ်ခြင်းက ဘုံစိန်ခေါ်မှုများကို ကိုင်တွယ်စီမံရာတွင် အထူးအရေးပါကြောင်း ပြောကြားခဲ့သည်။

ယဉ်ကျေးမှု ဖလှယ်ရေးအား တွန်းအားပေးခြင်း – “ယဉ်ကျေးမှုက ဖလှယ်မှ တိုးတက်တာ၊ စီးပွားကူးသန်းမှုကလည်း အတွေးအခေါ်၊ အနုပညာ၊ ဘာသာစကားနဲ့ သိပ္ပံနည်းပညာ ဖြန့်ချိတဲ့လမ်းပါပဲ”၊ “ကျွန်မတို့အတူ အပြန်အလှန်သင်ယူပြီး တိုးတက်မှုကို မျှဝေကာ ပိုပြီးကဏ္ဍစုံလင်စွာ အတူယှဉ်တွဲနေထိုင်တဲ့၊ ပူးပေါင်းဆောင်ရွက်မှုနဲ့ ငြိမ်းချမ်းရေး၊ တိုးတက်ရေးကို မြှင့်တင်တဲ့ ကမ္ဘာ တည်ဆောက်ကြပါစို့” ဟု ပါကစ္စတန်နိုင်ငံ့ရေးရာ အတွင်းဝန်၊ သတင်းနှင့် အသံလွှင့်ရေးဆိုင်ရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး အန်ဖုလင်ဂျာအန်းက အဆိုပြုခဲ့သည်။ (Xinhua)

—————————-

(Chinese Version)

新华全媒+|“全球南方媒体智库高端论坛即将召开,聚焦应对世界变局

新华社昆明9月4日电 题:“全球南方”媒体智库高端论坛即将召开,聚焦应对世界变局   新华社记者王长山、伍晓阳、赵珮然
2025“全球南方”媒体智库高端论坛将于9月5日至9月9日在云南昆明举行。来自110个国家以及国际和地区组织的260余家机构约500名代表,将聚焦“聚南方力量 应世界变局”主题开展广泛交流。中外嘉宾期待媒体智库深化交流合作,助力全球南方国家现代化建设,携手推动构建人类命运共同体。
本次论坛上,来自全球南方国家媒体、智库、政府、企业等领域的嘉宾,将围绕和平共识、发展动能、合作新途、文明对话四个方面议题开展深入交流。论坛期间将发布《“全球南方”媒体智库高端论坛云南共识》《回应时代呼唤 解答世界之问——中国全球公共思想产品的供给与贡献》智库报告等成果文件。
这是“全球南方”媒体智库高端论坛第二次举行。本次论坛由新华通讯社、中共云南省委、云南省人民政府共同主办。
2024年11月,首届“全球南方”媒体智库高端论坛在巴西圣保罗成功举行。首届论坛上,阿根廷阿中研究中心主任帕特里西奥·朱斯托表示,媒体智库在推动全球南方交流合作中发挥着越来越重要的作用。
圣保罗回响犹在,第二届论坛承载了与会嘉宾更多期待。如今的全球南方,经济总量全球占比超过40%,对世界经济增长的贡献率达到80%,已经成为维护国际和平、带动世界发展、完善全球治理的关键力量。
从圣保罗到昆明,连续两届“全球南方”媒体智库高端论坛传递出清晰信号:在世界百年变局下,全球南方不再是被动的观察对象,而是自己故事的主讲人;不再是被支配的对象,而是自己命运的掌控者;不再是历史的背景,而是时代的主角。
北京大学新闻与传播学院教授程曼丽说,全球南方国家面临的一个共同任务,就是打破既有的国际舆论格局和话语垄断,确立自身的主体地位和话语优势。
“全球南方的命运不由其他人决定,而由我们亲手塑造。我们需要战略团结、长远视野和政治勇气。”莫桑比克前总理艾雷斯·阿里表示,全球南方不仅是一种地理概念,更是一种声音、一股力量、一部充满奋斗与希望的历史。让这声音被倾听、被尊重、被珍视,被本国人民乃至整个国际社会所认同,是我们共同的责任。
云南省社科院副院长陈利君表示,期待全球南方媒体和智库加强合作,共同唱响“南方声音”、讲好“南方故事”,提升全球南方话语权和影响力,分享治理经验,促进共同发展。
从理念到实践,媒体智库的行动没有停步。
新华社积极推进“全球南方”媒体智库论坛机制化建设,致力于汇聚媒体智库力量,扩大交流合作。去年以来,新华社先后在马来西亚、哈萨克斯坦、巴西成功举办中国—东盟媒体智库高端论坛、中国—中亚通讯社论坛、金砖国家媒体智库高端论坛,今年11月将在南非举办“全球南方”媒体智库高端论坛中非伙伴大会。
本次论坛期间,“全球南方媒体智库合作传播伙伴网络”将正式宣布成立,首批合作传播伙伴包括来自95个国家和地区的1000余家媒体、智库和其他机构。
展望未来,与会嘉宾认为全球南方媒体智库合作大有可为。
维护和平稳定——亚美尼亚国家通讯社社长纳琳·纳扎良说:“我们憧憬一个多元文明各美其美、彼此成为合作纽带而非竞争源泉的世界。”
促进团结合作——埃及内阁信息与决策支持中心社会联络部主任哈迪贾·阿拉法认为,全球南方国家团结应对共同挑战十分重要。
推动文明交流——“文明因交流而进步,商贸线路也是思想、艺术、语言和科学传播之路。”巴基斯坦国务秘书、新闻与广播部副部长安卜琳·贾恩倡议,“让我们相互学习、共享所长,共同塑造一个多元共生、以合作促进和平与发展的世界。”(完)

  1. 7月25日,以“弘扬‘上海精神’ 共建美好家园”为主题的上海合作组织媒体智库峰会在郑州举行全体会议。新华社记者 高洁 摄
Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.