Connect with us

International Organizations

ဒဏ်ရာကြောင့် အင်္ဂလန်အသင်းလူစာရင်းမှ စတုန်း ချန်လှပ်ခံရ

v ဗြိတိန်နိုင်ငံ၊ မန်ချက်စတာ၌ မန်စီးတီးနှင့် ရီးရဲလ်မက်ဒရစ်တို့ကစားခဲ့သည့် ချန်ပီယံလိဂ် ဆီးမီးဖိုင်နယ်ဒုတိယအကျော့ပွဲစဥ်အပြီးတွင် မန်စီးတီးကစားသမားများဖြစ်သော ရူဘန်ဒီယက်စ်(ဝဲ)နှင့် ဂျွန်စတုန်းတို့ အောင်ပွဲခံနေပုံအား ၂၀၂၃ ခုနှစ်၊ မေ ၁၇ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

လန်ဒန်၊ စက်တင်ဘာ ၆ ရက်(ဆင်ဟွာ)
မန်စီးတီးနောက်ခံလူ ဂျွန်စတုန်းမှာ ဒဏ်ရာကြောင့် လာမည့်ဖီဖာကမ္ဘာ့ဖလားခြေစစ်ပွဲများအတွက် အင်္ဂလန်အသင်းလူစာရင်းမှ ချန်လှပ်ခံလိုက်ရကြောင်း သိရသည်။
ဂျွန်စတုန်းမှာ ယခုရာသီအစ မန်စီးတီး၏ ပရီးမီးယားလိဂ် ၃ ပွဲစလုံးတွင် ပွဲထွက်လူစာရင်းမှ ကစားခွင့်ရ ခဲ့သော်လည်း အင်္ဂလန်အသင်းနည်းပြ သောမတ်စ်တူချယ်၏ အတည်ပြုချက်အရ အသက် ၃၁ နှစ်အရွယ်ရှိ စတုန်းမှာ လက်ရွေးစင်အသင်းလေ့ကျင့်ရေးသို့ ကြွက်သားဒဏ်ရာဖြင့် ရောက်ရှိလာကြောင်း၊ ဒဏ်ရာ သက်သာမှုအခြေအနေ တိုးတက်လာခြင်းမရှိကြောင်း၊ စွန့်စားမှုများ မပြုလုပ်လိုခြင်းကြောင့် ချန်လှပ် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“စတုန်းက ဒဏ်ရာအသေးစားနဲ့ ရောက်လာတယ်။ ကျွန်တော်တို့ကတော့ သူကစားနိုင်မယ်လို့ မျှော်လင့်ခဲ့ပေမဲ့ သူ့ရဲ့ဒဏ်ရာအခြေအနေက တိုးတက်လာမှုမရှိဘူး။ ဒါကြောင့် ဒီမနက်ပဲ လက်ရွေးစင် အသင်းလေ့ကျင့်ရေးကနေ စတုန်းကို ပြန်လွှတ်လိုက်ပါတယ်” ဟု တူချယ်က ပြောခဲ့သည်။
အလားတူ ကစားသမား ၂၁ ဦးဖြင့် ၂ ရက်ဆက်တိုက် လေ့ကျင့်ခန်းဆင်းနိုင်ခဲ့ရာ မနက်ဖြန်ပွဲ (အန်ဒိုရာပွဲကိုဆိုလို) ၌ ကစားသမားအားလုံး ပါဝင်ကစားနိုင်မည့်အခြေအနေရှိမည်ဟု မျှော်လင့်ထားကြောင်း တူချယ်က ဆက်လက်ပြောကြားခဲ့သည်။
အင်္ဂလန်လက်ရွေးစင်အသင်းမှာ စက်တင်ဘာ ၆ ရက်တွင် အန်ဒိုရာအသင်းကို ဗီလာပါ့ခ်၌ အိမ်ကွင်း လက်ခံကစားရမည်ဖြစ်ပြီး စက်တင်ဘာ ၉ ရက်တွင် ဆားဘီးယားနှင့် အဝေးကွင်းခြေစစ်ပွဲ သွားကစားရ မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
…………………….
(English Version)
Stones withdraws from England squad with injury
LONDON, Sept. 5 (Xinhua)
Manchester City defender John Stones has withdrawn from the England squad for the upcoming FIFA World Cup qualifiers due to injury.
Stones has started all three of City’s Premier League matches this season, but England manager Thomas Tuchel confirmed the 31-year-old reported to camp with a “muscular issue” that has not improved, and said he did not want to take any risks.
“He came with minor issues and didn’t progress as we thought and hoped he would, so he left camp this morning,” Tuchel said. “Everyone else is available. We had 21 players yesterday in training and 21 players today in training and hopefully make sure everyone is available for tomorrow.”
England face Andorra at Villa Park on Saturday before traveling to Serbia on Tuesday. ■
Photo:
Manchester City’s Ruben Dias (L) and John Stones celebrate after the UEFA Champions League semifinal 2nd Leg match between Manchester City and Real Madrid in Manchester, Britain, on May 17, 2023. (Xinhua)