International Organizations
ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံ (GGI) က ကုလသမဂ္ဂဗဟိုပြုသည့် နိုင်ငံတကာစနစ်ကို ကာကွယ်ထိန်းသိမ်းသော တရုတ်နိုင်ငံ၏ကတိကဝတ်ကို အထင်အရှားပြသခြင်းဖြစ်သည်ဟု ကုလသမဂ္ဂအထွေထွေညီလာခံ ဥက္ကဋ္ဌ ပြောကြား

ကုလသမဂ္ဂ၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံက အဆိုပြုသည့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံ (GGI) သည် ကုလသမဂ္ဂဗဟိုပြုသည့် နိုင်ငံတကာစနစ်ကို ကာကွယ်ထိန်းသိမ်းသော တရုတ်နိုင်ငံ၏ ကတိကဝတ်များကို တစ်ဆင့်တိုး အထင်အရှားပြသကြောင်း ၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဋ္ဌ Philemon Yang က စက်တင်ဘာ ၅ ရက်တွင် ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းတွင် ပထမဆုံး လက်မှတ်ရေးထိုးသည့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်ကြောင်း၊ မကြာသေးမီရက်ပိုင်းက တရုတ်နိုင်ငံသည် စတုတ္ထမြောက် ကမ္ဘာလုံးဆိုင်ရာအစီအမံဖြစ်သော ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံ (GGI) ကို အဆိုပြုခဲ့ရာ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း၏ ရည်ရွယ်ချက်နှင့် အခြေခံမူကို ကာကွယ်ထိန်းသိမ်းရန် အလေးထားပြောကြားခဲ့ကြောင်း၊ ယင်းအစီအမံသည် ကုလသမဂ္ဂဗဟိုပြုသည့် နိုင်ငံတကာစနစ်ကို ကာကွယ်ထိန်းသိမ်းသော တရုတ်နိုင်ငံ၏ ကတိကဝတ်များကို တစ်ဆင့်တိုး အထင်အရှားပြသခြင်းဖြစ်ကြောင်း Philemon Yang က ဆင်ဟွာသတင်းထောက်၏ စာလွှာဖြင့်မေးမြန်းမှုတွင် ပြောကြားခဲ့သည်။
Philemon Yang က တရုတ်နိုင်ငံသည် ကုလသမဂ္ဂစနစ်၊ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒ၊ ကမ္ဘာ့တောင်ဘက်ခြမ်း ပူးပေါင်းဆောင်ရွက်မှု စသည့်ကဏ္ဍများတွင် “အများဂရုပြုဖွယ်” အကျိုးဆောင်မှုများရှိကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် တွေ့ဆုံဆွေးနွေးရေးနှင့် ငြိမ်းချမ်းရေးအား ခိုင်မာစွာ ဦးဆောင်သူ ဖြစ်ကြောင်း၊ ယူကရိန်းအကျပ်အတည်း “ငြိမ်းချမ်းရေးမိတ်ဆွေ” အဖွဲ့ငယ် ဖွဲ့စည်းခြင်း၊ ဂါဇာကမ်းမြောင်ဒေသ ချက်ချင်း အပစ်ရပ်ရန် တိုက်တွန်းရေး စသည့်ကဏ္ဍများတွင် တရုတ်နိုင်ငံ၏ ကြိုးပမ်းမှုအပေါ် ၎င်းအနေဖြင့် ကြိုဆိုကြောင်း၊ ထို့အပြင် တရုတ်နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတကာအစီအစဉ်၏ ဗဟိုချက်တွင် အခိုင်အမာထားရှိပြီး ကုလသမဂ္ဂ ၂၀၃၀ ပြည့်နှစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် ဖော်ဆောင်ရေးကို အားထားလုပ်ဆောင်ခဲ့ကြောင်း၊ “G77+China” ၏ အရေးကြီးအဖွဲ့ဝင်အနေဖြင့် တရုတ်နိုင်ငံသည် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် အပြုသဘောဆောင်ပါဝင်မှုက ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ၏ အဖွဲ့လိုက်အကျိုးစီးပွားကို မြှင့်တင်ပေးပြီး ဖွံ့ဖြိုးဆဲနိုင်ငံများ၏ လုပ်ပိုင်ခွင့်ကို မြှင့်တင်ရာတွင် အကျိုးဆောင်ခဲ့ကြောင်း၊ ထို့အပေါ် ၎င်းအနေဖြင့် အထူးတန်ဖိုးထားချီးကျူးကြောင်း Philemon Yang က ပြောကြားခဲ့သည်။ (Xinhua)
————————
(Chinese Version)
联大主席:全球治理倡议彰显中国维护以联合国为核心的国际体系的承诺
新华社联合国9月5日电(记者潘云召)第79届联合国大会主席菲勒蒙·扬5日表示,中方提出的全球治理倡议进一步彰显中国维护以联合国为核心的国际体系的承诺。
菲勒蒙·扬接受新华社记者书面采访时表示,中国是第一个在《联合国宪章》上签字的联合国会员国。几天前,中方提出第四个全球倡议——全球治理倡议,强调维护《联合国宪章》宗旨和原则。这一倡议进一步彰显中国维护以联合国为核心的国际体系的承诺。
菲勒蒙·扬说,中国在联合国系统、多边主义、全球南方合作等方面的贡献“令人瞩目”。中国是对话与和平的坚定倡导者,他欢迎中国在成立乌克兰危机“和平之友”小组、呼吁加沙地带立即停火等方面作出的努力。此外,中国坚定地将发展置于国际议程的中心,并致力于落实联合国2030年可持续发展议程;作为“77国集团和中国”的重要成员,中国在联大的建设性参与促进全球南方国家的集体利益,并为增强发展中国家赋权作出贡献。他对此表示高度赞赏。(完)
1. 这是9月5日在位于纽约的联合国总部拍摄的显示屏上的投票结果。新华社记者 谢锷 摄