Connect with us

Africa & Middle East

ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခဖြစ်ပွားသည်မှာ ရက်ပေါင်း ၇၀၀ ရှိပြီဖြစ်၊ အစ္စရေးစစ်တပ် လှုပ်ရှားမှုကြောင့် ဂါဇာဒေသ၌ လူ ၆၄,၀၀၀ သေဆုံး

ဂါဇာဒေသ ဂါဇာမြို့ရှိ အဆောက်အဦတစ်ခု အစ္စရေးစစ်တပ်၏ လေကြောင်း တိုက်ခိုက်ခံရပြီးနောက် မီးခိုးလုံးများ တက်လာသည်ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂါဇာ၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ)
၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်တွင် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ အသစ်တစ်ကြိမ် ဖြစ်ပွားသည့်အချိန်မှစ၍ ယနေ့အထိ ရက်ပေါင်း ၇၀၀ ရှိပြီဖြစ်ကြောင်း၊ အစ္စရေးစစ်တပ်က ဂါဇာကမ်းမြောင်ဒေသ၌ စစ်ရေးလှုပ်ရှားမှုကြောင့် စုစုပေါင်း လူ ၆၄,၃၀၀ ဦး သေဆုံးခဲ့ပြီးဖြစ်ကာ ၁၆၂,၀၀၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပါလက်စတိုင်း ဂါဇာကမ်းမြောင်ဒေသ ကျန်းမာရေးဌာနက စက်တင်ဘာ ၅ ရက်တွင် ထုတ်ပြန်သော ကြေညာချက်အရ သိရသည်။

လွန်ခဲ့သည့် ၂၄ နာရီအတွင်း အစ္စရေးစစ်တပ်သည် ဂါဇာကမ်းမြောင်ဒေသ၌ လှုပ်ရှားမှုကြောင့် လူ ၆၉ ဦး သေဆုံးကာ ၄၂၂ ဦး ဒဏ်ရာရှိခဲ့ပြီး အခြား ၃ ဦးသည် အာဟာရချို့တဲ့မှုနှင့် ငတ်မွတ်ခေါင်းပါးမှုကြောင့် သေဆုံးခဲ့ရကြောင်း၊ စာရင်းကောက်ယူများအရ ပဋိပက္ခဖြစ်ပွားလာကတည်းက အာဟာရချို့တဲ့မှုနှင့် ငတ်မွတ်ခေါင်းပါးမှု‌ကြောင့် သေဆုံးသူဦးရေသည် ၃၇၆ ဦးအထိ မြင့်တက်လာကြောင်း ၎င်းအနက် ကလေးငယ် ၁၃၄ ဦး ပါဝင်ကြောင်း ကြေညာချက်က ဆိုထားသည်။

ထိုနေ့တွင် အစ္စရေးစစ်တပ်က ဂါဇာမြို့ အနောက်ဘက်ရှိ အထပ်မြင့် အဆောက်အဦတစ်ခုအား လေကြောင်း တိုက်ခိုက်မှု လုပ်ဆောင်ခဲ့သည်။ ပါလက်စတိုင်း အစ္စလာမ်မစ် တော်လှန်ရေး လှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) သည် အချို့သောအဆောက်အဦများအတွင်း၌ သတင်းအချက်အလက် ထောက်လှမ်းစုဆောင်းရေး စက်ပစ္စည်းများ တပ်ဆင်ထားပြီး စနိုက်ပါနေရာနှင့် ညွှန်ကြားထိန်းချုပ်မှုစင်တာများ ထားရှိထားသည်ဟု အစ္စရေးဘက်က ဆိုသည်။ လက်ရှိတွင် ယခုအကြိမ် လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူဦးရေ စာရင်းကောက်ယူထားမှု မရှိသေးပေ။

ဟားမက်စ်ဘက်က ကြေညာချက်ထုတ်ပြန်၍ အစ္စရေးစစ်တပ်၏ လှုပ်ရှားမှုကို ပြစ်တင်ရှုတ်ချခဲ့သည်။ အစ္စရေးဘက်က ပြည်သူနှင့် ဒုက္ခသည်များ နေထိုင်မှုသိပ်သည်းသော နေအိမ်တိုက်တာများကို တိုက်ခိုက်ရေးပစ်မှတ်အဖြစ် ထားရှိခြင်းသည် ဂါဇာပြည်သူများကို နှင်ထုတ်ရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ကြေညာချက်က ဆိုသည်။ (Xinhua)

————————-
(Chinese Version)
巴以冲突已持续700天 以军行动致加沙6.4万人死亡
新华社加沙9月5日电(记者赵伟宏 黄泽民)巴勒斯坦加沙地带卫生部门5日发表声明说,2023年10月7日新一轮巴以冲突爆发至今已700天,以军在加沙地带的军事行动已累计造成64300人死亡、162005人受伤。
声明说,过去24小时,以军在加沙地带的行动导致69人死亡、422人受伤,另有3人因营养不良和饥饿死亡。据统计,冲突爆发以来因营养不良和饥饿死亡的人数已升至376人,其中包括134名儿童。
当天,以色列军队空袭了加沙城西部一栋高层建筑。以方称,巴勒斯坦伊斯兰抵抗运动(哈马斯)在一些建筑中安装了情报收集设备、设置了狙击手阵地和指挥控制中心。目前尚无此次空袭造成伤亡人数的统计。
哈马斯发表声明谴责以军行动。声明说,以方将居民和难民密集居住的住宅楼作为攻击目标,意图是驱逐加沙民众。(完)
图说1:9月5日,加沙城一栋建筑遭以色列军队空袭后升起浓烟。新华社发(里泽克·阿卜杜勒贾瓦德摄)