International Organizations
ဆာဘလန်ကာက အန်နီဆီမိုဗာအား အနိုင်ယူကာ ယူအက်စ်အိုးပင်း အမျိုးသမီးတစ်ဦးချင်း ချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့

ဝါရှင်တန်၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)
စက်တင်ဘာ ၆ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ယူအက်စ်အိုးပင်း အမျိုးသမီးတစ်ဦးချင်း တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် ကမ္ဘာ့အဆင့်-၁ တင်းနစ်မယ် အရီနာ ဆာဘလန်ကာက အိမ်ရှင် အမေရိကန်တင်းနစ်မယ် အာမန်ဒါ အန်နီဆီမိုဗာအား ၆-၃၊ ၇-၆ (၃) ဖြင့် အနိုင်ယူကာ ချန်ပီယံဆုဖလားကို ဆက်လက်ကာကွယ်နိုင်ခဲ့သည်။ယခုဆုဖလားမှာ ဆာဘလန်ကာအတွက် တစ်ဦးချင်းတင်းနစ်ပြိုင်ပွဲတွင် စတုတ္ထမြောက် ဂရင်းစလင်းဆုဖလားလည်းဖြစ်ကြောင်း သိရသည်။ အသက် ၂၇ နှစ်အရွယ် ဆာဘလန်ကာမှာ ၂၀၁၂ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ သုံးနှစ်ဆက်တိုက် ချန်ပီယံဆု ကာကွယ်နိုင်ခဲ့သည့် ဆရီနာ ဝီလီယမ်စ်နောက်ပိုင်း ယူအက်စ်အိုးပင်း ချန်ပီယံဆုကို အောင်မြင်စွာ ကာကွယ်နိုင်သည့် ပထမဆုံး တင်းနစ်မယ်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။
ဆာဘလန်ကာမှာ ပထမပွဲလတ်တွင် အနိုင်ရရှိခဲ့ပြီးနောက် ဒုတိယပွဲလတ် ယှဉ်ပြိုင်ရာတွင် အန်နီဆီမိုဗာ၏ ဖိအားပေးခြင်းကို ခံခဲ့ရပြီးနောက် ပွဲပိုဆက်လက်ကစားခဲ့ရသည်။ ယခုနှစ် ဩစတြေးလျအိုးပင်းနှင့် ပြင်သစ်အိုးပင်း ဗိုလ်လုပွဲတို့တွင် ရှုံးနိမ့်ခဲ့သည့် ဆာဘလန်ကာအနေဖြင့် ယခုတစ်ကြိမ်တွင်မူ ကျားကုတ်ကျားခဲ ယှဉ်ပြိုင်ကစားကာ နောက်ဆုံးတွင် အောင်ပွဲရယူနိုင်ခဲ့သည်။
“အခုရာသီ အစောပိုင်းတုန်းက ဗိုလ်လုပွဲတွေကြောင့် ဒီဗိုလ်လုပွဲက တစ်မူထူးခြားနေသလိုမျိုး ခံစားမိပါတယ်။ ကျွန်မ ဒီပွဲမှာအနိုင်ရဖို့ စိန်ခေါ်မှုတွေအများကြီးကို ကျော်ဖြတ်ခဲ့ရပါတယ်။ ကျွန်မ ပြင်းပြင်းထန်ထန် ကြိုးစားခဲ့တာမို့လို့ ဒီရာသီမှာ ဂရင်းစလင်းဆုဖလားတစ်လုံးကို ဆွတ်ခူးနိုင်ဖို့ ထိုက်တန်ခဲ့ပါတယ်” ဟု ပြိုင်ပွဲအပြီးတွင် ဆာဘလန်ကာက ပြောကြားခဲ့သည်။
“ကျွန်မကိုယ်ကျွန်မ ကောင်းကောင်းနားလည်လာပြီမို့လို့ ကျွန်မရဲ့ စိတ်ခံစားချက်တွေကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ အခုအချိန်မှာ ကိုယ့်ကိုယ်ကိုယ် အများကြီးဂုဏ်ယူပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။အန်နီဆီမိုဗာမှာမူ ယခုနှစ် ဝင်ဘယ်ဒန်ပြိုင်ပွဲနှင့် ယူအက်စ်အိုးပင်းပြိုင်ပွဲတို့တွင် ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့သော်လည်း ယင်းနှစ်ကြိမ်စလုံးတွင် အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။ ၎င်းအနေဖြင့် စက်တင်ဘာ ၆ ရက် ပွဲစဉ်၌ unforced error ၂၉ ကြိမ် ပြုလုပ်ခဲ့သဖြင့် အရှုံးမှပြန်ရုန်းထနိုင်ရန် ခက်ခဲသွားစေခဲ့သည်။
“ကျွန်မ တစ်ပွဲလုံး အကောင်းဆုံးလက်စွမ်းနဲ့ မကစားနိုင်ခဲ့ဘူးလို့ ထင်ပါတယ်။ ဗိုလ်လုပွဲတွေမှာဆိုရင် ကျွန်မ စိုးရိမ်စိတ်တွေများတတ်လို့ အဲဒါအပိုင်းမှာ တိုးတက်အောင်လုပ်ရမယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ကျွန်မ အခုထက်ပိုပြီး အားကြိုးမာန်တက်ကစားချင်ခဲ့တာပါ” ဟု အသက် ၂၄ နှစ်အရွယ် အန်နီဆီမိုဗာက ဆိုသည်။ “ကျွန်မ ဒီနေ့ အနိုင်မရခဲ့တာက ကျွန်မ လုံလုံလောက်လောက် မစွမ်းဆောင်နိုင်ခဲ့လို့ပါ။ ဒါက အမှန်တရားပါပဲ။ ကျွန်မ အဲဒါကိုလက်ခံရပါမယ်” ဟု ၎င်းက ပြောသည်။
ယင်းနေ့ အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲတွင် ဆီဒင်-၅ အဖြစ် သတ်မှတ်ခံထားရသည့် စပိန်တင်းနစ်ကစားသမား မာဆယ် ဂရန်နိုလာစ်နှင့် အာဂျင်တီးနား တင်းနစ်ကစားသမား ဟိုရာစီယို ဇာဘယ်လော့စ်တို့အတွဲက ဗြိတိန်တင်းနစ်ကစားသမားများဖြစ်သည့် ဂျိုးဆာလစ်စ်ဘရီနှင့် နီးလ် စကုစကီးတို့အတွဲအား ၃-၆၊ ၇-၆ (၄)၊ ၇-၅ ဖြင့် အနိုင်ယူကာ ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့သည်။ (Xinhua)
#Sports #Sabalenka #US_OpenTitle #အားကစား #ဆာဘလန်ကာ #ယူအက်စ်အိုးပင်းဆုဖလား
…………………………………………………………………………………………………………………
(English Version)
Sabalenka beats Anisimova to retain US Open women’s singles title
WASHINGTON, Sept. 6 (Xinhua) — World No. 1 Aryna Sabalenka defended her US Open women’s singles title after triumphing 6-3, 7-6 (3) over host player Amanda Anisimova in the final on Saturday.
It was also the fourth Grand Slam trophy for Sabalenka in the singles event. The 27-year-old became the first woman to successfully defend the US Open since Serena Williams claimed three straight from 2012 to 2014.
After her first set win, Sabalenka felt pressure from Anisimova in the second set, which was dragged into a tie-breaker. After her final losses at this year’s Australian Open and French Open, Sabalenka held firm this time to eventually prevail.
“I think because of the finals earlier this season, this one felt different. I had to overcome a lot of things to get this one. I knew that with the hard work we put in, I deserved to have a Grand Slam title this season,” Sabalenka said after the match.
“I’m able to handle my emotions, because I have a better understanding of who I am. I’m super proud right now of myself,” she added.
Anisimova reached the final at this year’s Wimbledon and US Open, but fell short both times, with 29 unforced errors on Saturday making it hard for her to come back.
“I just felt like throughout the match I wasn’t playing my best tennis. I feel like with finals I have a lot of nerves, and it’s something I’m trying to work on, but I just wish I played more aggressive,” 24-year-old Anisimova reflected. “I didn’t win today, so of course I didn’t do enough. That’s just the reality, and I have to accept that.”
Earlier in the day, fifth seeds Marcel Granollers of Spain and Argentina’s Horacio Zeballos defeated British duo Joe Salisbury and Neal Skupski 3-6, 7-6 (4), 7-5 to clinch the men’s doubles title. ■
English Caption 1
Aryna Sabalenka of Belarus poses with the trophy during the awarding ceremony for the women’s singles event of the 2025 US Open tennis championships in New York, the United States, Sept. 6, 2025. (Xinhua/Li Rui)
English Caption 2
Aryna Sabalenka of Belarus reacts during the women’s singles final match against Amanda Anisimova of the United States at the 2025 US Open tennis championships in New York, the United States, Sept. 6, 2025. (Xinhua/Wu Xiaoling)
English Caption 3
Amanda Anisimova of the United States reacts during the women’s singles final match against Aryna Sabalenka of Belarus at the 2025 US Open tennis championships in New York, the United States, Sept. 6, 2025. (Xinhua/Wu Xiaoling)