Asia
ဂျပန်နိုင်ငံခြားရေးဝန်ကြီးဟောင်း မိုတီဂီက LDP ပါတီ၏ ခေါင်းဆောင်မှုပိုင်း ဝင်ရောက်ယှဉ်ပြိုင်မည်

တိုကျို၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)
ဂျပန်ဝန်ကြီးချုပ် ရှီခဲရု အီရှီဘာ ရာထူးမှနုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ပြီးနောက် အာဏာရပါတီ၏ ဥက္ကဋ္ဌ ရွေးကောက်ပွဲအတွက်ဝင်ရောက်ယှဥ်ပြိုင်ရန် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဟောင်း တိုရှီမီဆု မိုတီဂီက ရည်ရွယ်ထားကြောင်း ကျိုဒိုသတင်းဌာန၏ စက်တင်ဘာ ၈ ရက် သတင်းဖော်ပြမှုအရ သိရသည်။
ဂျပန်ဝန်ကြီးချုပ် အီရှီဘာမှာ ပါတီ၏ ရွေးကောက်ပွဲဆိုင်ရာကျရှုံးမှုများအတွက် တာဝန်ယူပေးရန် တောင်းဆိုမှုများကြီးမားလာပြီးနောက် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ(LDP) ဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက် ရန် ဆုံးဖြတ်လိုက်ကြောင်း စက်တင်ဘာ ၇ ရက်က ကြေညာခဲ့သည်။
ဂျပန်နိုင်ငံ၏ အာဏာရညွန့်ပေါင်းအစိုးရအဖွဲ့သည် ဇူလိုင်လအတွင်းက အထက်လွှတ်တော်တွင် အမတ်နေရာအများစု ဆုံးရှုံးသွားခဲ့ရာ အစိုးရအပေါ် ပြည်သူလူထု၏ မကျေနပ်ချက်များ ပိုမိုများပြားလာသည်ကို အချက်ပြလိုက်ခြင်းဖြစ်သလို နိုင်ငံရေးအရလည်း သိသာ ထင်ရှားသည့် ဆုံးရှုံးမှု တစ်ရပ်ဖြစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကျရှုံးမှုမှာ ၂၀၂၄ ခုနှစ် အောက်လွှတ်တော်ရွေးကောက်ပွဲတွင် အလားတူရလဒ် ထွက်ပေါ်ခဲ့ပြီးနောက် အာဏာရအစိုးရအဖွဲ့အနေဖြင့်လည်း လွှတ်တော်နှစ်ရပ်စလုံးတွင် ကိုယ်စားလှယ်အနည်းစုသာရှိတော့သည့်အဖြစ်သို့ ရောက်သွားခဲ့ကြောင်း၊ ယင်းမှာ LDP ကို ၁၉၅၅ ခုနှစ်က စတင်တည်ထောင်ချိန်မှစ၍ ပထမဆုံးအကြိမ် သမိုင်းဝင်ကျရှုံးမှုဖြစ်ကြောင်း သိရသည်။ (Xinhua)
……………………
(English Version)
Former Japan FM Motegi to run in LDP leadership race
TOKYO, Sept. 8 (Xinhua) — Toshimitsu Motegi, a former foreign minister of Japan, intends to run in the ruling party’s presidential election following Prime Minister Shigeru Ishiba’s decision to resign, Kyodo News reported Monday.
Ishiba announced his decision to step down as the head of the Liberal Democratic Party (LDP) on Sunday, amid growing calls for him to take responsibility for the party’s election setback.
In a landmark political setback in July, Japan’s ruling coalition lost its majority in the House of Councillors, signaling deep public dissatisfaction with the government.
The defeat follows a similar outcome in the 2024 House of Representatives election, leaving the ruling bloc a minority in both chambers of the parliament, a historic first since the LDP’s founding in 1955. ■
Photo:
Chinese State Councilor and Foreign Minister Wang Yi (R) meets with Japanese Foreign Minister Toshimitsu Motegi on the sidelines of the 56th Munich Security Conference in Munich, Germany, Feb. 15, 2020. (Xinhua/Shan Yuqi)