Connect with us

International Organizations

ဒိန်းမတ်အသင်း နည်းပြဟောင်း ယူလ်မန်းက ရုန်းကန်နေရသည့် လေဗာကူဆင်အသင်းအား တာဝန်ယူ

ဂျာမနီနိုင်ငံ လေဗာကူဆင်မြို့တွင် ၂၀၂၅ ခုနှစ် ဩဂုတ် ၂၃ ရက်က လေဗာကူဆင်အသင်းနှင့် ဟော့ဖန်ဟိမ်းအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ဘွန်ဒက်စ်လီဂါပွဲစဉ်အပြီးတွင် စိတ်ပျက်လက်ပျက်ဖြစ်နေသော လေဗာကူဆင် ကစားသမားများကို တွေ့ရစဉ် (ဆင်ဟွာ)

ဘာလင်၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)
လေဗာကူဆင်အသင်း၏ နည်းပြချုပ်သစ်အဖြစ် ကက်စပါ ယူလ်မန်းအား ခန့်အပ်လိုက်ကြောင်း အဆိုပါ ကလပ်အသင်းက စက်တင်ဘာ ၇ ရက်၌ အတည်ပြုကြေညာခဲ့သည်။
အချိန်တိုတောင်းသော်လည်း မတည်ငြိမ်သည့် အခြေအနေများနှင့် ကြုံခဲ့ရသည့် ယခင်နည်းပြ အဲရစ် တန်ဟက်ဂ်မှာ အသင်းအား နှစ်လတာအတွင်း သုံးပွဲကိုင်တွယ်ပြီးချိန်တွင် ထုတ်ပယ်ခံရပြီးနောက် အသက် ၅၃ နှစ်အရွယ် ဒိန်းမတ်လက်ရွေးစင် နည်းပြဟောင်း ယူလ်မန်းက အစားထိုးတာဝန်ယူသွားမည်ဖြစ်သည်။ ယူလ်မန်းအနေဖြင့် စက်တင်ဘာ ၁၂ ရက်တွင် အိန်းထရက်ချ် ဖရန့်ဖွတ်အသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ဘွန်ဒက်စ်လီဂါ ပွဲစဉ်မတိုင်မီ စက်တင်ဘာ ၁၀ ရက် လေ့ကျင့်ခန်းအစီအစဉ်၌ လေဗာကူဆင်အသင်းအား စတင်တာဝန်ယူသွားမည်ဟု ဂျာမန်သတင်းဌာနများဖြစ်သည့် Kicker နှင့် Bild တို့၏ ဖော်ပြချက်အရ သိရသည်။
ယူလ်မန်းအနေဖြင့် ဂျာမန်ကလပ် ဘောလုံးလောက၏ အခက်ခဲဆုံး အလုပ်တာဝန်တစ်ခုကို ဆက်ခံခဲ့ခြင်းဖြစ်ကာ ၂၀၂၄ ခုနှစ် ဘွန်ဒက်စ်လီဂါနှင့် ဂျာမန်ဖလားချန်ပီယံ လေဗာကူဆင်အသင်းမှာ နွေရာသီအစောပိုင်းက နည်းပြဖြစ်သူ ဇာဘီ အလွန်ဆိုအား ရီးရဲလ်မက်ဒရစ်အသင်းဆီ လက်လွှတ်ခဲ့ရသလို ဖလော်ရီယန်ဗက်ဇ်၊ ဂျယ်ရမီ ဖရင်းပေါင်၊ ဂရန်းနစ် ရှာကာ၊ ဂျိုနသန်တားနှင့် ပီရဲရို ဟင်ကာပီ အပါအဝင် အဓိက ကစားသမားရှစ်ဦးမှာလည်း အသင်းမှထွက်ခွာသွားသဖြင့် အသင်းအား အလုံးစုံပြန်လည်တည်ဆောက်ရန် လိုအပ်လျက်ရှိသည်။
ဒိန်းမတ်အသင်းအား လေးနှစ်ကြာကိုင်တွယ်ရာတွင် အောင်မြင်မှုရရှိခဲ့ပြီးနောက် ယခုနှစ် ဇန်နဝါရီလအတွင်းက ဘယ်လ်ဂျီယမ်နည်းပြရာထူးအတွက် ကမ်းလှမ်းမှုအား ငြင်းပယ်ခဲ့သည့် ယူလ်မန်းမှာ ဒိန်းမတ်အသင်းအား ယူရို ၂၀၂၁ ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်အဆင့်အထိလည်းကောင်း၊ ယူရို ၂၀၂၄ ပြိုင်ပွဲတွင် ရှုံးထွက်အဆင့်အထိလည်းကောင်း ပို့ဆောင်ပေးခဲ့သူဖြစ်သည်။ ဆက်ဆံရေးကောင်းပြီး အသင်းအား စုစည်းတည်ဆောက်နိုင်သူအဖြစ် လူသိများသည့် ယူလ်မန်းမှာ ၂၀၁၄ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ မိန့်ဇ်အသင်းအား ကိုင်တွယ်ခဲ့သဖြင့် ဘွန်ဒက်စ်လီဂါ အတွေ့အကြုံရှိသူဖြစ်ကာ မိန့်ဇ်အသင်း၌ အချိန်တိုတောင်းသော်လည်း အသိအမှတ်ပြုမှုကို အခိုင်အမာရရှိခဲ့သည်။
၎င်း၏ နည်းစနစ်ပိုင်းချဉ်းကပ်ပုံမှာ လေဗာကူဆင်အသင်း၏ စိတ်ကြိုက်ကစားကွက်ဖြစ်သည့် 3-4-2-1 သို့မဟုတ် 3-4-1-2 ကစားကွက်နှင့် ကိုက်ညီသော်လည်း လေဗာကူဆင်အနေဖြင့် သမိုင်းတစ်လျှောက် ပထမဆုံး အမှတ်ပေးချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီးနောက် မျှော်လင့်ချက်ကြီးကြီးမားမား ထားရှိဆဲဖြစ်သည်။
လေဗာကူဆင်အသင်း အားကစားဒါရိုက်တာ ဆီမွန် ရိုးလ်ဖက်စ်က အသင်းအား ပြန်လည်တည်ဆောက်ခြင်းမှာ အကြီးမားဆုံးစိန်ခေါ်မှုဖြစ်ကြောင်း၊ ၂၀၂၅-၂၀၂၆ ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ် တက်ရောက်နိုင်ရန် ရည်မှန်းထားကြောင်း အလေးအနက်ပြောကြားထားသည်။
ယူလ်မန်းမှာ ဒိန်းမတ်အသင်းနည်းပြအဖြစ်မှ နုတ်ထွက်ခဲ့ပြီးနောက် ဒိန်းမတ်ဘောလုံးအဖွဲ့ချုပ်၏ လူငယ်အသင်းများအတွက် အကြံပေးအဖြစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ သို့သော် ယခုအခါ လေဗာကူဆင်နည်းပြရာထူးအပေါ် အပြည့်အဝအာရုံစိုက်နိုင်ရန်အတွက် ယင်းစာချုပ်အား ဖျက်သိမ်းသွားမည်ဟု သတင်းများက ဖော်ပြလျက်ရှိသည်။ (Xinhua)

ဂျာမနီနိုင်ငံ လေဗာကူဆင်မြို့တွင် ၂၀၂၅ ခုနှစ် ဩဂုတ် ၂၃ ရက်က လေဗာကူဆင်အသင်းနှင့် ဟော့ဖန်ဟိမ်းအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ဘွန်ဒက်စ်လီဂါပွဲစဉ်၌ လေဗာကူဆင်ကစားသမား ပက်ထရစ်ရှစ်ခ် (ယာ) နှင့် ဟော့ဖန်ဟိမ်းကစားသမား မာချီဒါ ကိုကီတို့ ဘောလုံးယှဉ်လုနေစဉ် (ဆင်ဟွာ)

ဂျာမနီနိုင်ငံ လေဗာကူဆင်မြို့တွင် ၂၀၂၅ ခုနှစ် ဩဂုတ် ၂၃ ရက်က လေဗာကူဆင်အသင်းနှင့် ဟော့ဖန်ဟိမ်းအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ဘွန်ဒက်စ်လီဂါပွဲစဉ်၌ ထိုစဉ်က လေဗာကူဆင်အသင်း နည်းပြချုပ်ဖြစ်သူ အဲရစ် တန်ဟက်ဂ်အား တွေ့ရစဉ် (ဆင်ဟွာ)

……………………..
(English Version)
Former Danish national coach Hjulmand takes over struggling Leverkusen
BERLIN, Sept. 8 (Xinhua) — Bayer Leverkusen has appointed Kasper Hjulmand as its new head coach, the club confirmed on Sunday.
The 53-year-old former Denmark national coach takes charge following the brief and turbulent tenure of Erik ten Hag, who departed after just two months and three competitive games. Hjulmand will lead his first training session on Wednesday ahead of Leverkusen’s Bundesliga home match against Eintracht Frankfurt on Friday, according to German outlets Kicker and Bild.
Hjulmand inherits one of the toughest assignments in German club football. The 2024 Bundesliga and German Cup winners lost coach Xabi Alonso to Real Madrid earlier in the summer, while eight key players – including Florian Wirtz, Jeremie Frimpong, Granit Xhaka, Jonathan Tah and Piero Hincapie – also departed, leaving the squad in need of a complete rebuild.
Hjulmand, who declined an offer to manage Belgium in January after four successful years with Denmark, guided his national team to the UEFA Euro 2021 semifinals and the knockout stage of the 2024 edition. Known as a strong communicator and team-builder, he previously gained Bundesliga experience with Mainz 05 from 2014 to 2015, where he earned a solid reputation despite a short spell.
His tactical approach aligns with Leverkusen’s preferred 3-4-2-1 or 3-4-1-2 systems, though expectations remain high after the club’s historic first league title.
Sporting director Simon Rolfes described rebuilding the team as the club’s greatest challenge, stressing the goal of reaching the semifinals of the 2025-26 UEFA Champions League.
Since stepping down as Denmark coach, Hjulmand has served as an advisor for the Danish FA’s youth teams. Reports indicate that contract will now be terminated so he can focus fully on his new role in Leverkusen. ■
English Caption 1
Players of Bayer 04 Leverkusen look defeated after the first division of Bundesliga football match between Bayer 04 Leverkusen and TSG Hoffenheim in Leverkusen, Germany, Aug. 23, 2025. (Photo by Ulrich Hufnagel/Xinhua)
English Caption 2
Patrik Schick (R) of Bayer 04 Leverkusen vies with Machida Koki of TSG Hoffenheim during the first division of Bundesliga football match between Bayer 04 Leverkusen and TSG Hoffenheim in Leverkusen, Germany, Aug. 23, 2025. (Photo by Joachim
English Caption 3
Erik Ten Hag, head coach of Bayer 04 Leverkusen, reacts during the first division of Bundesliga football match between Bayer 04 Leverkusen and TSG Hoffenheim in Leverkusen, Germany, Aug. 23, 2025. (Photo by Ulrich Hufnagel/Xinhua)