Africa & Middle East
အစ္စရေးစစ်တပ်က ဂါဇာမြို့ဒေသခံပြည်သူများအား ရွှေ့ပြောင်းဆုတ်ခွာရန် ပထမဆုံးအကြိမ် အသိပေးချက် ထုတ်ပြန်

ဂျေရုဆလမ်၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)
ဂါဇာကမ်းမြောင်ဒေသ ဂါဇာမြို့ရှိ ပါလက်စတိုင်းပြည်သူအားလုံး ရွှေ့ပြောင်းဆုတ်ခွာရန် အသိပေးချက်ကို အစ္စရေးစစ်တပ်က စက်တင်ဘာ ၉ ရက် နံနက်ပိုင်းတွင် လူမှုမီဒီယာမှတစ်ဆင့် ထုတ်ပြန်ခဲ့သည်။
ယင်းသည် အစ္စရေးစစ်တပ်က ဂါဇာမြို့ရှိ ပါလက်စတိုင်း အစ္စလာမ်မစ် တော်လှန်ရေး လှုပ်ရှားမှု (ဟားမက်စ်) အပေါ် အကြီးစား မြေပြင်တိုက်ခိုက်မှု မလုပ်ဆောင်မီ “တစ်မြို့လုံး ရွှေ့ပြောင်းဆုတ်ခွာရန်အမိန့်” ပထမဆုံးအကြိမ်အဖြစ် ထုတ်ပြန်ခြင်းဖြစ်ကြောင်း အစ္စရေးမီဒီယာများက သတင်းဖော်ပြကြသည်။
အစ္စရေးစစ်တပ်အနေဖြင့် ဟားမက်စ်အား အနိုင်တိုက်ရန် စိတ်ပိုင်းဖြတ်ထားပြီး ဂါဇာမြို့၌ တပ်အင်အား အများအပြား ဖြန့်ကြက်နေရာချထားမည်ဖြစ်ကြောင်း၊ ဂါဇာမြို့တွင်း၌ ဆက်လက်နေထိုင်ခြင်းသည် အလွန်အန္တရာယ်များသဖြင့် ဂါဇာမြို့ဒေသခံပြည်သူများအား Al-Mawasi လူသားချင်းစာနာထောက်ထားမှု အကူအညီဇုန်သို့ “ချက်ချင်း” ဆုတ်ခွာသွားရန် တောင်းဆိုကြောင်း အစ္စရေးစစ်တပ် ပြောခွင့်ရပုဂ္ဂိုလ်က ထိုနေ့ နံနက်ပိုင်းတွင် လူမှုမီဒီယာ X ၌ ပြောကြားခဲ့သည်။
ဂါဇာမြို့တစ်မြို့လုံး အရှေ့ဘက်မှ အနောက်ဘက် ဒေသတစ်ခုလုံးအား ဆုတ်ခွာရန်ဒေသအဖြစ် သတ်မှတ်ထားသည်ကို ဆင်ဟွာသတင်းထောက်က အဆိုပါအသိပေးချက်တွင် ပူးတွဲပါသည့် မြေပုံ၌ တွေ့မြင်ခဲ့ရသည်။
အစ္စရေးစစ်တပ်၏ မြေပြင်တပ်ဖွဲ့များသည် စုစည်းလျက်ရှိပြီး မကြာမီ ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်းရှိ ဂါဇာမြို့သို့ ဝင်ရောက် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် နေတန်ယာဟုက စက်တင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။ ဒေသခံပြည်သူများ ချက်ချင်းထွက်ခွာရန်လည်း ၎င်းက သတိပေးခဲ့သည်။
အစ္စရေးစစ်တပ်မှ ဂါဇာမြို့အား လက်လွှဲရယူမည့်အစီအစဉ်ကို အစ္စရေး လုံခြုံရေး ကက်ဘိနက်က ဩဂုတ်လ လဆန်းပိုင်းတွင် အတည်ပြုခဲ့ရာ ပြည်တွင်းပြည်ပ၌ ပြစ်တင်ရှုတ်ချမှုနှင့် ဆန့်ကျင်မှုများ ဖြစ်ပေါ်ခဲ့သည်။ အစ္စရေးအနေဖြင့် ဂါဇာမြို့၏ ဒေသ ၄၀ ရာခိုင်နှုန်းအား ထိန်းချုပ်ထားပြီးဖြစ်ကြောင်း၊ နောက်ဆက်တွဲအနေဖြင့် စစ်ရေးလှုပ်ရှားမှုများကို တိုးချဲ့၍ မြှင့်တင်သွားမည်ဖြစ်ကြောင်း အစ္စရေး စစ်တပ်ပြောခွင့်ရပုဂ္ဂိုလ် Effie Defrin က စက်တင်ဘာ ၄ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua)
————————
(Chinese Version)
以军首次向所有加沙城居民发出撤离通知
新华社耶路撒冷9月9日电(记者陈君清 王卓伦)以色列国防军9日上午通过社交媒体向加沙地带北部加沙城所有巴勒斯坦居民发出撤离通知。
以色列媒体报道说,这是以军对位于加沙城的巴勒斯坦伊斯兰抵抗运动(哈马斯)发动大规模地面进攻前,首次发出“全城撤离令”。
以军发言人当日上午在社交媒体X平台上说,以军决心击败哈马斯,将在加沙城部署强大兵力,并表示继续留在加沙城内极其危险,要求加沙城居民“立即”撤到马瓦西人道主义援助区。
新华社记者在该通知所附的地图上看到,整个加沙城从东到西的整个区域已被列为撤离区。
以色列总理内塔尼亚胡8日说,以军地面部队正在集结,即将攻入加沙地带北部的加沙城。他警告当地居民马上离开。
以色列安全内阁8月上旬批准由以军接管加沙城的计划,在国内外引发谴责和反对。以国防军发言人埃菲·戴弗林4日称,以军已控制加沙城40%的区域,后续将扩大并强化军事行动。(完)
图说1:8月31日,在加沙地带中部地区,从加沙地带北部地区撤离的巴勒斯坦人向南部迁移。新华社发(里泽克·阿卜杜勒贾瓦德摄)