International Organizations
လူးဝစ်ဆွာရက်ဇ် ပွဲကစားခွင့်သုံးပွဲ ထပ်မံပယ်ခံရ

နယူးယောက်၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ)
Leagues Cup ဗိုလ်လုပွဲစဥ်တွင် ဆီယက်တဲလ်ဆောင်းဒါးစ်အသင်းအဖွဲ့ဝင်တစ်ဦးကို တံတွေးဖြင့်ထွေးခဲ့သောကြောင့် အင်တာမိုင်ယာမီ တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်အား မေဂျာလိဂ် Soccer က ထပ်မံ၍ သုံးပွဲပယ်ခံလိုက်ကြောင်း မေဂျာလိဂ် က စက်တင်ဘာ ၈ရက်၌ ပြောကြားလိုက်သည်။
ယခုအရေးယူမှုကြောင့် အသက် ၃၈ နှစ်အရွယ်ကစားသမားအတွက် ပြစ်ဒဏ်မှာ စုစုပေါင်း ကိုးပွဲရှိပြီ ဖြစ်ကြောင်းသိရသည်။ ပြိုင်ပွဲစီစဥ်သူများက ဆွာရက်ဇ်ကို ခြောက်ပွဲပိတ်ထားခဲ့ပြီးဖြစ်ကာ လာမည့်နှစ် Leagues Cup ပွဲစဥ်များအထိ စာရင်းမှထုတ်ပယ်ထားခြင်း ခံရမည်ဖြစ်သည်။
ယခုပြစ်ဒဏ်အသစ်သည် သတ်မှတ်ပြီး MLS ပွဲစဥ်များအပေါ်သက်ရောက်မည်ဖြစ်သည်။ ဆွာဇက်သည် စက်တင်ဘာ ၁၃ ရက်တွင် ရှားလော့ FC နှင့်ကစားမည့်ပွဲ၊ စက်တင်ဘာ ၁၆ ရက်တွင် ဆီယက်တဲလ် နှင့်ကစားမည့်ပွဲ စက်တင်ဘာ ၂၀ ရက်တွင် ဒီစီယူနိုက်တက်နှင့် ကစားမည့်ပွဲများအားလုံးတွင် ပါဝင်နိုင်ခြင်း မရှိတော့ကြောင်း သိရသည်။
ပြီးခဲ့သည့်လက ဗိုလ်လုပွဲတွင် မိုင်ယာမီအသင်းသည် ဆီယက်တဲလ်အသင်းကို ၃-၀ ဖြင့်ရှုံးနိမ့်ခဲ့ပြီးနောက် အငြင်းအခုံဖြစ်ပွားခဲ့ရာတွင် Sergio Busquets က ကွင်းလယ်လူ၏မေးစေ့ကို မတိုက်ခိုက်မီ ဆွာရက်ဇ်သည် Obed Vargas ၏ လည်ပင်းကိုလှမ်း၍ချုပ်ကိုင်ခဲ့သည်။ အင်တာမိုင်ယာမီတိုက်စစ်မှူးကို အသင်းဖော်များက ထိန်းချုပ်နေစဥ် ၎င်းသည် ဆောင်းဒါးစ်အသင်း၏လုံခြုံရေးဒါရိုက်တာ Gene Ramirez ကို တံတွေးဖြင့်ထွေးခဲ့ခြင်းဖြစ်သည်။
အကြမ်းဖက်ပြုမူသည့်အတွက် Busquets ကို နှစ်ပွဲ၊ Tomas Aviles ကို သုံးပွဲ စသဖြင့် အသီးသီး ပွဲပယ်ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရပြီး ဆောင်းဒါးစ်လက်ထောက်နည်းပြ Steven Lenhart မှာမူ ငါးပွဲပယ်ခံရပြီး ကျန်ဘောလုံးရာသီတွင် အလုပ်လုပ်ကိုင်ခွင့်တားမြစ်ခြင်းခံခဲ့ရသည်။
ယခင်ကလည်း ကိုက်ခြင်း၊ လူမျိုးရေးစော်ကားပြောဆိုခြင်းများအတွက် ပွဲကစားခွင့် ဆိုင်းငံ့မှုပြစ်ဒဏ်များခံခဲ့ရသူ ဆွာရက်ဇ်က ၎င်းပြုမူခဲ့မှုကို အနှောင့်အယှက်များ ဖြစ်ပွားစေခဲ့သည့်မှားယွင်းမှု ဟုဆိုကာ လူမှုကွန်ရက်မှတစ်ဆင့်တောင်းပန်ခဲ့သည်။ ယင်းဖြစ်ရပ်မှာ မိသားစုနှင့် ၎င်း၏ကလပ်အသင်းရှေ့တွင် ပြလိုသော ပုံရိပ်မဟုတ်ကြောင်းလည်း ဆွာရက်ဇ်က ရေးသားခဲ့သည်။ (Xinhua)
…………………..
(English Version)
Luis Suarez handed additional three-game ban
NEW YORK, Sept. 8 (Xinhua) — Inter Miami striker Luis Suarez has been given an additional three-match suspension by Major League Soccer after spitting on a Seattle Sounders staff member in the Leagues Cup final, the league said on Monday.
The sanction extends the 38-year-old’s punishment to nine games in total. Suarez had already been banned for six matches by tournament organizers, ruling him out of next year’s Leagues Cup.
The new penalty applies to MLS fixtures, meaning he will miss league games against Charlotte FC on Sept. 13, Seattle on Sept. 16 and D.C. United on Sept. 20.
The altercation followed Miami’s 3-0 defeat to Seattle in last month’s final. Suarez grabbed Obed Vargas by the throat before Sergio Busquets struck the midfielder on the chin. The Uruguayan forward was then restrained by teammates as he spat at Sounders director of security Gene Ramirez.
Busquets and Tomas Aviles received two and three-game bans respectively for violent conduct in the melee, while Sounders assistant coach Steven Lenhart was suspended for five matches and stripped of his field credentials for the rest of the season.
Suarez, who has previously served suspensions for biting and racial abuse, apologized on social media, calling his actions a “mistake” born of frustration. “It’s not the image I want to give in front of my family or my club,” he wrote.
Photo : Inter Miami CF’s Luis Suarez celebrates scoring during the group A match between Inter Miami CF of the United States and Palmeiras of Brazil at the FIFA Club World Cup 2025 at the Hard Rock Stadium, Miami, the United States, June 23, 2025. (Xinhua/Li Ming)