Connect with us

China

၂၀၂၅ ခုနှစ် တရုတ်နိုင်ငံ နိုင်ငံတကာ ဝန်ဆောင်မှု ကုန်သွယ်ရေး ကုန်စည်ပြပွဲထံသို့ ရှီကျင့်ဖိန် ဂုဏ်ပြုသဝဏ်လွှာပေးပို့

၂၀၂၅ ခုနှစ် တရုတ်နိုင်ငံ နိုင်ငံတကာ ဝန်ဆောင်မှု ကုန်သွယ်ရေး ကုန်စည်ပြပွဲ ကမ္ဘာလုံးဆိုင်ရာ ဝန်ဆောင်မှုကုန်သွယ်ရေးထိပ်သီးအစည်းအဝေး အခမ်းအနားကို စက်တင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ၂၀၂၅ ခုနှစ် တရုတ်နိုင်ငံ နိုင်ငံတကာ ဝန်ဆောင်မှု ကုန်သွယ်ရေးကုန်စည်ပြပွဲ (2025 China International Fair for Trade in Services) ထံ စက်တင်ဘာ ၁၀ ရက်တွင် ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့သည်။

ထိုဂုဏ်ပြုသဝဏ်လွှာ၌ ရှီကျင့်ဖိန်က လက်ရှိတွင် ကမ္ဘာ့စီးပွားရေးအခင်းအကျင်း နက်ရှိုင်းစွာ ပြောင်းလဲနေပြီး ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွင် စိန်ခေါ်မှုနှင့် အခွင့်အလမ်းများ ဒွန်တွဲတည်ရှိနေကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အဆင့်မြင့် ပြည်ပသို့တံခါးဖွင့်လှစ်မှုကို အခိုင်အမာ ယိမ်းယိုင်မှုမရှိဘဲ တိုးချဲ့သွားမည်ဖြစ်ပြီး နိုင်ငံတကာ စံနှုန်းမြင့် ကုန်သွယ်စီးပွားကဏ္ဍစည်းမျဉ်းစည်းကမ်းများကို တက်ကြွစွာ ချိတ်ဆက်ကာ လွတ်လပ်သော ကုန်သွယ်ရေး စမ်းသပ်ဇုန်၊ အမျိုးသား ၀န်ဆောင်မှု ကုန်သွယ်ရေး ဆန်းသစ်တီထွင်မှု ဖွံ့ဖြိုးတိုးတက်ရေး ပြသဇုန်စသည့် ပလက်ဖောင်းများ ရှေ့ပြေးစမ်းသပ်ဆောင်ရွက်မှုများကို အရှိန်မြှင့်တင်သွားဖြစ်ကြောင်း၊ ဝန်ဆောင်မှုဈေးကွက် တံခါးဖွင့်လှစ်မှုကို စနစ်တကျ မြှင့်တင်ကာ ဝန်ဆောင်မှုကုန်သွယ်ရေး အဆင့်မြင့်ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဘက်အသီးသီးနှင့်အတူ ကမ္ဘာ့ဝန်ဆောင်မှုကုန်သွယ်ရေး တံခါးဖွင့်ဆန်းသစ်တီထွင်မှု ပူးပေါင်းဆောင်ရွက်ရေးကို လက်တွဲမြှင်တင့်ပြီး တံခါးဖွင့်လှစ်မှုရှိသော ကမ္ဘာ့စီးပွားရေးတည်ဆောက်ကာ လူသားမျိုးနွယ်အေးအတူ ပူအမျှအသိုက်အဝန်းဖွဲ့စည်းတည်ဆောက်ရေးအတွက် စွမ်းအားအသစ်များ အစဉ်အဆက် ဖြည့်တင်းပေးသွားလိုကြောင်း ထောက်ပြခဲ့သည်။

၂၀၂၅ ခုနှစ် တရုတ်နိုင်ငံ နိုင်ငံတကာ ဝန်ဆောင်မှု ကုန်သွယ်ရေး ကုန်စည်ပြပွဲကို အဆိုပါနေ့တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ ဖွင့်လှစ်ကျင်းပကာ “ဒစ်ဂျစ်တယ်၊ ဉာဏ်ရည်တု ဦးဆောင်ခြင်းဖြင့် ၀န်ဆောင်မှု ကုန်သွယ်ရေး သစ်လွင်စေခြင်း” ခေါင်းစဉ်ဖြင့် တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပေကျင်းမြို့ ပြည်သူ့အစိုးရတို့က အတူတကွ ကြီးမှူးကျင်းပခြင်းဖြစ်သည်။ (Xinhua)
…………………
(Chinese Version)
习近平向2025年中国国际服务贸易交易会致贺信
新华社北京9月10日电 9月10日,国家主席习近平向2025年中国国际服务贸易交易会致贺信。
习近平指出,当前,世界经济格局深刻变化,全球发展挑战与机遇并存。中国将坚定不移扩大高水平对外开放,积极对接国际高标准经贸规则,加快在自由贸易试验区、国家服务贸易创新发展示范区等平台先行先试,有序推进服务市场开放,推动服务贸易高质量发展。中国愿同各方一道,携手推进全球服务贸易开放创新合作,建设开放型世界经济,为构建人类命运共同体不断注入新动力。
2025年中国国际服务贸易交易会当日在北京开幕,主题为“数智领航,服贸焕新”,由商务部和北京市人民政府共同主办。(完)
图说:这是9月10日拍摄的2025年中国国际服务贸易交易会全球服务贸易峰会现场。新华社记者 陈晔华 摄