China
ဘာစီလိုနာအသင်းက လူ ၆,၀၀၀ ဆံ့သော ဂျိုဟန်ခရိုက်ဖ်ကွင်း၌ ဗလင်စီယာနှင့် ကစားမည်

မက်ဒရစ်၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ)
ဗလင်စီယာအသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ယခုသီတင်းပတ်ကုန် လာလီဂါအိမ်ကွင်းပွဲစဉ်ကို နူးကမ့်ကွင်း၌ လက်ခံကျင်းပရန် အဆင်မပြေဟု ယူဆပြီးနောက် ဂျိုဟန်ခရိုက်ဖ်အားကစားကွင်း၌ ကစားမည်ဖြစ်ကြောင်း ဘာစီလိုနာအသင်းက စက်တင်ဘာ ၉ ရက်၌ အတည်ပြုခဲ့သည်။
Montjuic တောင်ကုန်းရှိ အိုလံပစ်အားကစားကွင်းဖြစ်သော နူးကမ့်ကွင်းတွင် မွမ်းမံမှုများ ပြုလုပ်နေစဉ်အတွင်း ကွင်းထဲ လူဝင်ဆံ့မှုပမာဏ ၂၇,၀၀၀ သို့ လျော့သွားသော်လည်း ဘာစီလိုနာအသင်းက နှစ်ရာသီကြာပြီးနောက် ၎င်း၏ ရိုးရာမြေသို့ ပြန်သွားရန် မျှော်လင့်ထားခဲ့သည်။ သို့သော်လည်း နူးကမ့်ကွင်းတွင် ပြိုင်ပွဲများအတွက် လိုအပ်သော လုံခြုံရေး လိုင်စင်ကို ဒေသဆိုင်ရာ အာဏာပိုင်များက ခွင့်မပြုပေ။
ထို့အပြင် ၎င်းအိုလံပစ်အားကစားကွင်းကို စက်တင်ဘာ ၁၂ ရက်တွင် ပြုလုပ်မည့် ရော့ခ်ဂီတဖျော်ဖြေပွဲအတွက် ကြိုတင်စာရင်းသွင်းထားပြီးဖြစ်သဖြင့် စက်တင်ဘာ ၁၄ ရက် ပွဲစဉ်အတွက် စာရင်းမှ ပယ်လိုက်ခြင်းဖြစ်သည်။ ယင်းက လူ ၆,၀၀၀ ဆံ့သည့် ဂျိုဟန်ခရိုက်ဖ်အားကစားကွင်းအား ထိုပွဲစဥ်ကျင်းပရန် တစ်ခုတည်းသောနေရာအဖြစ် ရှိစေလိုက်ခြင်းလည်းဖြစ်သည်။ ဂျိုဟန်ခရိုက်ဖ်အားကစားကွင်းကို ပုံမှန်အားဖြင့် ဘာစီလိုနာအမျိုးသမီးအသင်းနှင့် B အသင်းများက အသုံးပြုကြပြီး VAR ကင်မရာတပ်ဆင်မှုများနှင့် ရုပ်သံထုတ်လွှင့်မှုအတွက် ဖိုက်ဘာအော့ပ်တစ်ကေဘယ်ကြိုးချိတ်ဆက်မှုများနှင့်အတူ လာလီဂါ၏ ခွင့်ပြုချက်လိုအပ်ကြောင်း သိရသည်။
အဆိုပါပြောင်းလဲမှုသည် ဘာစီလိုနာ၏ ကာလရှည်ကြာ နှောင့်နှေးနေသော နူးကမ့်ကွင်း ပြန်လည်တည်ဆောက်မှုတွင် နောက်ထပ် ဆုတ်ယုတ်မှုတစ်ခု ဖြစ်သည်။ လူဦးရေ ၁၀၀,၀၀၀ ကျော်အထိ ကွင်းထဲ လူဝင်ဆံ့မှု မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် ၂၀၂၃ ခုနှစ် ဇွန်လတွင် လုပ်ငန်းစတင်ခဲ့ပြီး ကလပ်ဥက္ကဋ္ဌ Joan Laporta က ကွင်းအား ၂၀၂၄ ခုနှစ် ဇွန်လ၌ ပြန်လည်စတင်မည်ဟု ကနဦးက ကတိပြုခဲ့ကြောင်း သိရသည်။ (Xinhua)

စပိန်နိုင်ငံ ဗလင်စီယာမြို့၌ ဘာစီလိုနာနှင့် ဗလင်စီယာတို့၏ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၉ ရက်က လာလီဂါပွဲစဥ်အတွင်း ဘာစီလိုနာအသင်းမှ အန်ဆူး ဖာတီ (ယာ) နှင့် ဗလင်စီယာအသင်းမှ သီယာရီ ကော်ရီရာတို့ ယှဥ်ပြိုင်နေကြစဥ် (ဆင်ဟွာ)

စပိန်နိုင်ငံ ဗလင်စီယာမြို့၌ ဘာစီလိုနာအသင်းနှင့် ယှဉ်ပြိုင်ကစားသည့် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၉ ရက်က လာလီဂါပွဲစဥ်အတွင်း ဂိုးသွင်းပြီးနောက် အောက်ပွဲခံနေသော ဘာစီလိုနာအသင်းမှ ကစားသမားများကို တွေ့ရစဥ် (ဆင်ဟွာ)
………………….
(English Version)
FC Barcelona to play Valencia in 6,000 capacity Johan Cruyff Stadium
MADRID, Sept. 9 (Xinhua) — FC Barcelona will play this weekend’s La Liga home match against Valencia at the Johan Cruyff Stadium after the Camp Nou was deemed unfit to host the game, the club confirmed Tuesday.
Barca had hoped to return to its traditional ground after two seasons at the Olympic Stadium on Montjuic, despite reduced capacity of 27,000 during ongoing renovations. However, the local authority has not granted the necessary safety license for matches at Camp Nou.
Complicating matters, the Olympic Stadium is booked for a rock concert on Friday, ruling it out as an option for Sunday’s fixture. That leaves the Johan Cruyff Stadium – capacity 6,000 – as the only available venue. Normally used by Barcelona’s women’s and B teams, it required La Liga’s approval, along with VAR camera installations and fiber-optic cabling for TV broadcasts.
The switch marks another setback in Barcelona’s long-delayed Camp Nou redevelopment. Work began in June 2023 with the aim of expanding capacity to over 100,000, and club president Joan Laporta initially promised a return by June 2024. ■
English Caption 1, 2
Ansu Fati (R) of FC Barcelona vies with Thierry Correira of Valencia FC during their La Liga football match in Valencia, Spain, Oct. 29, 2022. (Str/Xinhua)
English Caption 3
Players of FC Barcelona celebrate a goal during a La Liga football match against Valencia CF in Valencia, Spain, Oct. 29, 2022. (Str/Xinhua)