China
ကာတာ၏ ပိုင်နက်နယ်မြေ အချုပ်အခြာအာဏာနှင့် အမျိုးသားလုံခြုံမှုအား ချိုးဖောက်သည့် အစ္စရေး၏လုပ်ရပ်အား ခိုင်မာစွာကန့်ကွက်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

ပေကျင်း၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအနေဖြင့် ကာတာနိုင်ငံ၏ ပိုင်နက်နယ်မြေ အချုပ်အခြာအာဏာနှင့် အမျိုးသားလုံခြုံမှုအား ချိုးဖောက်သည့် အစ္စရေးနိုင်ငံ၏ လုပ်ရပ်အား ခိုင်မာစွာကန့်ကွက်ကြောင်း၊ တစ်ချိန်တည်းတွင် အချို့သောနိုင်ငံကြီးများက ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်မှုကို အလေးထားရန်၊ အပစ်ရပ်၍ စစ်ပွဲရပ်တန့်ရန်၊ ဒေသတွင်း တင်းမာမှု အခြေအနေ ပြေလျော့လာစေရန်အတွက် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်ရန် တိုက်တွန်းဖျောင်းဖျလိုကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လျင်ကျန့်က စက်တင်ဘာ ၁၀ ရက်တွင် ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် စက်တင်ဘာ ၉ ရက်တွင် ကာတာနိုင်ငံ မြို့တော်ဒိုဟာ၌ ဖြစ်ပွားသည့် တိုက်ခိုက်မှု လုပ်ရပ်အား ပြင်းထန်စွာ ပြစ်တင်ရှုတ်ချကြောင်း၊ “ကျွန်တော်တို့အနေနဲ့ တိုက်ခိုက်မှုကြောင့် ဒေသတွင်းအခြေအနေ တစ်ဆင့်တိုးတင်းမာ၍ အဆင့်မြင့်တက်လာနိုင်ခြေရှိမှုအပေါ် များစွာ စိုးရိမ်ပူပန်မိပြီး သက်ဆိုင်ရာဘက်က ဂါဇာဒေသ အပစ်ရပ်မှု ဆွေးနွေးညှိနှိုင်းခြင်းအား တမင်ဖျက်ဆီးသည့် လုပ်ရပ်အပေါ် မကျေနပ်ကြောင်း ဖော်ပြလိုပါတယ်” ဟု လျင်ကျန့်က ထိုနေ့ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ မေးမြန်းမှုကို ဖြေကြားရာတွင် ပြောကြားခဲ့သည်။
လက်နက်အင်အားဖြင့် အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးကို ရယူ၍ မရဘဲ တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုသည်သာ အရင်းခံထွက်ပေါက်ဖြစ်ကြောင်း၊ လက်ရှိတွင် ဂါဇာပဋိပက္ခ ဆက်လက်ဖြစ်ပွားနေသည်မှာ နှစ်နှစ်နီးပါး ရှိပြီဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် သက်ဆိုင်ရာဘက်အသီးသီး အထူးသဖြင့် အစ္စရေးဘက်က စစ်မီးကိုငြှိမ်းသတ်ရန်၊ ဆွေးနွေးညှိနှိုင်းမှုအား ပြန်လည်စတင်ရန်အတွက် တက်ကြွသည့်ကြိုးပမ်းမှုများ လုပ်ဆောင်ရန်၊ ပြောင်းပြန်လုပ်ဆောင်ခြင်းမပြုရန် ပြင်းပြင်းထန်ထန် တိုက်တွန်းလိုကြောင်း လျင်ကျန့်က ထောက်ပြပြောကြားခဲ့သည်။
သတင်းဖော်ပြချက်များအရ အစ္စရေးနိုင်ငံက ကာတာနိုင်ငံ မြို့တော်ဒိုဟာရှိ ဟားမက်စ်အဖွဲ့ နေထိုင်ရာနေရာအား တိုက်ခိုက်ခြင်းမပြုမီ အမေရိကန်ထံ သတင်းပေးပို့ခဲ့သည်ဟု သိရကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ယင်းအပေါ် မည်ကဲ့သို့ မှတ်ချက်ပြုလိုသနည်းဟုလည်း အခြားသတင်းထောက်က မေးမြန်းခဲ့သည်။
“ကျွန်တော်တို့အနေနဲ့ သက်ဆိုင်ရာသတင်းဖော်ပြချက်အပေါ် များစွာစိုးရိမ်ပူပန်မိကြောင်း ပြောကြားလိုပါတယ်” ဟု လျင်ကျန့်က ပြောကြားခဲ့သည်။
အစ္စရေးက ကာတာနိုင်ငံ မြို့တော်ဒိုဟာရှိ ဟားမက်စ်ပစ်မှတ်အား တိုက်ခိုက်သည့်လုပ်ရပ်သည် ကာတာ၏ ပိုင်နက်နယ်မြေ အချုပ်အခြာအာဏာနှင့် အမျိုးသားလုံခြုံမှုအား ဆိုးရွားစွာချိုးဖောက်နေပြီး ဒေသတွင်းတင်းမာမှု အခြေအနေအား ဆိုးရွားလာစေကြောင်း၊ ယင်းသည် ဒေသပြင်ပနိုင်ငံများက အရှေ့အလယ်ပိုင်း အရေးကိစ္စတွင် ရပ်တည်ချက်သည် ကာလကြာရှည်စွာ ဆိုးရွားစွာဟန်ချက်မညီမှုနှင့် မကင်းကွာနိုင်ကြောင်း ၎င်းကဆိုသည်။
အချို့သောနိုင်ငံကြီးများအနေဖြင့် ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်မှုအား အလေးထားရန်၊ တရားမျှတမှုနှင့် တာဝန်သိမှု သဘောထားကို အရင်းခံ၍ နိုင်ငံတကာအသိုက်အဝန်းနှင့်အတူ အပစ်ရပ်၍ စစ်ပွဲရပ်တန့်ရန်၊ ဒေသတွင်း တင်းမာမှု အခြေအနေ ပြေလျော့လာစေရန်အတွက် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်သွားရန် မိမိတို့ တိုက်တွန်းဖျောင်းဖျလိုကြောင်း လျင်ကျန့်က ပြောကြားခဲ့သည်။ (Xinhua)
———————
(Chinese Version)
外交部:坚决反对以色列侵犯卡塔尔领土主权和国家安全的行径
新华社北京9月10日电(记者刘杨)外交部发言人林剑10日表示,中方坚决反对以色列侵犯卡塔尔领土主权和国家安全的行径,同时奉劝个别大国以地区和平稳定为重,为推动停火止战、缓和地区紧张局势发挥建设性作用。
林剑在例行记者会上回答提问时说,中方严厉谴责9日发生在卡塔尔首都多哈的袭击行为。“我们对袭击事件可能导致地区局势进一步紧张升级深感担忧,对有关方面蓄意破坏加沙停火谈判的举动表示不满。”
林剑指出,武力换不来中东和平,对话谈判才是根本出路。当前,加沙冲突延宕已近两年。中方强烈呼吁有关各方特别是以色列为平息战火、重启谈判多作积极努力,而不是相反。
另有记者问:据报道,以色列在空袭哈马斯在卡塔尔首都多哈的居所前向美国进行了通报。请问中方对此有何评论?
“我们对有关报道深表关切。”林剑说,以色列空袭卡塔尔首都多哈哈马斯目标的行为严重侵犯卡塔尔领土主权和国家安全,加剧地区紧张局势。这同有关域外国家在中东问题上立场长期严重失衡脱不开关系。我们奉劝个别大国以地区和平稳定为重,秉持公正、负责任态度,同国际社会一道,为推动停火止战、缓和地区紧张局势发挥建设性作用。(完)