China
တရုတ်နိုင်ငံမှ စွန်းရင်ဆားက WTT ချန်ပီယံ မကာအိုပြိုင်ပွဲ အဖွင့်ပွဲ၌ အောင်ပွဲခံ

မကာအို၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)
၂၀၂၅ ခုနှစ် ကမ္ဘာ့စားပွဲတင်တင်းနစ် (WTT) ချန်ပီယံ မကာအိုပြိုင်ပွဲတွင် တရုတ်နိုင်ငံမှ စွန်းရင်ဆားက စက်တင်ဘာ ၁ဝ ရက်၌ ဝေးလ်စ်နိုင်ငံမှ Anna Hursey ကို ရမှတ် ၃-၁ ဖြင့် အနိုင်ယူပြီး ပြိုင်ပွဲကို ကောင်းမွန်စွာ စတင်နိုင်ခဲ့သည်။
“Hursey ရဲ့ တစ်ချက်ချင်း ရိုက်ချက်တွေနဲ့ လက်ပြန်ရိုက်ချက်ရဲ့ မြန်နှုန်းနဲ့ အရည်အသွေးက ကောင်းမွန်ပါတယ်” ဟု ပွဲအပြီးတွင် စွန်းက ပြောကြားခဲ့သည်။ ရိုမေးနီးယားနိုင်ငံမှ Bernadette Szocs နှင့် ယှဉ်ပြိုင်ကစားမည့် ၎င်း၏နောက်ထပ်ပွဲစဉ်ကို မျှော်မှန်းထားပြီး ၎င်းတို့နောက်ဆုံးတွေ့ဆုံခဲ့ပြီးချိန်မှစ၍ အချိန်အတော်ကြာခဲ့ပြီဖြစ်ကာ ၎င်းအနေဖြင့် ကောင်းမွန်စွာပြင်ဆင်မည်ဖြစ်ကြောင်း ၎င်း၏ ချန်ပီယံဆုကို ကာကွယ်မည့် စွန်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံမှ Chen Xingtong က အမေရိကန်နိုင်ငံမှ Lily Zhang ကို ဆက်တိုက်အနိုင်ယူခဲ့ပြီး Kuai Man ကလည်း တောင်ကိုရီးယားမှ Joo Cheon-hui ကို ပထမပွဲငယ်၌ ရှုးနိမ့်ခဲ့သော်လည်း နောက်ဆုံးတွင် ရမှတ် ၃-၁ ဖြင့် အနိုင်ရရှိခဲ့သည်။
တရုတ်ထိုင်ပေမှ Cheng I-Ching က ပြိုင်ပွဲမှ နုတ်ထွက်ရပြီး တရုတ်အသင်းမှ Wang Manyu ကမူ ၁၆ သင်းအဆင့်သို့ တိုက်ရိုက်တက်လှမ်းခဲ့သည်။
အမျိုးသား တစ်ဦးချင်းပြိုင်ပွဲတွင် တရုတ်နိုင်ငံမှ Xiang Peng က ငါးပွဲကစားအပြီးတွင် ဂျာမနီနိုင်ငံသား ပက်ထရစ်ဖရန်ဇီစကာအား ပွတ်ကာသီကာဖြင့် ရှုံးနိမ့်ခဲ့သည်။
၂၀၂၅ ခုနှစ် WTT ချန်ပီယံ မကာအိုပြိုင်ပွဲကို Macao East Asian Games Dome ၌ စက်တင်ဘာ ၁၄ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
………………………
(English Version)
China’s Sun claims opening victory at WTT Champions Macao
MACAO, Sept. 10 (Xinhua) — China’s Sun Yingsha got off to a good start to the World Table Tennis (WTT) Champions Macao 2025 campaign, as she eliminated Anna Hursey of Wales 3-1 on Wednesday.
“Hursey’s single shots and the speed and quality on her backhand side were good,” Sun said after the match. Looking ahead to her next match against Romania’s Bernadette Szocs, the defending champion noted that it has been a long time since their last meeting, and she will be well-prepared.
Chen Xingtong of China swept past Lily Zhang of the United States in straight games, while Kuai Man recovered from one-game deficit to beat South Korea’s Joo Cheon-hui 3-1.
With Cheng I-Ching of Chinese Taipei withdrawing from the tournament, Team China’s Wang Manyu advanced directly to the round of 16.
In the men’s singles, Xiang Peng of China fell just short after a five-game battle, bowing out to Germany’s Patrick Franziska.
The WTT Champions Macao 2025 runs until Sunday at the Macao East Asian Games Dome. ■
English Caption
Sun Yingsha hits a return during the all-Chinese women’s singles final against Chen Xingtong at the WTT Champions Macao 2022, Oct. 23, 2022. (Xinhua/Cheong Kam Ka)