Connect with us

Environment, Disasters & Accidents

ထျန်းဆန်းတောင်တန်း တောင်ပိုင်းနှင့် မြောက်ပိုင်းတစ်လျှောက် အလှတရား – စိုက်လီမုရေကန်၏ လှပစွဲမက်ဖွယ် ဆောင်းဦးရှုခင်း

တရုတ်နိုင်ငံ ရှင်းကျန်းဒေသ ပေါ်အယ်ထာလား မွန်ဂို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခွဲရှိ စိုက်လီမုရေကန်၌ လာရောက်လည်ပတ်နေသော ခရီးသွားဧည့်သည်များကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေါ်လဲ့ (ရှင်းကျန်း)၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)

စိုက်လီမုရေကန်သည် တရုတ်နိုင်ငံ ရှင်းကျန်းဒေသ ပေါ်အယ်ထာလား မွန်ဂို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခွဲ၌ တည်ရှိပြီး ရှင်းကျန်းဒေသ၏ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ဆုံး၊ ဧရိယာအကျယ်ဆုံး တောင်တန်းကုန်းမြင့်ဒေသ ရေကန်ဖြစ်သည်။ ဆောင်းဦးရာသီတွင် စိုက်လီမုရေကန်သည် စိမ်းဖန့်ဖန့် ရေလှိုင်းလေးများဖြင့် ပန်းချီပမာလှပသည့်ရှုခင်းမှာ ဒေသအများအပြားမှ ခရီးသွားဧည့်သည်များ လာရောက် လည်ပတ်ရန် ဆွဲဆောင်လျက်ရှိသည်။ (Xinhua)

——————————–
(Chinese Version)
砥砺奋进七十载 天山南北谱华章丨赛湖秋景美
新华社照片,博乐(新疆),2025年9月12日
赛里木湖(简称“赛湖”)位于新疆博尔塔拉蒙古自治州,是新疆海拔最高、面积最大的高山湖泊。秋日里,赛里木湖碧波万顷,风景如画,吸引各地游客前来游览。
图说:9月11日,游客在赛里木湖景区游览(无人机照片)。 新华社记者 李贺 摄