Connect with us

China

ဥရုဂွေးအသင်းက မက္ကဆီကို၊ အမေရိကန်အသင်းများနှင့် ချစ်ကြည်ရေးဘောလုံးကစားမည်

၂၀၂၂ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု H တောင်ကိုရီးယားအသင်းနှင့် ဥရုဂွေးအသင်းတို့ ပွဲစဥ်မတိုင်မီ ကာတာနိုင်ငံ Education City အားကစားကွင်း၌ ဥရုဂွေးဘောလုံးကစားသမားများ အဖွဲ့လိုက်ဓာတ်ပုံ ရိုက်ကူး နေသည်ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၄ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

မွန်တီနီဂရိုး၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)
ဥရုဂွေး ဘောလုံးအသင်းသည် ၂၀၂၆ FIFA ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြင်ဆင်မှုတစ်စိတ်တစ်ပိုင်းအဖြစ် မက္ကဆီကို၊ အမေရိကန် ဘောလုံးအသင်းများနှင့် နိုဝင်ဘာလတွင် ချစ်ကြည်ရေးဘောလုံးပွဲများ ကစားမည် ဖြစ်ကြောင်း ဥရုဂွေးဘောလုံးအဖွဲ့ချုပ်(AUF) က စက်တင်ဘာ ၁၁ ရက်၌ ပြောကြားခဲ့သည်။
ဥရုဂွေးလက်ရွေးစဥ်ဘောလုံးအသင်း Celeste သည် မက္ကဆီကိုအသင်းနှင့် တိုရွန်တိုမြို့၌ နိုဝင်ဘာ ၁၅ ရက်တွင် ကစားမည်ဖြစ်ပြီး နောက်သုံးရက်အကြာ၌ အမေရိကန်အသင်းနှင့် Tampa မြို့တွင် ကစားမည်ဖြစ်ကြောင်း AUF က ပြောကြားခဲ့သည်။
ဥရုဂွေးအသင်းသည် အောက်တိုဘာတွင် ကွာလာလမ်ပူမြို့၌ ဒိုမီနီကန်ရီပတ်ဘလစ်အသင်းနှင့် မလက်ကာမြို့၌ ဥဇဘက်ကစ္စတန်အသင်းတို့နှင့် ချစ်ကြည်ရေးပွဲများ ကစားမည်ဖြစ်ကြောင်း အစောပိုင်းက AUF က ကြေညာ ထားခဲ့သည်။
ဥရုဂွေးဘောလုံးအသင်းသည် တောင်အမေရိကခြေစစ်ပွဲများတွင် စတုတ္ထနေရာရခဲ့ပြီး ၂၀၁၀ ခုနှစ် တောင်အာဖရိက ကမ္ဘာ့ဖလားမှ စတင်၍ ကမ္ဘာ့ဖလားပြိုင်ပွဲကို ငါးကြိမ်ဆက်တိုက်ဝင်ရောက်ယှဥ်ပြိုင်ခွင့် ရရှိခဲ့ပြီဖြစ်သည်။ နည်းပြ Marcelo Bielsa ၏ ဥရုဂွေးအသင်းသည် ဆန်တီယာဂိုမြို့တွင် ချီလီအသင်းနှင် ဂိုးမရှိ သရေ ရလဒ်ဖြင့် ပြိုင်ပွဲ ပြီးဆုံးခဲ့သည်။ (Xinhua)
……………………….
(English Version)
Uruguay to face Mexico, U.S. in November friendlies
MONTEVIDEO, Sept. 11 (Xinhua) — Uruguay will play Mexico and the United States in November friendlies as part of its preparations for the 2026 FIFA World Cup, the Uruguayan Football Association (AUF) said on Thursday.
The Celeste will meet Mexico in Torreon on November 15 and the United States in Tampa three days later, the AUF said.
The entity had earlier announced October friendlies against the Dominican Republic in Kuala Lumpur and Uzbekistan in Melaka.
Uruguay secured its place at football’s showpiece by finishing fourth in the South American qualifiers, earning a fifth consecutive World Cup appearance dating back to South Africa in 2010.
Marcelo Bielsa’s side closed its campaign with a goalless draw against Chile in Santiago on Tuesday.
Photo : Players of Uruguay pose for group photos before the Group H match between Uruguay and South Korea at the 2022 FIFA World Cup at Education City Stadium in Al Rayyan, Qatar, Nov. 24, 2022. (Xinhua/Han Yan)