Connect with us

China

တရုတ်နိုင်ငံမှ စွန်းရင်ဆား WTT ချန်ပီယံ မကာအိုပြိုင်ပွဲ၌ ကွာတားဖိုင်နယ်သို့ တက်လှမ်း

တရုတ်နိုင်ငံ တောင်ပိုင်း မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသတွင် ၂၀၂၅ ခုနှစ် ကမ္ဘာ့စားပွဲတင်တင်းနစ်ပြိုင်ပွဲ (WTT) ချန်ပီယံ မကာအိုပြိုင်ပွဲ၌ အမျိုးသမီး တစ်ဦးချင်း ၁၆ သင်း အဆင့်ပြိုင်ပွဲအတွင်း ရိုမေးနီးယားနိုင်ငံမှ Bernadette Szocs နှင့် ယှဉ်ပြိုင်ကစားရသည့် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၂ ရက်က ပွဲစဉ်အတွင်း တရုတ်နိုင်ငံမှ စွန်းရင်ဆားကို တွေ့ရစဉ် (ဆင်ဟွာ)

မကာအို၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသ၌ ကျင်းပလျက်ရှိသော ၂၀၂၅ ခုနှစ် ကမ္ဘာ့စားပွဲတင်တင်းနစ်ပြိုင်ပွဲ (WTT) ချန်ပီယံ မကာအိုပြိုင်ပွဲတွင် ကမ္ဘာ့နံပါတ် ၁ စွန်းရင်ဆားက ရိုမေးနီးယားနိုင်ငံမှ Bernadette Szocs ကို စက်တင်ဘာ ၁၂ ရက်၌ ရမှတ် ၃-၁ ဖြင့် အနိုင်ရရှိခဲ့ပြီးနောက် အမျိုးသမီး တစ်ဦးချင်း ကွာတားဖိုင်နယ်အဆင့်သို့ တက်လှမ်းသွားပြီဖြစ်ကြောင်း သိရသည်။
“Szocs ဟာ ဥရောပကစားသမားတွေကြားမှာ ခိုင်မာတဲ့အဆင့်တစ်ခုရှိပါတယ်၊ ဒါပေမဲ့ ဒီနေ့မှာတော့ ကျွန်မအနေနဲ့ စိန်ခေါ်မှုတွေအတွက် ကောင်းကောင်းပြင်ဆင်ထားပြီး ကျွန်မရဲ့ကိုယ်ပိုင်ကစားပွဲကို ပိုအာရုံစိုက်ထားပါတယ်” ဟု ပွဲအပြီးတွင် စွန်းက ပြောကြားခဲ့သည်။ ၎င်းက စက်တင်ဘာ ၁၃ ရက်တွင် ပွာတိုရီကိုမှ Adriana Diaz နှင့် ရင်ဆိုင်ရမည် ဖြစ်ပြီး နှစ်ဦးစလုံးက အဆိုပါပွဲစဉ်အတွက် မျှော်လင့်စောင့်စားချက်များကို ဖွင့်ဟပြောကြားထားကြသည်။
စွန်း၏ အသင်းဖော် Wang Manyu က ဂျပန်ကစားသမား ဟီနာ ဟာယာတာကို ၁-၂ ဖြင့် အရေးနိမ့်ခဲ့ရာမှ နောက်ဆုံးတွင် ရမှတ် ၃-၂ ဖြင့် အနိုင်ရရှိခဲ့သည်။ Wang က ဟာယာတာ၏ လက်သင့်ရိုက်ချက် အားပြင်းမှုနှင့် တိကျမှုမှာ အထင်ကြီးလောက်စရာဖြစ်ကြောင်း သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။ “ပွဲစဉ်ရဲ့နောက်ဆုံးတစ်ဝက်မှာ ကျွန်တော့်ရဲ့ ဘောလုံးပေးချက်တွေအတွင်း ပြုပြင်ပြောင်းလဲမှုအချို့ ပြုလုပ်ခဲ့ပြီး ကိုယ့်စိတ်ကို တည်ငြိမ်စေခဲ့ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
နှစ်ဖက်စလုံးက ဂျပန်စားပွဲတင်တင်းနစ်မယ်များချည်း ဖြစ်သည့်ပွဲတွင် ဆာဆုကီ အိုဒိုက မီဝါ ဟာရီမိုတိုကို ရမှတ် ၃-၁ ဖြင့် အနိုင်ယူခဲ့ပြီး ဂျပန်လူငယ် မီမာ အီတိုကို ရမှတ် ၃-၁ ဖြင့် အနိုင်ရရှိထားသော တရုတ်လူငယ်ကြယ်ပွင့် Kuai Man နှင့် ကွာတားဖိုင်နယ်၌ ထိပ်တိုက်တွေ့ဆုံမည်ဖြစ်သည်။
အမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွင်မူ တရုတ်နိုင်ငံမှ Lin Shidong ကတောင်ကိုရီးယားမှ Oh Jun-sung ကို ရမှတ် ၃-၀ ဖြင့် အနိုင်ရရှိခဲ့ပြီး တရုတ်မှ Chen Yuanyu ကို ရမှတ် ၃-၁ ဖြင့် အနိုင်ရခဲ့သော ဒိန်းမတ်နိုင်ငံမှ Anders Lind နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ ဘရာဇီးမှ Hugo Calderano က ဂျာမနီမှ Qiu Dang ကို ရမှတ် ၃-၁ ဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ တောင်ပိုင်း မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသတွင် ၂၀၂၅ ခုနှစ် ကမ္ဘာ့စားပွဲတင်တင်းနစ်ပြိုင်ပွဲ (WTT) ချန်ပီယံ မကာအိုပြိုင်ပွဲ၌ အမျိုးသမီး တစ်ဦးချင်း ၁၆ သင်း အဆင့်ပြိုင်ပွဲအတွင်း ရိုမေးနီးယားနိုင်ငံမှ Bernadette Szocs နှင့် ယှဉ်ပြိုင်ကစားရသည့် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၂ ရက်က ပွဲစဉ်အတွင်း တရုတ်နိုင်ငံမှ စွန်းရင်ဆားကို တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသတွင် ၂၀၂၅ ခုနှစ် ကမ္ဘာ့စားပွဲတင်တင်းနစ်ပြိုင်ပွဲ (WTT) ချန်ပီယံ မကာအိုပြိုင်ပွဲ၌ အမျိုးသမီး တစ်ဦးချင်း ၁၆ သင်း အဆင့်ပြိုင်ပွဲအတွင်း ရိုမေးနီးယားနိုင်ငံမှ Bernadette Szocs နှင့် ယှဉ်ပြိုင်ကစားရသည့် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၂ ရက်က ပွဲစဉ်အတွင်း တရုတ်နိုင်ငံမှ စွန်းရင်ဆားကို တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသတွင် ၂၀၂၅ ခုနှစ် ကမ္ဘာ့စားပွဲတင်တင်းနစ်ပြိုင်ပွဲ (WTT) ချန်ပီယံ မကာအိုပြိုင်ပွဲ၌ အမျိုးသမီး တစ်ဦးချင်း ၁၆ သင်း အဆင့်ပြိုင်ပွဲအတွင်း တရုတ်နိုင်ငံမှ စွန်းရင်ဆားနှင့် ယှဉ်ပြိုင်ကစားရသည့် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၂ ရက်က ပွဲစဉ်အတွင်း ရိုမေးနီးယားနိုင်ငံမှ Bernadette Szocs ကို တွေ့ရစဉ် (ဆင်ဟွာ)

……………………………………………
(English Version)
Sun Yingsha enters quarters at WTT Champions Macao
MACAO, Sept. 12 (Xinhua) — World No. 1 Sun Yingsha secured a place in the women’s singles quarterfinals of the World Table Tennis (WTT) Champions Macao 2025 after beating Bernadette Szocs of Romania 3-1 here on Friday.
“Szocs has a certain level of strength among European players, but today I was well-prepared for the challenges and focused more on my own game,” Sun said after the match. She will face Puerto Rico’s Adriana Diaz on Saturday, with both expressing anticipation for the match.
Sun’s teammate Wang Manyu overcame a 1-2 deficit to knock out Japan’s Hina Hayata 3-2. Wang shared in the mixed zone that Hayata’s forehand aggression and accuracy were impressive. “In the latter half of the match, I made some adjustments during my service rounds and slowed myself down mentally,” she said.
In an all-Japan clash, Satsuki Odo upset Miwa Harimoto 3-1 to secure her place in the quarterfinals, setting up a clash against China’s young star Kuai Man, who defeated Japan’s Mima Ito 3-1.
In men’s singles, Lin Shidong of China swept Oh Jun-sung of South Korea 3-0 and will face Anders Lind of Denmark, who defeated Chen Yuanyu of China 3-1. Hugo Calderano of Brazil eliminated Germany’s Qiu Dang 3-1. ■
English Caption 1, 2, 3
Sun Yingsha of China competes during the women’s singles round of 16 match against Bernadette Szocs of Romania at the 2025 World Table Tennis (WTT) Champions Macao in Macao, south China, Sept. 12, 2025. (Xinhua/Cheong Kam Ka)
English Caption 4, 5
Bernadette Szocs of Romania competes during the women’s singles round of 16 match against Sun Yingsha of China at the 2025 World Table Tennis (WTT) Champions Macao in Macao, south China, Sept. 12, 2025. (Xinhua/Cheong Kam Ka)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.