Media
တရုတ်နိုင်ငံ ပြည်တွင်းထုတ်ကားများ ထိရောက်မှု မြင့်မားသော တင်ပို့မှုကို အာမခံချက်ပေး
ရှန်ဟိုင်း၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ရှန်ဟိုင်း ဝိုက်ကောင်းချောင်ဆိပ်ကမ်းဧရိယာသည် ရှန်ဟိုင်းဆိပ်ကမ်း၏ မော်တော်ကား တင်ပို့မှုနှင့် တင်သွင်းမှုအရေအတွက် အများဆုံးဆိပ်ကမ်းဖြစ်ပြီး အဆိုပါဆိပ်ကမ်းဧရိယာ၏ ဝိုက်ကောင်းချောင် ဟိုင်ထုန်းဆိပ်ကမ်းဂိတ်သည် လက်ရှိအချိန်တွင် တရုတ်နိုင်ငံ အကြီးဆုံး တစ်ခုတည်းသော တိုက်ရိုက်ကားကုန်တင်ကုန်ချပြုလုပ်နိုင်သည့် (Vehicle Roll-on/Roll-off terminal) ဆိပ်ကမ်းဖြစ်သည်။
လက်ရှိအချိန်တွင် ဝိုက်ကောင်းချောင် ဟိုင်ထုန်းဆိပ်ကမ်းဂိတ်တွင် နိုင်ငံတကာ roll-on/roll-off ရေကြောင်းလိုင်း ၁၅ ခုရှိပြီး ကားထုတ်လုပ်ရေးကုမ္ပဏီများအတွက် လွယ်ကူချောမွေ့သော ယန်ဇီမြစ်၊ ကမ်းရိုးတန်းဒေသနှင့် ကမ္ဘာတစ်ဝန်း ကားစင်းလုံး တင်ပို့-တင်သွင်းမှု ရေကြောင်းပို့ဆောင်ရေးဝန်ဆောင်မှုများကို ပေးစွမ်းနိုင်သည်။ မော်တော်ကားတင်ပို့မှုကို အထောက်အကူပြုရန် ရှန်ဟိုင်း ဝိုက်ကောင်းချောင်ဆိပ်ကမ်းဧရိယာရှိ အကောက်ခွန်ဌာနသည် ဆိပ်ကမ်းကြီးကြပ်စီမံခန့်ခွဲရေး အားသာချက်များကို တက်ကြွစွာ အသုံးချကာ “အကောက်ခွန်ဌာန-ကုမ္ပဏီလုပ်ငန်း ညှိနှိုင်းဆက်သွယ်ရေးမှူး” ယန္တရားကို လက်တွေ့ဖော်ဆောင်ခြင်း၊ လုပ်ငန်းနည်းလမ်းများ ဆန်းသစ်တီထွင်ခြင်း၊ အကောက်ခွန်ရှင်းလင်းရေးလုပ်ငန်း ထိရောက်မှုနှုန်း မြှင့်တင်ခြင်းတို့ဖြင့် တရုတ်နိုင်ငံ ပြည်တွင်းထုတ်ကားများ တင်ပို့မှု တည်ငြိမ်ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်မှုကို အပြည့်အဝအာမခံပေးလျက်ရှိသည်။ (Xinhua)
……………………………….
(Chinese Version)
活力中国调研行|“关港合作”保障国产车辆高效出口
新华社照片,上海,2025年9月12日
上海外高桥港区是上海口岸进出口汽车数量最大的口岸,坐落于该港区的外港海通码头是目前全国最大的单一整车滚装码头。目前,外港海通码头拥有国际汽车滚装航线15条,能为车企提供便捷的长江、沿海和全球整车进出口水运服务。 为助力汽车出口,上海外高桥港区海关积极发挥口岸监管优势,落实“关企联络员”机制,创新工作方法,提高通关效率,全力保障国产汽车出口平稳优质发展。