International Organizations
လာမင်း ယမားလ် ဒဏ်ရာကြောင့် ဗလင်စီယာနှင့် ပွဲစဉ်အား လွဲချော်မည်ဟု ဘာစီလိုနာနည်းပြ အတည်ပြု

မက်ဒရစ်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)
စက်တင်ဘာ ၁၄ ရက်၌ ဗလင်စီယာအသင်းအား အိမ်ကွင်း၌ လက်ခံကစားရမည့် လာလီဂါပွဲစဉ်၌ တောင်ပံကစားသမား လာမင်း ယမားလ် ပါဝင်နိုင်မည်မဟုတ်ကြောင်း ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီ ဖလစ်ခ်က စက်တင်ဘာ ၁၃ ရက်၌ အတည်ပြုပြောကြားခဲ့သည်။
အသက် ၁၈ နှစ်အရွယ် ယမားလ်မှာ အသင်းဖော်များနှင့်အတူ လေ့ကျင့်ရေးကွင်းသို့ လာရောက်ပူးပေါင်းနိုင်ခြင်းမရှိသဖြင့် စိုးရိမ်မှုများ ဖြစ်ပေါ်နေချိန်တွင် နည်းပြဖလစ်ခ်က ယမားလ်အနေဖြင့် တင်ပါးဆုံရိုးတွင် အနည်းငယ်ဒဏ်ရာရရှိခဲ့သဖြင့် စက်တင်ဘာ ၁၄ ရက် ပွဲစဉ်၌ ပါဝင်နိုင်မည်မဟုတ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့ပြင် အဆိုပါ လူငယ်ကြယ်ပွင့်ကစားသမားအနေဖြင့် စက်တင်ဘာ ၁၈ ရက်တွင် နယူးကာဆယ်အသင်းနှင့် အဝေးကွင်း၌ ယှဉ်ပြိုင်ကစားမည့် ချန်ပီယံလိဂ် အဖွင့်ပွဲစဉ်၌လည်း ပါဝင်နိုင်ရန် မသေချာသေးဟု ဖလစ်ခ်က ဆိုသည်။
ယမားလ်မှာ မကြာမီက ယှဉ်ပြိုင်ကစားခဲ့သည့် စပိန်အသင်း၏ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ် နှစ်ပွဲစလုံးတွင် အဓိက ကစားသမားအဖြစ် ပါဝင်ခဲ့သော်လည်း ဘူဂေးရီးယားအသင်းအား ၃-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပွဲစဉ်၌ ပွဲချိန် ၇၉ မိနစ်တွင် ၎င်းအား နောက်ကျောဒဏ်ရာကြောင့် အနားပေးခဲ့ကြောင်း ဖလစ်ခ်က သတင်းထောက်များကို ပြောကြားခဲ့သည်။
“ဒါက စိတ်မကောင်းစရာပါပဲ။ သူဟာ ဒဏ်ရာရနေတာတောင်၊ ဒဏ်ရာပြဿနာတွေ ရှိနေတာတောင် စပိန်အသင်းအတွက် ကစားပေးခဲ့တာပါ” ဟု ဖလစ်ခ်က ပြောကြားခဲ့ပြီး ယမားလ်အနေဖြင့် စပိန်အသင်း၏ ပြီးခဲ့သည့် ပွဲစဉ်နှစ်ပွဲတွင် ၇၉ မိနစ်နှင့် ၇၃ မိနစ်စီ ပါဝင်ကစားခဲ့ရသည်ဟု ထောက်ပြပြောဆိုခဲ့သည်။
“သူဟာ ပွဲစဉ်တစ်ပွဲနဲ့တစ်ပွဲကြားမှာ လေ့ကျင့်ခန်းမဆင်းနိုင်ခဲ့ပါဘူး။ အဲဒါက လူငယ်ကစားသမားတွေကို ဂရုစိုက်ပေးတာမျိုး မဟုတ်ပါဘူး” ဟု စပိန်အသင်းနည်းပြ လူးဝစ်စ် ဒယ်လာဖွန်တေးအား ရည်ရွယ်ကာ ၎င်းက ဝေဖန်ခဲ့သည်။
“စပိန်ဟာ ကမ္ဘာ့အကောင်းဆုံးအသင်းနဲ့ နေရာအလိုက် အကောင်းဆုံးကစားသမားတွေကို ပိုင်ဆိုင်ထားပုံရပေမဲ့ ကစားသမားတွေနဲ့ လူငယ်ကစားသမားတွေကို ဂရုစိုက်ပေးဖို့ လိုအပ်နေပုံပါပဲ။ အဲဒီအချက်က ကျွန်တော့်ကို စိတ်မကောင်းဖြစ်စေတယ်” ဟု ဘာစီလိုနာနည်းပြက ပြောကြားခဲ့သည်။ (Xinhua)

စပိန်နိုင်ငံ ကော်နယ်လာမြို့ရှိ RCDE ဘောလုံးအားကစားကွင်း၌ ၂၀၂၅ ခုနှစ် မေ ၁၅ ရက်က ဘာစီလိုနာအသင်းနှင့် အက်စပန်ညိုအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် လာလီဂါပွဲစဉ်၌ ဘာစီလိုနာအသင်းမှ လာမင်း ယမားလ် (ဝဲ) ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

ဆားဘီးယားနိုင်ငံ ဘဲဂရိတ်မြို့တွင် ဘာစီလိုနာအသင်းနှင့် Crvena Zvezda အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ဘောလုံးပွဲစဉ်၌ ဘာစီလိုနာအသင်းနည်းပြချုပ် ဟန်ဆီ ဖလစ်ခ်အား ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
…………………….
(English Version)
Barca coach Flick unhappy with Spain national team after announcing Lamine Yamal injury
MADRID, Sept. 13 (Xinhua) — FC Barcelona coach Hansi Flick confirmed on Saturday that winger Lamine Yamal will miss Sunday’s La Liga game at home to Valencia.
The 18-year-old sounded the alarm bells when he didn’t appear on the training ground with his teammates, and in his press conference, Flick explained Yamal had “slight problems in his pelvis and he won’t be available for Sunday’s game.”
The coach also added that the youngster was also a doubt for Barca’s Champions League debut away to Newcastle United on Thursday.
Flick reminded reporters that Yamal had played a major role in both of Spain’s recent World Cup qualifying matches, despite being rested in the 79th minute of the 3-0 win in Bulgaria due to back pain.
“It is a shame, because he played with the Spanish national team and he played with pain and he had problems,” said Flick, who pointed out Yamal “played 79 and 73 minutes in the two games.”
“He didn’t train between games and that isn’t looking after your players,” he said in a clear criticism of Spain coach Luis de la Fuente.
“Spain has probably the best team in the world and the best players in every position, but maybe you have to look after them and the young players, it is something that makes me sad,” concluded the Barca coach. ■
English Caption 1
Lamine Yamal of Barcelona competes during the Laliga football match between Barcelona and Levante in Valencia, Spain, Aug. 23, 2025. (Xinhua/Stinger)
English Caption 2
Lamine Yamal (L) of FC Barcelona celebrates a goal during the Laliga football match between FC Barcelona and RCD Espanyol, in RCDE Stadium, Cornella, Spain, on May 15, 2025. (Photo by Joan Gosa/Xinhua)
English Caption 3
Barcelona’s head coach Hansi Flick is seen during the UEFA Champions League football match between Crvena Zvezda and Barcelona in Belgrade, Serbia, on Nov. 6, 2024. (Photo by Predrag Milosavljevic/Xinhua)