Connect with us

International Organizations

ဗင်နီဇွဲလားအသင်းနည်းပြရာထူးအတွက် Tite ဆွေးနွေး

ကာတာနိုင်ငံ ဒိုဟာရှိ အားကစားကွင်း ၉၇၄ ၌ပြုလုပ်သည့် ၂၀၂၂ ဖီဖာ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲအတွင်း တောင်ကိုရီးယားအသင်းနှင့် ၁၆ သင်းအဆင့်ပွဲစဉ်တွင် ညွန်ကြားနေသည့် ဘရာဇီးဘောလုံးအသင်းနည်းပြချုပ် Tite (ဝဲဘက်) ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၅ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ရီယိုဒီဂျနေးရိုး၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)
ဘရာဇီးလက်ရွေးစင်အသင်း၏ နည်းပြဟောင်း Tite Tite သည် ဗင်နီဇွဲလားဘောလုံးအဖွဲ့ချုပ်နှင့် ဘရာဇီးနိုင်ငံလက်ရွေးစဥ် ဘောလုံးအသင်း Vinotinto ၏လစ်လပ်လျက်ရှိသည့် မန်နေဂျာရာထူးအတွက် ဆွေးနွေးလျက်ရှိကြောင်း ဘရာဇီးမီဒီယာများက သတင်းဖော်ပြခဲ့သည်။
အသက် ၆၄ နှစ်အရွယ်ရှိ Tite သည် လာမည့်ရက်များတွင် ဒူးခေါင်းခွဲစိတ်မှု လုပ်ဆောင်ပြီးသည့်အခါမှ ၎င်း၏ ပြောင်း‌ရွှေ့မှုကိုဆုံးဖြတ်မည်ဟု Globo Esporte ကဖော်ပြခဲ့သည်။
၂၀၁၆ ခုနှစ် မှ ၂၀၂၂ ခုနှစ်အထိ ဘရာဇီးဘောလုံးအသင်းကို ဦးဆောင်ခဲ့သော Tite သည် ၂၀၂၄ ခုနှစ် စက်တင်ဘာတွင် ဖလာမင်ဂိုအသင်းမှ ထွက်ခွာခဲ့ချိန်မှစ၍ အလုပ်လက်မဲ့ဖြစ်နေခဲ့သည်။ ၎င်းအား အနည်းဆုံး ဘရာဇီးကလပ် အသင်းလေးခုက စိတ်ဝင်စားမှုများရှိနေကြောင်း သတင်းများတွင် ဖော်ပြခြင်းခံခဲ့သည်။
ဗင်နီဇွဲလားဘောလုံးအသင်းနည်းပြချုပ်ရာထူးသည် ပြီးခဲ့သည့်ရက်သတ္တပတ်က ကိုလံဘီယာအသင်းကို အိမ်ကွင်းတွင် ၆-၃ ဖြင့်ရှုံးနိမ့်ခဲ့ပြီးနောက် Fernando Batista ၏ နုတ်ထွက်မှုအပြီးတွင် လစ်လပ်လျက်ရှိနေသည်။
ကမ္ဘာ့ဖလားဗိုလ်လုပွဲများကို တစ်ကြိမ်တစ်ခါမှ တက်ရောက်နိုင်ခြင်းမရှိသေးသည့် Vinotinto အသင်းသည် တောင်အမေရိကဇုန်ခြေစစ်ပွဲများတွင် အရည်အချင်းအများစုကို ထိန်းသိမ်းနိုင်ခဲ့သော်လည်း သုံးပွဲဆက် ရှုံးနိမ့်မှုဖြင့် အဆုံးသတ်ခဲ့ရသည်။ (Xinhua)
…………………..
(English Version)
Tite in talks over Venezuela coaching job
RIO DE JANEIRO, Sept. 15 (Xinhua) — Former Brazil manager Tite is in talks with the Venezuelan Football Federation over the Vinotinto’s vacant managerial post, Brazilian media reported.
The 64-year-old is due to undergo knee surgery in the coming days before deciding on his next move, Globo Esporte said.
Tite, who led Brazil from 2016 to 2022, has been without a job since leaving Flamengo in September 2024. He has also reportedly drawn interest from at least four Brazilian clubs.
Venezuela’s head coaching role became available after Fernando Batista resigned following a 6-3 home defeat by Colombia last week.
The Vinotinto, which has never reached the World Cup finals, was in the qualification places for much of the South American campaign before finishing with three consecutive defeats.
Photo : Brazil’s head coach Tite (L) instructs during the Round of 16 match against South Korea at the 2022 FIFA World Cup at Stadium 974 in Doha, Qatar, Dec. 5, 2022. (Xinhua/Wang Lili)