China
၂၂ ကြိမ်မြောက် အာဆီယံ ကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ ဟန်ကျိန့် တက်ရောက်မည်

ပေကျင်း၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဒုတိယ သမ္မတ ဟန်ကျိန့်သည် စက်တင်ဘာ ၁၇ ရက်တွင် တရုတ်နိုင်ငံ ကွမ်ရှီးဒေသ နန်နင်းမြို့၌ ကျင်းပမည့် ၂၂ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး တက်ရောက်မည်ဖြစ်ပြီး ဖွင့်ပွဲအခမ်းအနား၌ အမှာစကား ပြောကြားသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက စက်တင်ဘာ ၁၆ ရက်၌ ကြေညာခဲ့သည်။
မြန်မာနိုင်ငံ ဝန်ကြီးချုပ် ဦးညိုစော၊ လာအိုနိုင်ငံ ဒုတိယ သမ္မတ Bounthong Chitmany ၊ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ရုံး ဝန်ကြီး Vongsey Vissoth ၊ မလေးရှားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ စွမ်းအင်နှင့် ရေအရင်းအမြစ်အသွင်ပြောင်းလဲရေးဝန်ကြီး Fadillah Yusof ၊ ဗီယက်နမ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် Mai Van Chinh စသည့် နိုင်ငံခြားခေါင်းဆောင်များ၊ အဆင့်မြင့်အရာရှိများနှင့် အာဆီယံအထွေထွေအတွင်းရေးမှူးချုပ် Kao Kim Hourn စသည်တို့လည်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
………………………..
(Chinese Version)
韩正将出席第22届中国—东盟博览会暨中国—东盟商务与投资峰会开幕式
新华社北京9月16日电 外交部发言人16日宣布:国家副主席韩正将于9月17日出席在广西南宁举行的第22届中国—东盟博览会暨中国—东盟商务与投资峰会开幕式并致辞。
缅甸总理纽梭、老挝国家副主席本通、柬埔寨副首相兼内阁办公厅大臣翁赛维索、马来西亚副总理兼能源及水务转型部部长法迪拉、越南副总理梅文政等外国领导人和高级官员以及东盟秘书长高金洪等将出席开幕式。(完)