Economy
၂၂ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ ဟန်ကျိန့် တက်ရောက်၍ အမှာစကားပြောကြား

နန်နင်း၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဒုတိယသမ္မတ ဟန်ကျိန့်သည် စက်တင်ဘာ ၁၇ ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံ ကွမ်ရှီးဒေသ နန်နင်းမြို့၌ ၂၂ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ (CAEXPO) နှင့် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားအား တက်ရောက်၍ အမှာစကားပြောကြားခဲ့သည်။ဟန်ကျိန့်က တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများသည် တောတောင်ရေမြေချင်း ဆက်စပ်လျက်ရှိပြီး လူမှုယဉ်ကျေးမှုချင်း တူညီကာ ချစ်ကြည်ရင်းနှီးစွာဆက်ဆံမှု သမိုင်းကြောင်း ကြာရှည်လှကြောင်း ပြောကြားခဲ့သည်။
၂၀၂၁ ခုနှစ်တွင် သမ္မတ ရှီကျင့်ဖိန်က ငြိမ်းချမ်းသော၊ တည်ငြိမ်အေးချမ်းသော၊ စည်ပင်ဝပြောသော၊ သာယာလှပသော၊ ချစ်ကြည်ရင်းနှီးသော “မိသားစုဥယျာဉ်ကြီးငါးခု” အတူတည်ဆောက်ရန် အဆိုပြုခဲ့ရာ တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်မှုအတွက် အစီအစဉ်အသစ် ရေးဆွဲပေးခဲ့ပြီး ရှေ့သို့လှမ်းချီရန် ဦးတည်ချက်အား ရှင်းလင်းစွာ လမ်းညွှန်ပေးခဲ့ကြောင်း၊ နှစ်ဖက်အကြီးအကဲများ၏ မဟာဗျူဟာ ဦးဆောင်လမ်းညွှန်မှုအောက်တွင် လတ်တလောနှစ်ပိုင်း၌ တရုတ်-အာဆီယံ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးသည် စဉ်ဆက်မပြတ် နက်ရှိုင်းလာပြီး အာရှ-ပစိဖိတ်ဒေသ ပူးပေါင်းဆောင်ရွက်မှုများအနက် အောင်မြင်မှုအရှိဆုံးနှင့် ရှင်သန်တက်ကြွမှုအရှိဆုံး စံနမူနာ ဖြစ်လာကာ လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုကို တွန်းအားပေးသည့် သက်ဝင်လှုပ်ရှားသော သက်သေသာဓကဖြစ်လာကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ကွမ်ရှီးဒေသ နန်နင်းမြို့၌ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၇ ရက်က ကျင်းပသည့် ၂၂ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ (CAEXPO) နှင့် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားပြီးနောက် တရုတ်နိုင်ငံ ဒုတိယသမ္မတ ဟန်ကျိန့်က ပြခန်းများအား လှည့်လည်ကြည့်ရှုပြီး ပြခန်းတာဝန်ခံများနှင့် အပြန်အလှန် စကားပြောဆိုနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံအနေဖြင့် အာဆီယံနိုင်ငံများနှင့်အတူ သင့်မြတ်စွာ အတူယှဉ်တွဲနေထိုင်ပြီး ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွားဖော်ဆောင်၍ ပိုမိုတက်ကြွသည့် အနေအထားနှင့် ပိုမိုလက်တွေ့ကျသော အစီအမံများဖြင့် တရုတ်-အာဆီယံ အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်မှု အဆင့်သစ်သို့ အဆက်မပြတ်လျှောက်လှမ်းရန် တွန်းအားပေးကာ ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်မှုနှင့် စည်ပင်ဝပြော ဖွံ့ဖြိုးတိုးတက်မှုအတွက် ပိုမိုများပြားသည့် အကျိုးထမ်းဆောင်မှုများ လုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဟန်ကျိန့်က အကြံပြုချက် ၄ ရပ်အား အဆိုပြုခဲ့သည်။ ၎င်းတို့မှာ-ပထမအနေဖြင့် အပြန်အလှန် ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာချိတ်ဆက်မှုကို မြှင့်တင်ကာ “ရပ်ဝန်းနှင့် ပိုးလမ်းမ” အရည်အသွေးမြင့် အတူတကွတည်ဆောက်ပြီး ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အစီအမံ (GDI)၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အစီအမံ (GSI)၊ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှု အစီအမံ (GCI)၊ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံ (GGI) တို့အား အတူတကွ ကောင်းမွန်စွာ အကောင်အထည်ဖော်ရန်ဖြစ်သည်။
ဒုတိယအနေဖြင့် ဒေသတွင်း တံခါးဖွင့်လှစ်၍ ပူးပေါင်းဆောင်ရွက်မှု ခြေလှမ်းများကို အရှိန်မြှင့်ကာ တရုတ်-အာဆီယံ လွတ်လပ်သော ကုန်သွယ်မှုဇုန် ၃.၀ ဗားရှင်းအား အတူတကွ ကောင်းမွန်စွာ တည်ဆောက်ပြီး ဒေသတွင်း ဘက်စုံစီးပွားရေး မိတ်ဖက်ဆက်ဆံရေး (RCEP) အား ဆက်လက်အရည်အသွေးမြှင့် ဖော်ဆောင်သွားရန်ဖြစ်သည်။
တတိယအနေဖြင့် ကုန်ထုတ်လုပ်ငန်းကွင်းဆက်နှင့် ထောက်ပံ့ရေးလုပ်ငန်းကွင်းဆက် ပူးတွဲဖွံ့ဖြိုးတိုးတက်မှုအား တွန်းအားပေးကာ ထွန်းသစ်စလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှုကို အဆက်မပြတ် တိုးချဲ့၍ ကမ္ဘာလုံးဆိုင်ရာ ကုန်ထုတ်လုပ်ငန်းကွင်းဆက်နှင့် ထောက်ပံ့ရေးလုပ်ငန်းကွင်းဆက် တည်ငြိမ်မှုအား အတူတကွ ကာကွယ်ထိန်းသိမ်းသွားရန်ဖြစ်သည်။
စတုတ္ထအနေဖြင့် ယဉ်ကျေးမှု ကူးလူးဖလှယ် အပြန်အလှန် လေ့လာသင်ယူမှုအား မြှင့်တင်ကာ လူပုဂ္ဂိုလ်များ သွားလာဆက်ဆံမှု အဆင်ပြေချောမွေ့ရေးကို တွန်းအားပေး၍ ပြည်သူများ နှစ်သက်အားပေးသော၊ ပြည်သူ့ဆန္ဒနှင့် ကိုက်ညီသော၊ ပြည်သူလူနေမှုဘဝ အကျိုးဖြစ်ထွန်းသော စီမံကိန်းများအား ပိုမိုဖော်ဆောင်သွားရန် ဖြစ်သည်။
တရုတ်နိုင်ငံသည် အဆင့်မြင့် တံခါးဖွင့်လှစ်မှုဖြင့် ကမ္ဘာကြီးအတွက် ပိုမိုများပြားသော အခွင့်အလမ်းများ ပံ့ပိုးပေးရန်၊ မိမိ၏ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုဖြင့် နိုင်ငံအသီးသီး အတူတကွဖွံ့ဖြိုးတိုးတက်မှုအား ကူညီတွန်းအားပေးရန် အခိုင်အမာ လက်ကိုင်ထားကြောင်း ဟန်ကျိန့်က ထောက်ပြပြောကြားခဲ့သည်။
တရုတ်-အာဆီယံ ကုန်စည်ပြပွဲ (CAEXPO) ၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးသည် တရုတ်-အာဆီယံ ချစ်ကြည်ရင်းနှီးစွာ သွားလာဆက်ဆံမှုအား တွန်းအားပေးသည့် ခန်းနားထည်ဝါသော အခမ်းအနားဖြစ်သလို ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအား မြှင့်တင်ပေးသည့် အရေးကြီး ပလက်ဖောင်းလည်းဖြစ်ကြောင်း၊ ဘက်ပေါင်းစုံအနေဖြင့် အဆိုပါပလက်ဖောင်းအား ကောင်းမွန်ပြည့်ဝစွာ အသုံးပြု၍ အခွင့်အလမ်းများ အတူမျှဝေကာ အနာဂတ်အား အတူမြှင့်တင်ရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အဆိုပါဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံ ဝန်ကြီးချုပ် ဦးညိုစော၊ လာအိုနိုင်ငံ ဒုတိယ သမ္မတ Bounthong Chitmany ၊ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ရုံး ဝန်ကြီး Vongsey Vissoth ၊ မလေးရှားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ စွမ်းအင်နှင့် ရေအသွင်ပြောင်းမှု ဝန်ကြီးဌာန ဝန်ကြီး Fadillah Yusof ၊ ဗီယက်နမ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် Mai Van Chinh ၊ အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် Kao Kim Hourn တို့ တက်ရောက်၍ အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ဟန်ကျိန့်က ပြပွဲစတင်ဖွင့်လှစ်ကြောင်း ကြေညာ၍ ဧည့်သည်တော်များနှင့်အတူ ပြပွဲအား အတူတကွ ဖွင့်လှစ်ပေးခဲ့သည်။ဖွင့်ပွဲအခမ်းအနားပြီးနောက် ဟန်ကျိန့်သည် ပြပွဲအတွင်းရှိ ပြခန်းများသို့ သွားရောက်လှည့်လည်ကြည့်ရှု၍ ပြပွဲ၌ ဝင်ရောက်ပြသသည့် တာဝန်ရှိပုဂ္ဂိုလ်များနှင့် အပြန်အလှန် စကားပြောဆိုခဲ့ကြကြောင်း သိရသည်။ (Xinhua)
———————————————-
(Chinese Version)
韩正出席第22届中国-东盟博览会开幕式并致辞
新华社南宁9月17日电(记者朱超、杨驰)国家副主席韩正17日上午在广西南宁出席第22届中国-东盟博览会暨中国-东盟商务与投资峰会开幕式并致辞。
韩正表示,中国与东盟国家山水相连、人文相通,友好交往源远流长。2021年,习近平主席提出共建和平、安宁、繁荣、美丽、友好“五大家园”,为中国东盟合作擘画崭新蓝图、指明前进方向。在双方领导人战略引领下,近年来中国东盟全面战略伙伴关系持续深化,已成为亚太区域合作中最为成功和最具活力的典范,成为推动构建人类命运共同体的生动例证。中国愿继续同东盟国家一道,和睦共处、合作共赢,以更加积极的姿态和更加务实的举措,推动中国-东盟命运共同体建设不断迈上新台阶,为地区和平稳定和发展繁荣作出更多贡献。
韩正提出四点建议:一是加强彼此发展战略对接,高质量共建“一带一路”,共同落实好全球发展倡议、全球安全倡议、全球文明倡议、全球治理倡议。二是加快区域开放合作步伐,共同建设好中国-东盟自贸区3.0版,继续高质量实施《区域全面经济伙伴关系协定》。三是推动产业链供应链联动发展,不断拓展新兴产业合作,共同维护全球产业链供应链稳定。四是增进文明交流互鉴,推进人员往来便利化,实施更多得民心、顺民意、惠民生项目。
韩正指出,中国将坚持以高水平对外开放为世界提供更多机遇,以自身高质量发展助推各国共同发展。中国-东盟博览会、商务与投资峰会是推动中国东盟友好交往的盛会,也是促进区域发展合作的重要平台。希望各方用足用好这一平台,共享机遇、共促未来。
缅甸总理纽梭、老挝国家副主席本通、柬埔寨副首相兼内阁办公厅大臣翁赛维索、马来西亚副总理兼能源及水务转型部部长法迪拉、越南副总理梅文政、东盟秘书长高金洪出席开幕式并先后致辞。
随后,韩正宣布博览会开幕,并与嘉宾共同启幕。
开幕式后,韩正到博览会展馆巡馆,与参展单位负责人互动交流。(完)
1、9月17日上午,国家副主席韩正在广西南宁出席第22届中国-东盟博览会暨中国-东盟商务与投资峰会开幕式并致辞。 新华社记者 丁林 摄
2、9月17日上午,国家副主席韩正在广西南宁出席第22届中国-东盟博览会暨中国-东盟商务与投资峰会开幕式并致辞。这是开幕式后,韩正到博览会展馆巡馆,与参展单位负责人互动交流。 新华社记者 丁林 摄