Environment, Disasters & Accidents
စုစုပေါင်း အရေအတွက်အားဖြင့် အာရှ ပထမ- တရုတ်နိုင်ငံ၏ သဘာဝထိန်းသိမ်းရေးနယ်မြေ ၃၄ ခု ကမ္ဘာ့ဇီဝအဝန်းနယ်မြေ ဖြစ်လာ

ပေကျင်း၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)
လက်ရှိတွင် တရုတ်နိုင်ငံ၌ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) မှ အသိအမှတ်ပြုထားသော ကမ္ဘာ့ဇီဝအဝန်းနယ်မြေ ၃၄ ခု ရှိပြီဖြစ်ပြီး စုစုပေါင်း အရေအတွက်အားဖြင့် အာရှတွင် ပထမနေရာ၌ ရပ်တည်လျက်ရှိသည်။ ဤထိန်းသိမ်းရေးနယ်မြေများသည် တရုတ်နိုင်ငံ၏ ဇီဝမျိုးစုံမျိုးကွဲနှင့် ဂေဟစနစ် ထိန်းသိမ်းစောင့်ရှောက်ရေး၊ သဘာဝအရင်းအမြစ်များ စဉ်ဆက်မပြတ်အသုံးချရေး၊ ထိန်းသိမ်းရေးနယ်မြေနှင့် အနီးဝန်းကျင် လူမှုအသိုင်းအဝိုင်းများ အတူတကွ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ရှေ့တန်းစမ်းသပ်ရှာဖွေမှုများနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတို့တွင် အတက်ကြွဆုံးသော သဘာဝထိန်းသိမ်းရေးနယ်မြေများ ဖြစ်လာသည်။ နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံး (SCIO) က စက်တင်ဘာ ၁၆ ရက်တွင် သတင်းစာရှင်းလင်းပွဲကျင်းပ၍ ဂေဟဝန်းကျင်ယဉ်ကျေးမှုတည်ဆောက်ရေးတွင် သိပ္ပံနည်းပညာဆိုင်ရာ ကူညီပံ့ပိုးမှုနှင့် ၅ ကြိမ်မြောက် ကမ္ဘာ့ဇီဝအဝန်းနယ်မြေညီလာခံဆိုင်ရာ အခြေအနေများကို မိတ်ဆက်ခဲ့ပြောကြားခဲ့ရာ ဤသတင်းအချက်အလက်များကို သတင်းစာရှင်းလင်းပွဲမှ သတင်းထောက် သိရှိခဲ့ရသည်။
“လူသားနှင့်ဇီဝအဝန်းအစီအစဉ်” (MAB) ကို UNESCO က ၁၉၇၁ ခုနှစ်တွင် စတင်ခဲ့ပြီး UNESCO ၏ သက်တမ်းအရှည်ကြာဆုံးဖြစ်သော အစိုးရများအကြား အကြီးစား သိပ္ပံနည်းပညာ အစီအစဉ်များအနက် တစ်ခုဖြစ်ကြောင်း၊ ၁၉၇၃ ခုနှစ် ပထမဆုံးအကြိမ် “လူသားနှင့်ဇီဝအဝန်းအစီအစဉ်” တွင် ပါဝင်ခဲ့သည့်အချိန်မှစ၍ တရုတ်နိုင်ငံသည် လူသားနှင့်ဇီဝအဝန်းအစီအစဉ် အကောင်အထည်ဖော်ရာတွင် ကမ္ဘာ့အကြီးဆုံးနိုင်ငံတွင်းကွန်ရက်ကို တည်ဆောက်နိုင်ခဲ့ကြောင်း သိရသည်။
“လူသားနှင့်ဇီဝအဝန်းအစီအစဉ်” ဤနိုင်ငံတကာ ဖလှယ်ရေးပလက်ဖောင်းကို အပြည့်အဝအသုံးချရန်အတွက် တရုတ်နိုင်ငံသည် ၁၉၉၃ ခုနှစ်တွင် “တရုတ်ဇီဝအဝန်းနယ်မြေကွန်ရက်” ကို ထူထောင်ခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ် ဩဂုတ်လအထိ နိုင်ငံအတွင်းရှိ သဘာဝထိန်းသိမ်းရေးနယ်မြေ ၂၁၄ ခု (ကမ္ဘာ့ဇီဝအဝန်းနယ်မြေ ၃၄ ခုအပါအဝင်) သည် “တရုတ်ဇီဝအဝန်းနယ်မြေကွန်ရက်”သို့ ထည့်သွင်းရန် အတည်ပြုခဲ့ရာ တရုတ်နိုင်ငံ၏ အဓိကဂေဟစနစ်အမျိုးအစားများနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဇုန်အားလုံးနီးပါးကို လွှမ်းခြုံထားကြောင်း သိရသည်။
တရုတ်နိုင်ငံ လူသားနှင့်ဇီဝအဝန်း အမျိုးသားကော်မတီ၏ ဥက္ကဋ္ဌအဖွဲ့အစည်းအဖြစ် တရုတ်သိပ္ပံအကယ်ဒမီ (CAS) သည် သက်ဆိုင်ရာ ဌာနများနှင့်ပူးတွဲ၍ “တရုတ်ဇီဝအဝန်းနယ်မြေကွန်ရက်” ကို အခြေခံကာ မျိုးသုဉ်းရန် အန္တရာယ်ရှိသည့်မျိုးစိတ်များ ထိန်းသိမ်းစောင့်ရှောက်ရေးသုတေသနပြုလုပ်ခြင်း၊ ဂေဟစနစ်နှင့်မျိုးစိတ်များအား သိပ္ပံနည်းကျစောင့်ကြည့်လေ့လာခြင်း၊ နည်းပညာအသစ်များ စုပေါင်းအသုံးချခြင်းနှင့် သိပ္ပံနည်းပညာဆိုင်ရာမဟာဗျူဟာများအကြံပေးခြင်း စသည့်ကဏ္ဍများတွင် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းစောင့်ရှောက်ရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခိုင်မာအားကောင်းသော သိပ္ပံနည်းပညာဆိုင်ရာ ကူညီပံ့ပိုးမှုများ ပေးအပ်ခဲ့ကြောင်း တရုတ်သိပ္ပံအကယ်ဒမီ ဒုတိယဥက္ကဋ္ဌ ဟယ်ဟုန်ဖိန်က ပြောကြားခဲ့သည်။
၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၂ ရက်မှ ၂၅ ရက်အထိ ၅ ကြိမ်မြောက် ကမ္ဘာ့ဇီဝအဝန်းနယ်မြေညီလာခံကို တရုတ်ပြည်နယ် ကျဲ့ကျန်းပြည်နယ် ဟန်ကျိုးမြို့တွင် ကျင်းပမည်ဖြစ်ကြောင်း၊ ဤညီလာခံသည် “လူသားနှင့်သဘာဝအတွက် စဉ်ဆက်မပြတ်သော အနာဂတ်ကို ပုံဖော်ခြင်း” ခေါင်းစဉ်ဖြင့် အာရှတွင် ပထမဆုံးအကြိမ်ကျင်းပခြင်းဖြစ်ကာ ကမ္ဘာတစ်ဝန်းမှ နိုင်ငံနှင့်ဒေသပေါင်း ၁၅၀ ကျော်မှ ကိုယ်စားလှယ် ၄,၀၀၀ ဦးခန့် တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
#လူသားနှင့်ဇီဝအဝန်း #Man_and_the_Biosphere #ကမ္ဘာ့ဇီဝအဝန်းနယ်မြေ #တရုတ်နိုင်ငံ #အာရှပထမ
……………………..
(Chinese Version)
新华全媒+|总数亚洲第一!我国已有34个自然保护地成为世界生物圈保护区
新华社北京9月16日电(记者胡喆、顾天成)目前,我国已有34个自然保护地被联合国教科文组织批准为世界生物圈保护区,总数位居亚洲第一。这些保护区已成为我国生物多样性和生态系统保护、自然资源可持续利用、保护地与周边社区共同发展前沿性探索和国际合作最为活跃的自然保护地。
16日,国务院新闻办公室召开新闻发布会,介绍科技支撑生态文明建设及第五届世界生物圈保护区大会有关情况,这是记者从会上了解到的信息。
“人与生物圈计划”(MAB)由联合国教科文组织于1971年发起,是联合国教科文组织存续时间最长的政府间大型科学计划之一。自1973年首次参与“人与生物圈计划”以来,我国已建成全球实施“人与生物圈计划”最大规模的国家网络。
为充分利用“人与生物圈计划”这一国际交流平台,我国于1993年成立“中国生物圈保护区网络”。截至2025年8月,国内已有214个自然保护地(含34个世界生物圈保护区)被批准加入“中国生物圈保护区网络”,几乎涵盖了我国主要的生态系统类型和生物多样性保护区域。
中国科学院副院长何宏平表示,作为中国人与生物圈国家委员会的主席单位,中国科学院联合相关部门,依托“中国生物圈保护区网络”,在濒危物种保护研究、生态系统和物种的科学监测、新技术集成应用以及科技战略咨询等方面,为生物多样性保护与可持续发展提供了强有力的科技支撑。
据悉,2025年9月22日至25日,第五届世界生物圈保护区大会将在浙江杭州举办。大会以“塑造人与自然可持续的未来”为主题,系首次在亚洲举办,将有全球150多个国家和地区约4000名代表参会。(完)
图说:6月24日,人们在曲院风荷景区赏荷。