International Organizations
ဆာဘလန်ကာက ဒဏ်ရာပြဿနာကြောင့် China Open တင်းနစ်ပြိုင်ပွဲမှ နုတ်ထွက်

ပေကျင်း၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)
ကမ္ဘာ့အဆင့်-၁ တင်းနစ်မယ် အရီနာ ဆာဘလန်ကာမှာ ဒဏ်ရာပြဿနာကြောင့် China Open တင်းနစ်ပြိုင်ပွဲမှ နုတ်ထွက်သွားကြောင်း ပြိုင်ပွဲစီစဉ်သူများက စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းတွင် ကြေညာခဲ့သည်။“ပြီးခဲ့တဲ့ ယူအက်စ်အိုးပင်းပြိုင်ပွဲမှာ အသေးစားဒဏ်ရာ ရရှိခဲ့တဲ့အတွက် အခုနှစ် China Open ပြိုင်ပွဲကနေ နုတ်ထွက်လိုက်ရပြီဆိုတာကို စိတ်မကောင်းစွာနဲ့ ကြေညာချင်ပါတယ်။ ကျွန်မ လက်ကျန်ရာသီမှာ ရာနှုန်းပြည့် ကျန်းမာကြံ့ခိုင်မှုရှိအောင် အာရုံစိုက်ပြီးလုပ်သွားမှာပါ။ တရုတ်နိုင်ငံက ကျွန်မရဲ့ပရိသတ်တွေနဲ့ မကြာခင် ပြန်ဆုံနိုင်ဖို့ကို မစောင့်နိုင်တော့ပါဘူး။ လာမယ့်နှစ်မှာ ပေကျင်းကို ပြန်လာဖို့ ကျွန်မ မျှော်လင့်စောင့်စားနေပြီး ဒီပြိုင်ပွဲအတွက်လည်း ဆုတောင်းပေးပါတယ်” ဟု ဆာဘလန်ကာက ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ဆာဘလန်ကာမှာ ယခုရာသီ၌ ဩစတြေးလျအိုးပင်း၊ ပြင်သစ်အိုးပင်းနှင့် ယူအက်စ်အိုးပင်းပြိုင်ပွဲတို့တွင် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ၌ ဗိုလ်လုပွဲအဆင့်အထိ တက်လှမ်းနိုင်ခဲ့ကာ ယခုလအစောပိုင်းက ကျင်းပသည့် ယူအက်စ်အိုးပင်း ပြိုင်ပွဲတွင်လည်း ၎င်း၏ စတုတ္ထမြောက် ဂရင်းစလင်းဆုဖလားကို ဆွတ်ခူးနိုင်ခဲ့သည်။ ၂၀၂၅ ခုနှစ် China Open ပြိုင်ပွဲအား စက်တင်ဘာ ၂၄ ရက်မှ အောက်တိုဘာ ၅ ရက်အထိ ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။ (Xinhua)
………………………………………………………………………………………………………………………….
(English Version)
Sabalenka withdraws from China Open due to injury
BEIJING, Sept. 17 (Xinhua) — World No. 1 women’s tennis player Aryna Sabalenka has withdrawn from the China Open, tournament organizers announced Tuesday morning.
“Hi all – I am sad to announce my withdrawal from the China Open this year after sustaining a small injury after the US Open. I am going to focus on being 100% healthy for the rest of the year and I can’t wait to see my Chinese fans soon! I look forward to returning to Beijing next year and wish the tournament good luck,” Sabalenka said in a statement.
Sabalenka reached the women’s singles finals at the Australian Open, French Open and U.S. Open this season. She claimed her fourth Grand Slam title at the U.S. Open earlier this month.
The main draw of the 2025 China Open is scheduled to run from Sept. 24 to Oct. 5. ■
English Caption 1
Aryna Sabalenka of Belarus greets the spectators after winning the women’s singles final match against Amanda Anisimova of the United States at the 2025 US Open tennis championships in New York, the United States, Sept. 6, 2025. (Xinhua/Li Rui)
English Caption 2
Aryna Sabalenka of Belarus poses with the trophy during the awarding ceremony for the women’s singles event of the 2025 US Open tennis championships in New York, the United States, Sept. 6, 2025. (Xinhua/Li Rui)
English Caption 3
Aryna Sabalenka of Belarus reacts during the women’s singles semifinal match against Jessica Pegula of the United States at the 2025 US Open tennis championships in New York, the United States, Sept. 4, 2025. (Xinhua/Li Rui)