China
တရုတ်နိုင်ငံက နိုင်ငံအသီးသီးနှင့်အတူလက်တွဲ၍ အဆင့်မြင့်တံခါးဖွင့်လှစ်မှုဖြင့် အခွင့်အလမ်းများကို အတူတကွမျှဝေခံစားကာ ဖွံ့ဖြိုးတိုးတက်မှု အတူဖော်ဆောင်သွားမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

ပေကျင်း၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် နိုင်ငံအသီးသီးနှင့်လက်တွဲကာ တံခါးဖွင့်လှစ်မှုရှိသော ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို အတူလျှောက်လှမ်းမည်ဖြစ်ပြီး တံခါးဖွင့်လှစ်မှုရှိသော ကမ္ဘာ့စီးပွားရေး ဖွဲ့စည်းတည်ဆောက်ရေးကို အခိုင်အမာ မြှင့်တင်ဆောင်ရွက်ကာ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒ ပုံစံအားလုံးကို ဆန့်ကျင်တိုက်ဖျက်သွားမည်ဖြစ်ကြောင်း၊ အဆင့်မြင့်တံခါးဖွင့်လှစ်မှုဖြင့် အခွင့်အလမ်းများကို အတူတကွမျှဝေခံစားကာ ဖွံ့ဖြိုးတိုးတက်မှု အတူဖော်ဆောင်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်က စက်တင်ဘာ ၁၇ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
နောက်ဆုံးထုတ်ဝေသော The Economist မဂ္ဂဇင်း၏ ဆောင်းပါးတွင် ယခုနှစ်အတွင်း တရုတ်၏ ပြည်ပပို့ကုန် ကုန်သွယ်မှုများ စဉ်ဆက်မပြတ်တိုးတက်လျက်ရှိပြီး ပူးပေါင်းဆောင်ရွက်ရေးမိတ်ဖက်များ တစ်စထက်တစ်စအမျိုးစုံလင်လာကာ ကမ္ဘာလုံးဆိုင်ရာထုတ်လုပ်မှုနှင့်ထောက်ပံ့ရေးကွင်းဆက်တွင် ၎င်း၏နေရာက နေ့စဉ်နှင့်အမျှ ပိုမိုခိုင်မာလာကြောင်း၊ နိုင်ငံအသီးသီးက တရုတ်ကုန်ပစ္စည်းများကို ကြိုဆိုလျက်ရှိပြီး ကုန်သွယ်ရေးစစ်ပွဲနှင့် စည်းကြပ်ခွန်စစ်ပွဲတို့သည် တရုတ်အပေါ် သက်ရောက်မှုအများအပြားမရှိခဲ့ကြောင်း၊ ကုန်သွယ်ရေးလှုပ်ရှားမှုများအတွက် ‘အတားအဆီးလုပ်ခြင်း’သည် ယုံကြည်မှု၏လက္ခဏာဖြစ်နိုင်ခြေနည်းပြီး အမေရိကန်က ‘မြို့ရိုး’ တည်ဆောက်ခြင်းသည် ၎င်း၏ကိုယ်ပိုင်တက်ကြွမှုကို မုချ အားနည်းစေမည်ဟု ဖော်ပြထားကြောင်း၊ ယင်းအပေါ် ပြောရေးဆိုခွင့်ရှိသူအနေဖြင့် မည်သို့မှတ်ချက်ပြုလိုပါသနည်းဟု သတင်းထောက်တစ်ဦးက မေးမြန်းခဲ့ခြင်းဖြစ်သည်။
“ရှုပ်ထွေးပြီး အပြောင်းအလဲများတဲ့ ပြင်ပပတ်ဝန်းကျင်နဲ့ ရင်ဆိုင်နေချိန်မှာ တရုတ်နိုင်ငံ ပြည်ပကုန်သွယ်ရေး လည်ပတ်မှုက တည်ငြိမ်စွာ တိုးတက်လျက်ရှိပြီး ခံနိုင်ရည်အားကောင်းသလို တက်ကြွမှုလည်း အပြည့်အဝရှိတယ်” ဟု လျင်ကျန့်က ပြောကြားခဲ့သည်။ ယခုနှစ် ပထမ ၈လတွင် တရုတ်ကုန်ပစ္စည်းကုန်သွယ်ရေး သွင်းကုန်၊ ပို့ကုန် စုစုပေါင်းပမာဏမှာ ယခင်ကာလတူထက် ၃.၅ ရာခိုင်နှုန်း မြှင့်တက်လာကြောင်း၊ အာဆီယံနှင့် ဥရောပသမဂ္ဂသည် တရုတ်နိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ရေးမိတ်ဖက်ဖြစ်လာကာ တရုတ်နိုင်ငံ၏ “ရပ်ဝန်းနှင့် ပိုးလမ်းမ” အတူတကွ တည်ဆောက်ခြင်း နိုင်ငံများအပေါ် စုစုပေါင်းသွင်းကုန်၊ ပို့ကုန်မှာ ၅.၄ ရာခိုင်နှုန်း တိုးတက်လာကြောင်း ၎င်းက ပြောကြားခဲ့သည်။
“မြို့ရိုးတံတိုင်းတည်ဆောက်တာ အတားအဆီးပြုလုပ်တာက နောက်ဆုံးမှာ မိမိကိုယ်ကိုပင် လှောင်ပိတ်ရာရောက်ပြီး တံခါးဖွင့် လမ်းဖောက်ခြင်းကသာ အပြန်အလှန်အကျိုးဖြစ်ထွန်း၍ ဘုံအကျိုးစီးပွား ဖော်ဆောင်နိုင်မှာဖြစ်တယ်။ စည်းကြပ်ခွန်စစ်ပွဲနှင့် ကုန်သွယ်ရေးစစ်ပွဲတို့သည် တရုတ်နိုင်ငံ စက်မှုလုပ်ငန်း ရေရှည်စုဆောင်းထားတဲ့ နှိုင်းယှဉ်မှု အားသာချက်များကို မတုန်လှုပ်နိုင်ဘဲ၊ တရုတ်နိုင်ငံ အရည်အသွေးမြင့်ထုတ်ကုန်တွေ ကမ္ဘာတစ်ဝန်းမှာ ကျော်ကြားမှုကို မပြောင်းလဲနိုင်သလို ကမ္ဘာ့နိုင်ငံအသီးသီး၏ ကုန်သွယ်ရေးလွတ်လပ်မှုနှင့် အဆင်ပြေချောမွေ့ရေး ထောက်ခံအားပေးမှု အရှိန်အဟုန်ကိုလည်း မလှည့်ပြောင်းနိုင်တာကို ဖြစ်ရပ်မှန်က သက်သေထူခဲ့တယ်” ဟု လျင်ကျန့်က ပြောကြားခဲ့သည်။ (Xinhua)
………………………………
(Chinese Version)
外交部:中国将携手各国在高水平开放中共享机遇、共谋发展
新华社北京9月17日电(记者马卓言、曹嘉玥)外交部发言人林剑17日在例行记者会上说,中国将携手各国共走开放发展之路,坚定推动构建开放型世界经济,抵制一切形式的保护主义,在高水平开放中共享机遇、共谋发展。
有记者问:最新一期《经济学人》杂志刊文称,今年以来中国外贸出口持续加速,合作伙伴日渐多元,在全球产供链中的地位日趋稳固,各国欢迎中国商品,贸易战、关税战并未对中国产生过多影响;对于贸易活动,“堡垒”很少是信心的标志,美方修筑自己的“城墙”必将削弱自身活力。发言人对此有何评论?
“面对复杂多变的外部环境,中国外贸运行平稳增长,韧性更强、活力更足。”林剑说,今年前8个月,中国货物贸易进出口总值同比增长3.5%,东盟和欧盟成为中国前两大贸易伙伴,中国对共建“一带一路”国家合计进出口增长5.4%。
“筑墙设垒最终只会困住自己,开门通路才能实现互利共赢。事实证明,关税战、贸易战动摇不了中国制造业长期积累的比较优势,改变不了中国优质产品享誉全球的事实,扭转不了世界各国支持贸易自由化便利化的趋势。”林剑说。(完)