Connect with us

Europe

ဂြိုဟ်ပတ်လမ်းအတွင်း လည်ပတ်နေသောအာကာသစခန်းသစ်၏ ပထမဆုံးမော်ဂျူးကို ၂၀၂၈ ခုနှစ်တွင် ရုရှား လွှတ်တင်မည်

နိုင်ငံတကာအာကာသစခန်း၏ ဓာတ်ပုံ

မော်စကို၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံသည် ၎င်း၏ ဂြိုဟ်ပတ်လမ်းအတွင်း လည်ပတ်နေသောအာကာသစခန်းအသစ်၏ ပထမဆုံးမော်ဂျူးကို ၂၀၂၈ ခုနှစ်တွင် လွှတ်တင်ရန် မျှော်မှန်းထားကြောင်း ရုရှားနိုင်ငံပိုင် အာကာသကော်ပိုရေးရှင်း Roscosmos ၏ အကြီးအကဲ Dmitry Bakanov က စက်တင်ဘာ ၁၇ ရက်၌ ပြောကြားခဲ့သည်။
Bakanov က ရုရှားအာကာသစခန်းသစ်သည် လဆီသို့ စမှတ်နေရာအဖြစ် ဆောင်ရွက်မည်ဖြစ်ပြီး လပေါ်တွင် လူသားများ၏ အသက်ကို ထောက်ပံ့ပေးသည့် အခြေခံအဆောက်အအုံများ ထပ်မံဖြန့်ကြက်ထားရှိရန်အတွက် အထူးနည်းပညာများကို ၎င်းစခန်းသစ်၌ စမ်းသပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
၂၀၂၂ ခုနှစ်၌ Roscosmos က နိုင်ငံတကာအာကာသစခန်း (ISS) မှ ၂၀၂၄ ခုနှစ်နောက်ပိုင်းတွင် ထွက်ခွာမည့် အစီအစဉ်ကို ကြေညာခဲ့ပြီး ရုရှား၏ ကိုယ်ပိုင်အာကာသစခန်း တည်ဆောက်မှုကို စတင်ခဲ့သည်။ ၂၀၂၃ ခုနှစ်၌မူ ISS တွင် ၎င်း၏ ပါဝင်မှုကို ၂၀၂၈ ခုနှစ်အထိ သက်တမ်းတိုးကြောင်း ကြေညာခဲ့သည်။
Roscosmos ၏ထုတ်ပြန်ချက်အရ စုစုပေါင်း ရူဘယ် ၆၀၈.၉ ဘီလီယံ (အမေရိကန်ဒေါ်လာ ၇.၃ ဘီလီယံဝန်းကျင်) ကို ထိုကိုယ်ပိုင်အာကာသစခန်းစီမံကိန်းအတွက် ငွေကြေးထောက်ပံ့ရန် ခွင့်ပြုပေးထားကြောင်း သိရသည်။ (Xinhua)
………………….
(English Version)
Russia to launch first module of new orbital station in 2028
MOSCOW, Sept. 17 (Xinhua) — Russia is expected to launch the first module of its new orbital space station in 2028, Dmitry Bakanov, the head of Russia’s state space corporation Roscosmos, said Wednesday.
Bakanov said the new Russian space station would serve as a launch point to the Moon, noting that special technologies would be tested at the new station for further deployment of the infrastructure supporting human life on the Moon.
In 2022, Roscosmos announced plans to leave the International Space Station (ISS) after 2024 and begin building Russia’s own orbital service station. In 2023, it announced an extension of its ISS operation until 2028.
A total of 608.9 billion rubles (around 7.3 billion U.S. dollars) has been allocated to finance the project, according to Roscosmos. ■
English Caption
File photo of the International Space Station.