Myanmar မြန်မာနိုင်ငံ ကချင်ပြည်နယ်အတွင်း စိတ်ကြွရူးသွပ်ဆေးပြား ၂ သိန်းကျော် ဖမ်းဆီးရမိ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများအားတွေ့ရစဉ် (ဓာတ်ပုံ- CCDAC MYANMAR) ရန်ကုန်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ကချင်ပြည်နယ်အတွင်း စိတ်ကြွရူးသွပ်ဆေးပြား ၂ သိန်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း CCDAC Myanmar က ထုတ်ပြန်သော သတင်းအရ သိရသည်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာလ ၁၆ ရက်တွင် မိုးညှင်းမြို့နယ်အတွင်း မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် MITSUBISHI PAJERO အမျိုးအစား ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော စိတ်ကြွရူးသွပ်ဆေးပြား ၂၀၉,၉၅၀ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၃,၁၄၉.၂၅ သိန်း)၊ မြန်မာငွေကျပ် ၄ သိန်းနှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်လာသူ အမျိုးသားနှစ်ဦးအား မိုးညှင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။ (Xinhua) Related Topics:CCDACMyanmarကချင်ပြည်နယ်စိတ်ကြွရူးသွပ်ဆေးပြားမိုးညှင်း Up Next မြန်မာနိုင်ငံတွင် ကော်ဖီသီးနှံ ဧက ၁၀၀,၀၀၀ အထိ လျာထားကာ စိုက်ပျိုးလျက်ရှိ Don't Miss ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာရန် ပြည်တွင်း၊ ပြည်ပ လေ့လာသူများ ဖိတ်ခေါ် Continue Reading You may like မြန်မာနိုင်ငံ ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတွင် ငွေကျပ် ၁ ဒသမ ၁ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီးတွင် ငွေကျပ် ၁၄ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ မြန်မာနိုင်ငံ တာချီလိတ်မြို့နယ်တွင် အိုက်စ် (မက်သ်အဖက်တမင်း) ၂၀၇ ကီလိုဂရမ် ဖမ်းဆီးရမိ Click to comment Leave a Reply Cancel replyYour email address will not be published. Required fields are marked *Comment * Name * Email * Website Save my name, email, and website in this browser for the next time I comment. Δ This site uses Akismet to reduce spam. Learn how your comment data is processed.