Myanmar မြန်မာနိုင်ငံ ကချင်ပြည်နယ်အတွင်း စိတ်ကြွရူးသွပ်ဆေးပြား ၂ သိန်းကျော် ဖမ်းဆီးရမိ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများအားတွေ့ရစဉ် (ဓာတ်ပုံ- CCDAC MYANMAR) ရန်ကုန်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ကချင်ပြည်နယ်အတွင်း စိတ်ကြွရူးသွပ်ဆေးပြား ၂ သိန်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း CCDAC Myanmar က ထုတ်ပြန်သော သတင်းအရ သိရသည်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာလ ၁၆ ရက်တွင် မိုးညှင်းမြို့နယ်အတွင်း မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် MITSUBISHI PAJERO အမျိုးအစား ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော စိတ်ကြွရူးသွပ်ဆေးပြား ၂၀၉,၉၅၀ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၃,၁၄၉.၂၅ သိန်း)၊ မြန်မာငွေကျပ် ၄ သိန်းနှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်လာသူ အမျိုးသားနှစ်ဦးအား မိုးညှင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။ (Xinhua) Related Topics:CCDACMyanmarကချင်ပြည်နယ်စိတ်ကြွရူးသွပ်ဆေးပြားမိုးညှင်း Up Next မြန်မာနိုင်ငံတွင် ကော်ဖီသီးနှံ ဧက ၁၀၀,၀၀၀ အထိ လျာထားကာ စိုက်ပျိုးလျက်ရှိ Don't Miss ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာရန် ပြည်တွင်း၊ ပြည်ပ လေ့လာသူများ ဖိတ်ခေါ် Continue Reading You may like မြန်မာနိုင်ငံ တောင်ပိုင်းတွင် စိတ်ကြွရူးသွပ်ဆေးပြား ၁၉၆,၀၀၀ ပြားအားဖမ်းဆီးရမိ မြန်မာနိုင်ငံ အရှေ့ပိုင်းတွင် အိုက်စ်(မက်သ်အဖက်တမင်း) ၁ တန်ကျော် ဖမ်းဆီးရမိ မြန်မာနိုင်ငံ ပုသိမ်ကြီးမြို့နယ်တွင် ဘိန်းဖြူ ၅၅ ကီလိုဂရမ်နှင့် စိတ်ကြွဆေးပြား ၅ သန်းကျော် ဖမ်းဆီးရမိ Click to comment Leave a Reply Cancel replyYour email address will not be published. Required fields are marked *Comment * Name * Email * Website Save my name, email, and website in this browser for the next time I comment. Δ This site uses Akismet to reduce spam. Learn how your comment data is processed.