Connect with us

Africa & Middle East

လက်ဘနွန် တောင်ပိုင်းရှိ ဟစ်ဇ်ဘိုလာပစ်မှတ်များအား အစ္စရေး တိုက်ခိုက်

လက်ဘနွန်နိုင်ငံ တောင်ပိုင်း နက်ဘာတီမြို့အနီး ကီဖာ တက်ဘ်နစ်မြို့လယ်ရှိ နေအိမ်တစ်လုံးအား အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှု ထိမှန်ခဲ့ပုံကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘေရွတ်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)
မေစ် အယ်လ်ဂျာဘာ၊ ဒစ်ဘင်နှင့် ကီဖာ တက်ဘ်နစ် စသည့် ဒေသများကို ပစ်မှတ်ထားလျက် အစ္စရေးစစ်တပ်က လက်ဘနွန်နိုင်ငံ တောင်ပိုင်းအား စက်တင်ဘာ ၁၈ ရက် ညနေခင်းက လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်ဟု လက်ဘနွန်သတင်းဌာန National News Agency (NNA) ၏ ဖော်ပြချက်အရ သိရသည်။
ဒေသတွင်း၌ ပြန်လည်စုဖွဲ့လှုပ်ရှားရန် ဟစ်ဇ်ဘိုလာအဖွဲ့၏ ကြိုးပမ်းမှုများကို တုံ့ပြန်သည့်အနေဖြင့် ယင်းတို့၏ အဆောက်အအုံများကို တိုက်ခိုက်သွားမည်ဟု အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ အဗီချေး အက်ဒရာအီက X ဆိုရှယ်မီဒီယာမှ သတိပေးခဲ့ပြီးနောက် ယခုတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
လက်ဘနွန်စစ်တပ်က အစ္စရေး၏ တိုက်ခိုက်မှုများကို ရှုတ်ချခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့ပြီးနောက်ပိုင်း အစ္စရေးက ထိုသဘောတူညီချက်အား ချိုးဖောက်ခဲ့သည့် အကြိမ်ရေ ၄,၅၀၀ ကျော် ရှိခဲ့သည်ဟု ပြောကြားခဲ့သည်။ ယင်းတိုက်ခိုက်မှုများမှာ အရပ်သားများကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်သဖြင့် နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ရသလို လီတာနီမြစ် တောင်ပိုင်းတွင် လက်ဘနွန် တပ်ဖွဲ့ဝင်များအား ဖြန့်ကြက်ချထားမှုကိုလည်း အဟန့်အတားဖြစ်စေခဲ့သည်ဟု လက်ဘနွန်စစ်တပ်က ဆိုသည်။
လက်ဘနွန် ဝန်ကြီးချုပ် နဝပ်ဇ် ဆလမ်ကလည်း အစ္စရေး၏ လုပ်ရပ်များကို ဝေဖန်ပြစ်တင်ခဲ့ကာ အပစ်အခတ်ရပ်စဲမှုနှင့် ဆုံးဖြတ်ချက်အမှတ်- ၁၇၀၁ အား လိုက်နာမည်ဟူသော အစ္စရေး၏ ကတိကဝတ်ကိုလည်း မေးခွန်းထုတ်ခဲ့သည်။ အထူးသဖြင့် အပစ်အခတ်ရပ်စဲမှုရရှိရန် ပံ့ပိုးကူညီခဲ့သည့်နိုင်ငံများ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ကျူးကျော်ရန်စမှုများကို ရပ်တန့်ရေး၊ သိမ်းပိုက်ခံနယ်မြေများမှ တပ်များပြန်လည်ရုပ်သိမ်းရေး၊ ဖမ်းဆီးထိန်းသိမ်းထားသူများကို ပြန်လွှတ်ပေးရေးအတွက် အစ္စရေးအား ဝိုင်းဝန်းဖိအားပေးရန် တိုက်တွန်းခဲ့သည်။
အမေရိကန်နှင့် ပြင်သစ်တို့၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် အစ္စရေးနှင့် ဟစ်ဇ်ဘိုလာတို့အကြား ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၇ ရက်မှစတင်၍ အပစ်အခတ်ရပ်စဲမှု အသက်ဝင်လာခဲ့ခြင်းဖြစ်ကာ ဂါဇာစစ်ပွဲအတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကို ရပ်တန့်နိုင်ခဲ့သည်။
သို့သော်လည်း အစ္စရေးစစ်တပ်က ဟစ်ဇ်ဘိုလာအဖွဲ့၏ ခြိမ်းခြောက်မှုများကို ပစ်မှတ်ထားခြင်း ဖြစ်သည်ဟုဆိုကာ လက်ဘနွန်ပိုင်နက်ထဲတွင် တိုက်ခိုက်မှုများကို ရံဖန်ရံခါလုပ်ဆောင်ခဲ့သလို လက်ဘနွန်နယ်စပ်ရှိ အဓိကဝင်ပေါက်နေရာ ငါးခုတွင်လည်း ၎င်းတို့၏ တပ်ဖွဲ့ဝင်များကို ဆက်လက်ထားရှိဆဲဖြစ်ကြောင်း သိရသည်။ (Xinhua)


…………………..
(English Version)
Israel strikes Hezbollah targets in S. Lebanon
BEIRUT, Sept. 18 (Xinhua) — The Israeli army carried out several airstrikes Thursday evening across southern Lebanon, targeting villages including Mays el Jabal, Dibbine, and Kfar Tebnit, the National News Agency (NNA) reported.
The strikes came after Israeli army spokesperson Avichay Adraee warned on X of attacks on Hezbollah infrastructure in response to its alleged attempts to rebuild activities in the region.
The Lebanese army condemned the attacks, noting that Israeli violations have exceeded 4,500 since the 2024 ceasefire agreement. It said the strikes targeted civilians, destroyed homes, and hindered Lebanese forces’ deployment south of the Litani River.
Lebanese Prime Minister Nawaf Salam criticized Israel’s actions, questioning its commitment to Resolution 1701 and the ceasefire. He called on the international community, particularly sponsors of the ceasefire, to pressure Israel to halt aggressions, withdraw from occupied territories, and release detainees.
A U.S.- and French-brokered ceasefire has been in place between Hezbollah and Israel since Nov. 27, 2024, halting clashes that erupted during the Gaza war.
Despite the agreement, the Israeli army occasionally carries out strikes in Lebanon, claiming they target Hezbollah “threats,” while maintaining its forces at five main points in the Lebanese border region. ■
English Caption
Photo taken on Sept. 18, 2025, shows an Israeli airstrike hitting a house in the center of Kfar Tebnit, near Nabatieh in southern Lebanon. (Photo by Ali Hashisho/Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.