Videos
ဝါးလက်မှုပညာသည် မြန်မာလူငယ်များကို ဒစ်ဂျစ်တယ်ခေတ်တွင် စိတ်ကူးစိတ်သန်းများ ရရှိစေ
ရန်ကုန်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)
ပြည်တွင်းနှင့် နိုင်ငံတကာမှ ဖောက်သည်များသည် ဝါးထုတ်ကုန်ပစ္စည်းများကို ၎င်းတို့၏ ရေရှည်တည်တံ့နိုင်မှုနှင့် ဈေးနှုန်းချိုသာမှုတို့ကို နှစ်သက်သဘောကျလာကြပြီး စိတ်ဝင်စားမှုတိုးများလာသည်ဟု ဝါးလက်မှုလုပ်ငန်း လုပ်ကိုင်သူများက သုံးသပ်ကြသည်။ ဝါးလုပ်ငန်း စီးပွားရေးဟာ ပတ်ဝန်းကျင်၊ ၀င်ငွေနှင့် အသက်မွေးဝမ်းကျောင်းအတွက်ပါ အကျိုးရှိကြောင်း ဝါးလုပ်ကိုင်သူတွေက ဆိုကြသည်။
“ဈေးကွက်ရရှိနိုင်မယ့် ထုတ်ကုန်တွေကို လုပ်နိုင်မယ်ဆိုရင် ဈေးကွက်ရနိုင်ပါတယ်။ ဒီလက်မှုပညာကို သင်ယူဖို့ လူငယ်တွေ ပိုပြီးစိတ်ဝင်စားလာကြတယ်” ဟု ကျွမ်းကျင်သူများက သုံးသပ်ကြသည်။ ဝါးထုတ်ကုန်ပစ္စည်းများသည် ပလပ်စတစ်နှင့် နှိုင်းယှဉ်ပါက ပတ်ဝန်းကျင်အတွက် ပိုမိုကောင်းမွန်ကြောင်း၊ ဈေးနှုန်းကွာခြားချက်ကလည်း ကျဉ်းမြောင်းကြောင်း၊ အနာဂတ်တွင် ဝါးလက်မှုအစ္စည်းများအား ရွေးချယ်ကြမည်ဟု မျှော်လင့်ထားကြသည်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ အဆိုအရ မြန်မာနိုင်ငံတွင် သဘာဝ သစ်တောများမှ နှစ်စဉ် ဝါးလုံး ၃၁၈ သန်း ထုတ်ယူနိုင်သည်ဟု ဆိုသည်။ မြန်မာနိုင်ငံတွင် ဝါးမျိုးစိတ် ၁၀၂ မျိုးရှိပြီး ယင်းတို့အနက် ၁၈ မျိုးမှာ စီးပွားဖြစ် အဖိုးတန်သည်ဟု အပြည်ပြည်ဆိုင်ရာ ဝါးနှင့် ကြိမ်အဖွဲ့က သတင်းထုတ်ပြန်ထားသည်။ (Xinhua)